အပြာရောင်ကောင်းကင်၌ အဖြူရောင်ကမ်းခြေ ၊ နွေရာသီကို စိတ်တိုင်းကျ ပျော်ရွှင်နိုင်ရန် အတွက် ZEKKEI ပြင်ဆင်ရေးဌာန၏ တိုက်တွန်းအကြံပြု ကမ်းခြေအဆင့်များ

အပြာရောင်ကောင်းကင်၌ အဖြူရောင်ကမ်းခြေ ၊ နွေရာသီကို စိတ်တိုင်းကျ ပျော်ရွှင်နိုင်ရန် အတွက် ZEKKEI ပြင်ဆင်ရေးဌာန၏ တိုက်တွန်းအကြံပြု ကမ်းခြေအဆင့်များ
မိုးရာသီကုန်ဆုံးသည့်အချိန်ရောက်သည်နှင့်အမျှ ဒေသတိုင်းတွင်ကျင်းပသည်မှာ ပင်လယ်ဖွင့်ခြင်း ပင်ဖြစ်သည်။
ဤသတင်းကို ကြားသိလိုက်ရသည်နှင့် မိတ်ဆွေသူငယ်ချင်း၊ ချစ်သူ၊ မိသားစုများနှင့်အတူ သွားချင်လာသည်မှာ ပင်လယ်ကမ်းခြေနှင့် ကမ်းစပ်တစ်လျှောက်ပင်ဖြစ်သည်။

သူငယ်ချင်းနှင့် ပျော်ရွှင်နိုင်သော နေ့ရောညပါ တက်ကြွမှုများပြည့်နက်နေသော ကမ်းခြေမှ ချစ်သူသို့မဟုတ် မိမိဘဝတစ်သက်တာ လက်တွဲဖော်နှင့်နှစ်ဦးသား ရိုမန်းတစ်ဆန်သော အငွေ့အသက်နှင့် ပြည့်လျှံနေသော ကမ်းခြေထိတိုင်အောင် ပြင်ဆင်ရေးဌာနမှာ ပျမ်းမျှ အသက် ၂၀ မှ အသက် ၃၀ အားဦးတည် ကမ်းခြေကို အဆင့်ခွဲပုံစံနှင့် မိတ်ဆက်ပေးချင်ပါသည်။

နံပါတ် (၁)

  ကွန်ဒိုအိ ကမ်းခြေ (အိုခိနာဝါ)

沖縄 コンドイ浜 ビーチ
အိုခိနာဝါခရိုင် တာခဲတိုမိကျွန်း၌ ရှိသော ကမ်းခြေဖြစ်ပါသည်။
ကြီးမားမှုမှာ သေချာ သာယာကြည်လင်နှုန်းမှာ မြင့်မား၍ နက်ရှိုင်းမှုမတူညီသော အပြာရောင်နှင့် မြစိမ်းရောင်သည် ထက်ခါထက်ခါဆင့်နေသော အလှတရားရှိသည့် ပင်လယ်ပြင်။
沖縄 コンドイ浜 ビーチ
ပင်လယ်ရေလှိုင်း သိပ်မရှိဘဲ ကမ်းခြေ၏ ရှေ့မျက်နှာစာတွင် ကျွန်းကိုလည်း ရှုစားနိုင်ပြီး ပင်လယ်ရေကစားနိုင်သော အကောင်းဆုံး အချက်အချာနေရာပင်ဖြစ်သည်။
အငူဘက်ခြမ်းအထိ တိမ်သော ဒီရေတက်ချိန်တွင် တော်ရုံ ရေကူး၍မရနိုင်သော်လည်း လှပသောရှုမျှော်ခင်းအား ငေးမျောရင်း ငယ်ရွယ်သော ကလေးပင်ဖြစ်စေကာမူ အန္တရာယ်ကင်းစွာ ကမ်းခြေ၌ ပျော်ရွင်စွာ ဆော့ကစားနိုင်ပါသည်။ တစ်ဖန် ကမ်းခြေ၏ အနောက်ဘက်၌ တည်ရှိနေသည့်အတွက် ညနေစောင်းတွင် ပင်လယ်ထဲသို့ နေမင်းကြီးဝင်သွားသည့် ဆန်းကြယ်သောမြင်ကွင်းအားလည်း ကြည့်ရှု၍ရသည်။
နေ့လည်ပိုင်းတွင် များပြားလှသောလူများနှင့် စည်ကားပြီး ညနေပိုင်းတွင် စုံတွဲများ ချိန်းတွေ့နိုင်သော နေရာဆီသို့ ပြောင်းလဲနိုင်သော ကွန်ဒိုအိကမ်းခြေ။ နေ့လည် နှင့် ညနေပိုင်းဟူ၍ မတူညီသော ဆွဲဆောင်မှုနှစ်ခု ပုန်းကွယ်နေသည်က ဤကမ်းခြေ၏ ဆွဲဆောင်မှုပင်ဖြစ်သည်။

နံပါတ် (၂)

  ယိုနဟမအဲဟမကမ်းခြေ (အိုခိနာဝါခရိုင်)

沖縄 ビーチ 与那覇前浜ビーチ
ဖြူဖွေးလှသော သဲသောင်ပြင်သည် မည်သည့်နေရာမဆိုဆက်စပ်သွားသော ထိုအလှမှ (အရှေ့၏အဖြူရောင်သဲသောင်ပြင်) ဟူ၍ခေါ်သော ယိုနဟမအဲဟမကမ်းခြေ (ဝါ) မအိပါမကမ်းခြေ
沖縄 ビーチ 与那覇前浜ビーチ
သဲသောင်ပြင်၏ အလှမှာ သေချာပေါက် အနီးအနားတွင် ခင်းထားသော ခုရိမတံတားသည် အပြာရောင်ပင်လယ်ပြင်ထဲတွင် တစ်ဖြောင့်တည်း ရှည်တန်းသွားသော မြင်ကွင်းအား တွေ့မြင်နိုင်သည်လည်းပဲ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။
ရှည်လျားစွာ သွယ်တန်းနေသော ကမ်းခြေ၏ အနီးတွင် အပန်းဖြေရန် နေရာများလည်းရှိပြီး သွားလာရန်လွယ်ကူသဖြင့် အပန်းဖြေဧည့်သည်များနှင့် စည်ကား

နံပါတ် (၃)

  ယုရိဂကမ်းခြေ (ခဂေါရှိမခရိုင်)

ဤယုရိဂကမ်းခြေသည် အနည်းငယ်ထူးခြားသော နယ်ပယ်ပင်ဖြစ်သည်။
ဒီရေအတက်အကျနှင့် လေတိုက်ခတ်မှု၏ လွှမ်းမိုးမှုဖြင့် ထွက်ပေါ်လာသော နေရာနှင့် သဲသောင်ပြင်၏ အသွင်ဒီဇိုင်းမှာ ပြောင်းလဲသွားသော ဆန်းကြယ်ကမ်းခြေပင်ဖြစ်သည်။
ဤကမ်းခြေ၏ သဲပွင့်များ၏ပုံသဏ္ဍာန်မှာ ချစ်စဖွယ်ကောင်းသော ကြယ်ပွင့်သဏ္ဍာန်ရှိပြီး သဲကြယ်ပွင့် ဟုခေါ်ဝေါ်သည်
။ မိမိ၏ အသက် ဤသဲကြယ်ပွင့်အား ယူဆောင်၍ပြန်ပါက ကံကောင်းခြင်းများ ရောက်ရှိလာမည်ဟု ဆိုကြ
သည်။ မိမိတန်ဖိုးထားရသောလူနှင့် လာရောက်လည်ပတ်ပြီး ယူဆောင်၍ပြန်ပါက ရောက်ရှိလာမည့် ကံကောင်းခြင်းများကို အတူတကွ ခံစားရမည်ဟုလည်းဆိုကြသည်။
ဤကဲ့သို့ ထူးခြားရှားပါးသော ကမ်းခြေနှင့် တွေ့ဆုံရသည်မှာ သဘာဝတရား၏ အသွားအလာနှင့်ဆိုင်သည်။ ကမ်းခြေသို့ရောက်ရှိရန် လမ်းခရီးမှာ အနည်းငယ် ခက်ခဲမှုကြီးမားသော်လည်း နွေရာသီလှိုင်းကြီးချိန်တွင် နှိုင်းယှဉ်ပြီး သေသေချာချာမြင်တွေ့နိုင်သောကြောင့် တိုက်တွန်းချင်ပါသည်။

နံပါတ် (၄)

 ယုအိဂကမ်းခြေ (ခနဂဝခရိုင်)

မြို့ တွင်းအနီးအနားတွင် ပင်လယ်ရေများကို ခံစားရင်း တိုက်တွန်းချင်သည်မှာ ဒီ ကမ်းနား။ အထူးသဖြင့် ထိုကမ်းနားသည် အလွန်များပြားသောလူများက လာရောက်လည်ပတ်သည့်အတွက် သူငယ်ချင်းများနှင့် နွေရာသီကို စိတ်ကြိုက် ကုန်ဆုံးခံစားချင်သူများအတွက် အလွန်ကောင်းမွန်ပါသည်။
ပင်လယ်အိမ်များကလည်း များစွာတန်းစီရှိနေပြီး ဆော့ကစားထားသောခြေရာလက်ရာများ၊ နေ့ လည်စာများကို တန်းစီရှိနေသော ပင်လယ်အိမ်များတွင် နားနေရင်းစားသောက်နိုင်ပါသည်။
ပြောစရာမလိုအောင်ကို ပင်လယ်၏ ထွင်းဖောက်မြင်နိုင်သော အိုခီနာဝနှုင့် နှိုင်းယှဉ်ကြည့်ပါက ယှဉ်စရာမရှိသော်လည်း မြို့ ထဲမှ သွားလာဆက်သွယ်ရေးကောင်းမွန်မှု ထို့နောက် စည်ကားမှုများကိုကြည့်ပါက အဆင့် တစ်ဟုခေါ်ဆိုရလောက်ပါသည်။

နံပါတ် ၅

 ဟ တဲနော့ဟမ (အိုခီနာဝခရိုင်)

ကယူးဘဲအိကျွန်းအရှေ့ ဘက်တွင်ရှိသော ဟတဲနော့ဟမသည် သဲကမ်းခြေဖြ လူမနေသောကျွန်း
တစ်ဝိုက်တွင်ဝန်းရံထားသော နက်ပြာရောင်ပင်လယ်ကို အဆုံးမရှိတွေ့ နိုင်ပါသည်။
သင်္ဘောဖြင့် မသွားနိုင်သည့်အတွက် သွားလာရေးအနည်းငယ်ခက်သော်လည်း ဒီအလွန်လှပသောရှု့ ခင်းများထဲတွင်ရှိနေပါက မည်သူနဲ့မှမလဲချင်သော စိတ်မျိုးဖြစ်လာပါလိမ့်မည်။
အနည်းငယ် လူကြီးဆန်သောခရီး စိတ်လှုပ်ရှားစရာကောင်းသောခရီးဖြစ်ပါသည်။


ဆက်သွယ်ရေး၊လှပမှု၊ စည်ကားမှု စသော စုပေါင်းပြီးကြည့်လိုက်ပါက အဆင့်သတ်မှတ်မှု ၅ခုထဲတွင်ပါဝင်သော ကမ်းခြေဟု ဆိုပါက မည်သို့ ထင်ပါမည်နည်း။ ဒီနှစ်နွေရာသီပိတ်ရက်တွင် သွားရောက်လည်ပတ်ရန်စီစဉ်ကြည့်ပါ


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၁၂~၁လပိုင်းအတွင်းအကြံပြုချက်