( မသိသူ မရှိတဲ့ လှပတဲ့ ကမ်းခြေ ) ZEKKEI Japan တည်းဖြတ်အဖွဲ့ က ကြည်လင်သန့် စင်လွန်းတဲ့ ကမ်းခြေ ၇ ခုကို တင်ပြလိုက်ပါတယ်။

( မသိသူ မရှိတဲ့ လှပတဲ့ ကမ်းခြေ ) ZEKKEI Japan တည်းဖြတ်အဖွဲ့ က ကြည်လင်သန့် စင်လွန်းတဲ့ ကမ်းခြေ ၇ ခုကို တင်ပြလိုက်ပါတယ်။
အရင်က ( ဂျပန်က ကမ်းခြေတွေက ဘာဖြစ်ဖြစ် ပြည့်ကျပ်နေကြတယ် မဟုတ်လား ( အာတာမိဝန်းကျင်ကို ပုံဖော်ထားပါတယ် ) ။ ပင်လယ်ကလည်း အဲလောက်မလှဘူး မဟုတ်လား ( ရှောနန်းဝန်းကျင်ကို ပုံဖော်ထားပါတယ် ) ။ သေချာတာက နိုင်ငံခြားဘဲ သွားကြတယ် မဟုတ်လား ) လို့  အထင်သေးခဲ့တဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။
အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဂျပန်မှာလည်း ထူးခြားဆန်းပြားပြီး ရှုခင်းလှတဲ့ ကမ်းခြေတွေ များစွာရှိပါတယ်။
ဒီတခါ မသိသူမရှိတဲ့ လှပတဲ့ ကမ်းခြေ ၇ ခုကို ပြောပြပါမယ်။

၁ ။ တခြားနာမည် ( အီဇုနိုဆဲဘုကျွန်း ) ဟိရိဇိုးကမ်းခြေ ( ရှိဇုအိုခခရိုင် )

ヒリゾ浜
တိုကျိုမှ နီးတဲ့ အီဇုဟန်းကျွန်းမှာ ရှိပြီး လှေနဲ့ ကလွဲရင် သွားလို့ မရပါဘူး။ ပြီးတော့ အနီးနားမှာ မြစ်မရှိတဲ့ အီဇုအပိုင်းမှာ အလှဆုံးကမ်းခြေဖြစ်တယ်။
ヒリゾ浜
ဂျပန်မှာ မဟုတ်ဘူးလို့ ထင်ရလောက်အောင် အရမ်းလှတယ် !
အရမ်းကို ကြည်လင်သန့် စင်ပြီး ပင်လယ်ကြမ်းပြင်က ကျောက်တုံးလေးတွေထိ မြင်နိုင်တယ်နော်။
ヒリゾ浜
ရေငုပ်တဲ့နေရာအဖြစ်လည်း အရမ်းကို လူကြိုက်များပါတယ်။
ဒီလိုမျိုး ငါးတွေကို မြင်ရတယ်။
ヒリゾ浜
ヒリゾ浜
၁ နာရီ တစ်ကြိမ်နှုန်းဖြင့် အပျော်စီးလှေတွေ ထွက်ပါတယ်။
အိုဘုန်းပွဲတော်ချိန်က ဝင်ခွင့်ကို ကန့် သတ်ထားလို့ သတိထားပါ။

( လမ်းကြောင်း )
တိုကျိုဘူတာ မှ အီဇုခရူးရှိမိုတဘူတာသို့  အိုဒိုရိခိုအထူးကို စီးရင် ၂ နာရီ ၅၁ မိနစ်။ ၆၆၄၀ ယန်း။
အဲဒီနေရာမှ ဘတ်စ်ကားဆိုရင် ၄၅ မိနစ် ၊ အငှားကားဆိုရင် ၃၀ မိနစ်ဖြင့် နာကခိတည်းခိုဆောင်အဖွဲ့ အစည်း နားမှာ ကူးတို့ လှေဧည်ကြိုကောင်တာသို့ ရောက်ပါတယ်။
၂ မိနစ် မှ ၅ မိနစ် အတွင်း လှေရောက်တာကြောင့် အရမ်းကို အဆင်ပြေပါတယ်။
သွားရမယ့်အချိန်: ဇူလိုင်လ ပထမပတ် မှ စက်တင်ဘာလနောက်ဆုံး တနင်္ဂနွေထိ
လှေချိန်:၈ နာရီ ခွဲ မှ ၁၆ နာရီ ခွဲ
အသေးစိတ်:http://www.minami-izu.jp/entry.html?id=11366
http://www.nakagi.jp/hirizo/

၂ ။ ရေလွှာလျှောစီးကောင်းကင်တိုင်းပြည်ရဲ့ တာတာဒိုကမ်းခြေ ( ရှိဇုအိုခခရိုင် )

多々戸浜
တိုကျိုမှ ၃ နာရီလောက်ဖြင့် ဒီနေရာကို ရောက်တယ် ! ရေတိမ်ကမ်းခြေဖြစ်လို့ ကလေးတွေအတွက်လည်း အန္တရာယ်ကင်းပါတယ်။
多々戸浜
ရေကြည်လင်မှုကို ဒီဓါတ်ပုံက တဆင့် ပြောပြလိုက်ပြီနော် ! သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ရေအရည်အသွေးအမြင့်ဆုံး AA အဆင့်အဖြစ် သတ်မှတ်ခံထားရပါတယ်။
多々戸浜
ရေလွှာလျှောစီးတာကို လူကြိုက်များတဲ့ ကမ်းခြေဖြစ်တယ်။
多々戸浜
( လမ်းကြောင်း )
တိုကျိုဘူတာ မှ အီဇုခရူးရှိမိုတဘူတာသို့  အိုဒိုရိခိုအထူးကို စီးရင် ၂ နာရီ ၅၁ မိနစ်။ ၆၆၄၀ ယန်း။
အီဇုခရူးရှိမိုတဘူတာ မှ ဘတ်စ်ကားဖြင့် ၇ မိနစ်ခန့် 

နောက်မှာ မိတ်ဆက်ပေးမယ့် အီရိတကမ်းခြေနဲ့  တခါတည်းပေါင်းသွားရင် ကောင်းမယ်နော်။

၃ ။ တီဗွီအစီအစဉ် CM နဲ့ ရုပ်ရှင်ရဲ့ ဇာတ်ကွက်နေရာ အီရိတကမ်းခြေ ( ရှိဇုအိုခခရိုင် )

入田浜
တာတာဒိုကမ်းခြေနဲ့ အနီးဆုံးမှာ ရှိတဲ့ အီရိတကမ်းခြေဖြစ်တယ်။ ဒီနေရာလည်း တွဲဖက်သွားချင်စရာကောင်းတဲ့ ကမ်းခြေဖြစ်တယ်နော်။
入田浜
အဆိုတော် ခူဝတခဲအိစုခဲ ရဲ့ ( နာမိနိုရိဂျော်နီ ) ရဲ့ PV ကို ဒီနေရာမှာ ရိုက်ထားတာဖြစ်ပါတယ်။
လူရှင်းပြီး သွားလို့ ကောင်းတဲ့ကမ်းခြေဖြစ်တယ်။
入田浜
သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ ရေအရည်အသွေး အမြင့်ဆုံးအဆင့် AA အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။
( လမ်းကြောင်း )
တိုကျိုဘူတာ မှ အီဇုခရူးရှိမိုတဘူတာသို့  အိုဒိုရိခိုအထူးကို စီးရင် ၂ နာရီ ၅၁ မိနစ်။ ၆၆၄၀ ယန်း။
ပြီးတော့  တိုးခိုင်းဘတ်စ်ကားဖြင့် ၁၀ မိနစ် ၊ အီရိတမှာ ဆင်းပြီး ၃ မိနစ်ခန့်  လမ်းလျှောက်။

၎ ။ ဂျပန် ရန်းပဲဒိုးဇကျွန်း ခါရှိဝကျွန်း ( ခိုးချိခရိုင် )

柏島
ခိုးချိမြို့ရဲ့ အနောက်ဘက်ဆုံးမှာ ရှိတဲ့ ခါရှိဝကျွန်းဖြစ်တယ်။ ပတ်လည်ဧရိယာ ၄ ကီလိုမီတာရှိတဲ့ သေးငယ်တဲ့ကျွန်းလေးဖြစ်တယ်။ လေဆိပ်မှ ကားဖြင့် ၃ နာရီလောက် စီးရတဲ့ နေရာမှာ ရှိပါတယ်။
柏島
ပင်မကျွန်းမှ တံတား ၂ စင်းထိုးထားတာကြောင့် ကားဖြင့် သွားနိုင်ပါတယ်။
မြစိမ်းရောင် လှပတဲ့ ပင်လယ်ကြီးပါနော် ! ( ငါးမျှားခြင်းရူးသွပ်မှု နေ့ စဉ်မှတ်တမ်း ၁၄ ) ရဲ့ ဇာတ်ဝင်ခန်းလည်း ဖြစ်ပါတယ်။
ခရီးသွားနေရာဒေသ မဟုတ်တဲ့အတွက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်နဲ့ စားသောက်ဆိုင်တွေ မရှိပါဘူး။
အဲဒီအတွက် အရှိအတိုင်း သဘာဝတရားကို အပြည့်အဝခံစားနိုင်ပါတယ်။
柏島
ဒါနဲ့  ဂျပန်ရဲ့ ရန်းဘဲဒိုးဇကျွန်းဆိုတာ ဘာများလဲ ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရန်းဘဲဒိုးဇကျွန်းမှာ လှေက လေထဲမှာ ပေါလောပေါ်နေသလိုဖြစ်နေတဲ့ ဓါတ်ပုံက ပြောစရာအကြောင်းအရာ ဖြစ်လာပါတယ်။
ランペドゥーザ島
▲( ဒီနေရာက ရန်းဘဲဒိုးဇကျွန်း )
ခါရှိဝကျွန်းလည်း အဲလိုမျိုး လှေက ပေါလောပေါ်နေသလိုမျိုး မြင်နိုင်လောက်အောင် ကြည်လင်မှုက လက်ခမောင်းခတ်နိင်ပါတယ်။
ဓါတ်ပုံလိုအရာမျိုးက မရှိပါဘူးလို့  ခံစားချက်တွေ ကူးစက်လာတယ်မဟုတ်လား?
柏島
▲( ဒီနေရာက ရှိခါဝကျွန်း )
ဟာ ဒီလောက်တောင် ကြည်လင်တာလား ! ပင်လယ်ရေကူးကြရအောင် ။
柏島
ရေငုပ်ခြင်းနဲ့ ဒိုင်ဗင်ထိုးခြင်းတွေ လုပ်လို့ ကောင်းတဲ့နေရာအဖြစ်လည်း နာမည်ကြီးပါတယ်။
柏島
▲ဓါတ်ပုံ:TANAKA Juuyoh
( လမ်းကြောင်း )
ခိုးချိမြို့မှ ကားဖြင့် ၄ နာရီ အကွာအဝေး
ဒါမှမဟုတ် JR ခိုးချိဘူတာမှ JR စုခုမိုဘူတာထိ ရထားဖြင့် သွားပြီး ( ၃ နာရီ ကြာချိန် ) ၊ JR စုခုမိုဘူတာမှ ဘတ်စ်ကားဖြင့် ၅၀ မိနစ်
တိုက်ရိုက်ရောက်တဲ့ လမ်းကြောင်းက အရမ်းကို ဆိုးဝါးပေမယ့် သဘာဝအတိုင်းရှိတဲ့ ကမ်းခြေကို စိတ်ကူးပြီး ပျော်ပျော်ရွင်ရွှင်သွားကြရအောင်။

၅။နာရီအနည်းငယ်အတွင်းတွင် ရောက်နိုင်သော ကမ်းခြေ ယူရိဂဟားမ (ခငေါ့ရှိမခရိုင် ယော်ရွန်းတိုး)

ဆန်းဒိုဘားကို သိပါသလား ဆန်းဒိုဘားဆိုသည်မှာ ဒီရေကျဆင်းသည့်အချိန်တွင် လာသောအရာကို ဆိုလိုပါသည်။ ဟာဝိုင်အီ၏ ခနဲအိုပင်လယ်အော်သည် ထင်ရှားသောပြယုတ်တစ်ခုဖြစ်ပါသည်။
百合ヶ浜
百合ヶ浜
ဒီဘက်မှာ ဟာဝိုင်အီ သင်္ဘောဖြင့်သွားကြည့်ပြီး ဒီရေများကိုလည်း ခံစားနိုင်သော ခရီးသွားအစီအစဉ်များလည်း ရှိပါသည်။

ဂျပန်နိုင်ငံ၏ ယူရိဂဟားမသည် လုံးဝကို အရှုံးမပေးနိုင်လောက်အောင်ဖြစ်ပါသည်။
百合ヶ浜
အတွင်းပိုင်းတွင် ကမ်းခြေနားမှ မြင်နိုင်သည်ကို သိနိုင်ပါသည်။
ဒီအရာသည် ကမ်းခြေ ယူရိဂဟားမဖြစ်ပါသည်။
နွေဦးမှ နွေရာသီတွင် ဒီရေအချိန်အရေအတွက်များရှိသည့်အတွက်ဖြစ်ပါသည်။
百合ヶ浜
こんな感じ。綺麗すぎますね……!
百合ヶ浜
SNS တွင်လည်း ခေါင်းစဉ်တစ်ခုကဲ့သို့ ဖြစ်နေသည့်အတွက် တစ်ကြိမ်သွားကြည့်ဖူးသည့်သူများလည်း များမည်ဖြစ်သော်လည်း ဒီ ကြည်လင်မှုကတော့ အံသြသင့်စရာ……!

【ဆက်သွယ်ရေး 】 အိုခီနာဝမှ သင်္ဘောဖြင့် ၂နာရီခန်ံစီးပြီး ယော်ရွန်းတိုးသို့ ယော်၇ွန်းတိုးမှ ပင်လယ်ကမ်းနားအထိ ကားဖြင့် ၂၀ မိနစ်
ထို့ နောက် ဖန်လှေကိုစီးကား ယူရိဂဟားမသို့ 
ဆက်သွယ်ရေးသည် အလွန်မကောင်းမွန်သော်လည်း ဆက်လက်ပြီး သွားချင်သောရက်ကို ရွေးချယ်နိုင်သည့်အတွက် ကောင်းမွန်သောနေရာဖြစ်ပါသည်။


၆။ သွားလာရေးကောင်းမွန်သော အပြာရောင်နတ်သမီး (တိုမိုရိကမ်းခြေ) (ခဂေါရှိမခရိုင် )

土盛海岸 奄美大島
မြစိမ်းရောင်မှ အပြာရောင်သို့ ပြောင်းနေသောပုံစံဖြစ်နေသော ပင်လယ်သည် (အပြာရောင်နတ်သမီး)ဟု ခေါ်ကြပါသည်။ လေဆိပ်မှ နီးပြီးဆက်သွယ်ရေးလွယ်ကူသောကြောင့် ဆွဲဆောင်မှုရှိပါသည်။။ ရေတိမ်သောပင်လယ်ဖြစ်ပြီး ကျယ်ပြန့် သောဧရိယာအထိ ရေကူးနိုင်ခြင်းက ထူးခြားချက်ြ န်သောနေရာဖြစ်ပါသည်။
ဗီဒီယိုများကိုလည်း ဆက်ဆက်ကြည့်စေလိုပါသည်။
လှိုင်းများက တိတ်ဆိတ်သည့်အတွက် ကလေးများအတွက်လည်း စိတ်ချရပါသည်။

【ဆက်သွယ်ရေး】
တိုကျိုမှ လေယာဉ်ပျံဖြင့် ၂ နာရီခွဲ။ အိုဆာကာမှ တစ်နာရီခွဲ ဖုခုအိုက်မှ ၁ နာရီ ၂၀ မိနစ်
လေယာဉ်ပျံဖြင့် ချက်ချင်းရောက်နိုင်သောနေရာဖြစ်သောကြောင့် အဆင်ပြေပါသည်။
တိုမိုရိပင်လယ်ကမ်းနားသည် အမမိတိုင်းအဂျိမလေဆိပ်မှ ကားဖြစ် ငါးမိနစ် ရှစ်မိနစ်ခန့် ဖြင့်သွားနိုင်သော နေရာဖြစ်ပါသည်။ တော်တော်လေး သွားလာရလွယ်ကူသော ရှုခင်းနေရာဟု ဆိုနိုင်ပါသည်။

၇။ ဒေသခံများက တိတ်တဆိတ်သွားလာသော ဆဆဂေါ့ပင်လယ်ကမ်းခြေ (ရှိမနဲခရိုင်)

笹子ビーチ 島根県
ထွင်းဖောက်မြင်ရလောက်အောင် ကြည်လင်နေသော ပင်လယ်၏ပြာလွင်မှုသည် အသက်ရှုမှားလောက်အောင် လှပသည်။
တကယ့်ကို မိမိတစ်ဦးတည်း၏ကမ်းခြေကဲ့သို့ ဖြစ်သွားသောသေးငယ်သော ကမ်းခြေဖြစ်ပြီး စိတ်တည်ငြိမ်ကာ တိတ်ဆိတ်ပါသည်။
အေးဆေးစွာကုန်ဆုံးချင်သူများအတွက် အလွန်ကောင်းမွန်ပါသည်။
နဲဂျိမခရိုင် နံပါတ်တစ် အလှပဆုံးဟုလည်းဆိုနိုင်ပါသည်။ ရေငုတ်ခြင်းများလည်း အလွန်ကောင်မွန်ပါသည်။

【ဆက်သွယ်ရေး 】
မစွတ်အဲဘူတာမှ မန်းဂန်းဘတ်စ်ဂိတ်အထိ ဘတ်စ်ဖြင့် ၃၄မိနစ်
ပြောင်းစီးပြီး မီဟိုဆဲခိဘတ်စ် ( လိုင်းခုနစ်မျိုး) ဖြင့် ၁၆ မိနစ်ဖြင့် ဆဆဂေါသို
သွားလာရေးအလွန်အဆင်ပြေသောနေရာမဟုတ်သော်လည်း ကြိုးစားပြီး လာရောက်ကြပါစို့ ။

အထက်ပါ ထင်ရှားသော ပင်လယ်ကမ်းခြေ ၇ ခုကို မိတ်ဆက်ပေးလိုက်ပါသည်။
ဒီနွေရာသီတွင် စီစဉ်ကာ ဆက်ဆက် လာကြည့်ကြပါ ။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၈~၉လပိုင်းအတွင်းအကြံပြုချက်