နေမင်းကြီးကို မျက်နှာမူပြီး ပြုံးလိုက်ပါ! နွေရာသီရဲ့ ရာသီပေါ် နေကြာပင် ရဲ့ ရှုခင်းအလှ
သြဂုတ်လဝင်လာရင် အရမ်းပူတဲ့အပူချိန်မှာ အခန်းကထွက်ဖို့ တုံ့ ဆိုင်းနေလောက်အောင်ဖြစ်တာက ဂျပန်နိုင်ငံရဲ့ နွေရာသီပါ။ အလျှံညီးညီးနဲ့ အသားကို လောင်ကျွမ်းနေတဲ့ ပြင်းထန်တဲ့နေရောင်မှာ လက်လျှော့ထားလိုက်ရပါတယ်။
ဒါပေမယ့် နွေရာသီက သယ်ဆောင်လာတာ အပူချိန်တင်မကပါဘူး။
နေရောင်ခြည်တောက်ပတဲ့အချိန်က ကြာရှည်မှသာလျှင် လှလှပပ ပွင့်တဲ့ နေကြာပန်းတွေလည်း နွေရာသီက လက်ဆောင်ပေးတဲ့အရာတွေထဲက တစ်ခုဖြစ်တယ်။
အဆင့် ၅
 အာခဲနို နေကြာပန်းစိုက်ခင်း ( ယာမာနာရှီခရိုင် )
နေကြာပင် ၆သိန်းလောက်က နေမင်းကို မျက်နှာမူပြီး ပွင့်နေတဲ့ ပုံသဏ္ဍာန်က ပိုင်ပိုင်နိုင်နိုင်ရှိတာက အာခဲနို ရဲ့ ထူးခြားမှုပါ။
ကြည့်ချိန်က နှစ်စဉ် ဇူလိုင်လကုန်မှ သြဂုတ်လကုန်ထိ ဖြစ်ပါတယ်။
အာခဲနိုမှာ နေကြာပန်းပွင့်ချိန်နှင့် ချိန်ညှိပြီး ဟိုခုတိုမြို့ အာခဲနိုနေကြာပန်းပွဲတော် လည်း ကျင်းပကြပါတယ်။ ကျင်းပနေချိန်အတွင်း နေကြာပန်းရှုစားရုံတင်မကပါဘူး နေကြာပန်းဖျော်ရည် နဲ့ နေကြာပန်းဓါတ်ပုံပြိုင်ပွဲတွေလည်း ပျော်ရွှင်ခံစားကြပါတယ်။
အဆင့် ၎
 ဘီဘအုရှိမူလတန်းကျောင်းတာဝါ ( ဟိုကိုင်းဒိုး )
ဒီနေရာမှာက ချစ်စရာခေါင်မိုး ချွန်ချွန်လေးတပ်ဆင်ထားတဲ့မူလတန်းကျောင်းလေးက နေကြာပန်းခင်းရဲ့ မျက်နှာချင်းဆိုင်မှ ရုတ်တရက် မျက်နှာလှည့်ထားတဲ့ ထူးခြားတဲ့မြင်ကွင်းကို မြင်တွေ့ နိုင်ပါတယ်။
ဥရောပလိုမျိုး ဒီမြင်ကွင်းထဲမှာ နေ့ စဉ်နေ့ တိုင်း မူလတန်းကျောင်းကို သွားနေတဲ့ ဘဝလေးက ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်လို့ တွေချင်စိတ်တွေ ဖြစ်လာပါတယ်။
အဆင့် ၃
 စွတ်နန်ြးိမို့  ( နီအိဂါတခရိုင် )
ရှုခင်းကြည့်တဲ့နေရာက မြင်ရတဲ့ စွတ်နန်းမြို့ ရဲ့  နေကြာပန်းတွေက အဝါရောင်ကော်ဇောကြီးခင်းထားသလို မြေပြင်ကြီးတစ်ခုလုံး အပြည့်ပွင့်နေပါတယ်။ ဒါ့ပြင် နေကြာပန်းခင်းကြီးက မျက်စိလည်လောက်အောင်ဖြစ်ပြီး ဖျော်ဖြေစရာအနေနဲ့ လည်း ပျော်ရွှင်ခံစားနိုင်ပါတယ်။ နေကြာပန်းခင်းပြင်ကျယ်ကြီးမှာ ဈေးဆိုင်တွေလည်း တန်းစီနေတာကြောင့် ရှုခင်းရော လည်ပတ်ဖို့ ရော စားသောက်ဖို့ ရော သုံးခုလုံးလုပ်နိုင်တဲ့  ကောင်းလှတဲ့ နေကြာပန်းခင်းကြီးက ပြီးပြည့်စုံနေပါတယ်။
အဆင့် ၂
 ဖူရနို ( ဟိုကိုင်းဒိုး )
ဇူလိုင်လမှာ လာဗန်ဒါနဲ့  နာမည်ကြီးတဲ့ ဖူရနို။ တကယ်တော့ နေကြာပန်းကြည့်နိုင်တဲ့ သြဂုတ်လလည်း အရမ်းကို လှပတဲ့ရာသီပါ။ ဟိုကိုင်းဒိုးမှာက မြေသြဇာအနေနဲ့ နေကြာပန်းကို စိုက်ပျိုးကြတာလား။ ကြည့်ရှုခံစားရုံမဟုတ်တဲ့အတွက် နှစ်တိုင်း သတ်မှတ်ထားတဲ့နေရာမှာဘဲ ပွင့်ကြတာမဟုတ်ဘဲ ကျယ်ပြန့် တဲ့နေရာမှာ ကျယ်ပြန့် လာတဲ့ နေကြာပန်းခင်းတွေက ရှာကြည့်မယ်ဆိုရင် မြင်ရတဲ့တန်ဖိုးတွေ ရှိပါတယ်။ ပြီးတော့ ကံစီမံရာအတိုင်းလို့  မတွေးနိုင်တဲ့အခါ နေမင်းကြီးကို မျက်နှာမူပြီး ပွင့်တဲ့နေကြာပန်းလို ရင်ဆိုင်လိုက်တဲ့အရာတွေရောဘဲ။ တကယ့်ကို တစ်မြို့လုံးမှာ တစ်ခုတည်းသော ကြီးမားတဲ့နေကြာပန်းခင်း ဖြစ်လာသလိုပါပဲ။
အဆင့် ၁
 ဟိုခုလူးမြို့( ဟိုကိုင်းဒိုး )
ဟိုခုလူးမြို့ ရဲ့ ဟိမဝါရိနိုစတိုမှာ ပွင့်တဲ့နေကြာပန်းအရေအတွက်က အပင် သိန်း ၁၅၀။ ခရီးသွားဧည့်သည်တွေကို ပွင့်ဖတ်တစ်ခုစီတိုင်းက ဆွဲဆောင်နေသလိုမျိုး တောင်စောင်းလိုမျိုး အရှေ့ ဘက်ကိုဦးတည်ပြီး ပွင့်စေပါတယ်။ ကြည့်ဖို့ အချိန်က ယခုချိန် သြဂုတ်လအစဖြစ်တယ်။ နေကြာပန်းပွင့်ချိန်က နေ့ တိုင်းလိုလို ပွဲတွေကျင်းပပြီး မီးပန်းပွဲတော်နဲ့ အိုဘုန်းပွဲတော်လည်း ကျင်းပတယ်။
တကြိမ်တည်းလို့ မပြောပါဘူး နွေရာသီတစ်ချိန်တည်းမှာဘဲ အကြိမ်ကြိမ်လာလည်း ပျော်စရာကောင်းတာက ဟိုးခုလူးမြို့ုဖြစ်ပါတယ်။
သြဂုတ်လမှာ ကွက်တိ ကြည့်ဖို့ ကြိုဆိုနေမယ့်နေကြာပန်း။ အချိန်တိုင်း နေမင်းနဲ့ ဥပမာပေးထားတဲ့ အလင်းရောင် နဲ့ ခွန်အားက ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တွေကို ကျန်းမာစေပါတယ်။
သို့ သော် ကြည့်ရှုခံစားဖို့ အကောင်းဆုံးအချိန်က ကောင်းကောင်းနေသာတဲ့ နွေ နေ့ ရက်။ အပူချိန်များတာကြောင့် ရေဓါတ် ဆားဓါတ် ကုန်ဆုံးမှုလည်း သေချာဂရုစိုက်ပါ။ အပူငုပ်တာတွေ ဂရုစိုက်ပြီး နွေရာသီကို ပျော်ရွှင်ခံစားကြရအောင်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်ဆောင်းပါးများစာရင်း
ဒီလအတွင်းလူကြိုက်များဒေသများ
၁~၂လပိုင်းအတွင်းအကြံပြုချက်