( တစ်ပင်လုံးအပြည့်ပွင့်ချိန်နီးပြီ ! ) ကြည့်လို့ ကောင်း ၊ လမ်းလျှောက်ကောင်းတဲ့ ဆာကူရာဥမင် လက်ရွေးစင် ၇ ခု

( တစ်ပင်လုံးအပြည့်ပွင့်ချိန်နီးပြီ ! ) ကြည့်လို့ ကောင်း ၊ လမ်းလျှောက်ကောင်းတဲ့ ဆာကူရာဥမင် လက်ရွေးစင် ၇ ခု
မတ်လ ၂၁ ရက် ( ဗုဒ္ဓဟူးနေ့ ) မနက် ၊ တိုကျိုမှာ တစ်နိုင်ငံလုံးမှာ အစောဆုံး ဆာကူရာပွင့်မယ့်သတင်းထွက်လာပြီး ဘာလိုလိုနဲ့  ပန်းကြည့်ချိန်ကို မျှော်လင့်ပြီး ရေတွက်လာခဲ့မိတယ် ! ဒီတခါ ပန်းရောင် ဆာကူရာပွင့်ဖတ်တွေက ခေါင်းပေါ်ကို ဖုံးလွှမ်းတဲ့ အမိုက်စား ဆာကူရာဥမင်ကို ( လမ်းလျှောက်မယ်. စီးစရာဖြင့်လျှောက်သွားမယ်. လျှောက်ကြည့်မယ် ) အစီအစဉ် ၃ ခုဖြင့် မိတ်ဆက်မယ်။
ပန်းကြည့်ဖို့ စီစဉ်တဲ့အခါ ဆက်ဆက်ကူညီပါဦးနော်။

ဆာကူရာဥမင်ကို လမ်းလျှောက်မယ်

၁. တဲစွတ်ဂခုနိုလမ်း ( ကျိုတို )

အတွေးအခေါ်ပညာရှင် နိချိတခိတရိုက တွေးနေရင်း လမ်းလျှောက်ခဲ့တယ်လို့ ပြောတဲ့ တဲစွတ်ဂခုနိုလမ်း။
ပျမ်းမျှ ၂ ကီလိုမီတာရှိတဲ့ လမ်းလေးက ( စိုမဲအိယောရှိနိုဆာကူရာပန်း ) စတဲ့ အပင် ၅၀၀ လောက်ရှိတဲ့ ဆာကူရာပန်းတွေ ပွင့်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ပန်းရောင်ဥမင်ဖြစ်လာပါတယ်။

ကြည့်ချိန် :ဧပြီလအစမှ ဧပြီလ အလယ်

၂.ချိခုမမြစ်ကမ်း ဆာကူရာပန်းတန်း ( နာဂါနိုခရိုင် )

ပျမ်းမျှ ၄ ကီလိုမီတာ ရှည်လျားပြီး ၊ အပင် ၆၀၀ ခန့် ရှိတဲ့ ယာအဲဆာကူရာပန်းတွေ ယှက်နွယ်နေတဲ့ ဥမင်က အပြောင်မြောက်ဆုံးလက်ရာတစ်ခုလိုပါဘဲ။
ရောက်ရှိလာတဲ့ နွေရာသီကို အလှဆင်ထားတဲ့ ဆာကူရာပန်းနဲ့ နာနိုပန်းတွေ ဂုဏ်ယူဝင့်ကြွားစွာဖူးပွင့်နေတဲ့လမ်းကို လျှောက်ကြည့်မိချင်ခဲ့တယ်။

ကြည့်ချိန်: ဧပြီလ ကုန်မှ မေလ ကုန်ထိ

၃.ဟိခိချိရေပန်းဥယျာဉ်မှ ဆာကူရာ ( ခါနာခါဝခရိုင် )

引地川親水公園
ဟိခိချိမြစ်တလျှောက်မှာရှိတဲ့ ဒီဥယျာဉ်က ၁၆ ဟက်တာ ကျယ်ဝန်းပြီး ရှောနန်းဒိုင်း တစ်ဘက်မှာ ဦးတည်ပြီး ဆာကူရာပန်းပင်တန်းလမ်းက တမျှော်တခေါ်ဆက်လက်ရှိနေပါတယ်။
ဥယျာဉ်ထဲမှာ သစ်သားကလေးကစားစရာ ၊ ဒလိမ့်တုံးချောတွေလည်း ရှိပြီး ပိတ်ရက်မှာ မိသားစုလိုက် လည်ပတ်ကြတာများပြီး လန်းဆန်းလှပတဲ့ရှုခင်းတွေက ရှု့ မဆုံးနိုင်အောင် ကျယ်ပြောလှပါတယ်။

ကြည့်ချိန်: မတ်လကုန်မှ ဧပြီလလယ်

ဆာကူရာဥမင်ကို စီးစရာဖြင့် သွားလာလည်ပတ်မယ်

၎. မာစွတ်ခါဝပဥယျာဉ် ( တိုးယာမခရိုင် )

( ဂျပန်ဆာကူရာ နာမည်ကြီး လက်ရွေးစင် ၁၀၀ နေရာ ) မှာ ရွေးချယ်ခြင်းခံထားရတဲ့ တိုးယာမခရိုင် အကောင်းဆုံး နာမည်ကြီး ပန်းကြည့်ရန် နေရာဖြစ်တယ်။
ပန်းကြည့်ချိန်အတွင်းက ဆာကူရာဥမင်ကို သွားမယ့် ( ပန်းကြည့်လှေ ) စီးတဲ့အစီအစဉ် ရှိပြီး အရည်အချင်းပြည့်ဝတဲ့ ရေယာဉ်မှူးတွေက မိနစ် ၃၀ ခန့်  ရိုးရာလှေကို ဖြင့်လိုက်လံပြသပေးမှာ ဖြစ်ပါတယ်။

ပန်းကြည့်ချိန်:ဧပြီလအစမှ ဧပြီလ လယ်

၅. ဖုနအိုခဂျောရှိဥယျာဉ် ( မိယဂိခရိုင် )

船岡城址公園
တောင်ထိပ်ကို ဦးတည်ပြီး ဆာကူရာဥမင်ကို ဖြတ်ပြီး ပြေးဆွဲနေတဲ့ တောင်တက်ကားလေးက ဖုနအိုခဂျောရှိဥယျာဉ်ရဲ့ လူကြိုက်အများဆုံးအရာပါ
တောင်ထိပ်က ဖုနအိုခငြိမ်းချမ်းရေးရုပ်ထုရဲ့ရှုခင်းကလည်း အံ့သြစရာမြင်ကွင်းတစ်ခုဖြစ်ပါတယ်။

ကြည့်ချိန် : ဧပြီလအစမှ ဧပြီလလယ်

ဆာကူရာဥမင်ကို လျှောက်ကြည့်မယ်

၆. ဟီရိုစခိဥယျာဉ် ( အာအိုးမိုရိခရိုင် )

ပင်လုံးကျွတ်ပွင့်တဲ့ ဆာကူရာက ဦးခေါင်းအထက်မှာ အုပ်မိုးပြီး ကခုန်ကြွေဆင်းလာတဲ့ ပွင့်ဖတ်တွေက ကော်ဇောခင်းထားသလို ကျုံးရေမျက်နှာမြင်ကို ဖုံးအုပ်ထားပါတယ်။ ဂျပန်ရဲ့ အဓိက ဆာကူရာ ၃ နေရာထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ ထူးခြားပြောင်မြောက်လွန်းတဲ့ ဆာကူရာဥမင် ဖြစ်ပါတယ်။

ကြည့်ချိန် ဧပြီလကုန်မှ မေလအစ

၇.ဘီဝခိုတူးမြောင်း ( ရှိဂခရိုင် )

ခန်ဆိုင်း အကောင်းဆုံးဆာကူရာနေရာအဖြစ် လူသိများတဲ့ ဘီဝခိုတူးမြောင်း ဖြစ်တယ်။ ( ယာမဆာကူရာ )က အဓိကဖြစ်ပြီး အပင်ပေါင်း ၆၆၀ လောက်ရှိတဲ့ ဆာကူရာပင်တန်းက စီတန်းတည်ရှိနေပါတယ်။ အလှဆင်မီးထွန်းထားတဲ့ ည ဆာကူရာက တူးမြောင်းကမ်းပါးက အစိမ်းရောင်နဲ့ ဆာကူရာရဲ့ ပန်းရောင်တို့ ပေါင်းစပ်မှုက စိတ်ကူးယဉ်ဆန်လွန်းပါတယ်။

ကြည့်ချိန် : ဧပြီလ အစ မှ ဧပြီလလယ်

အထက်ပါ ၊ ရှုခင်းကြည့်လို့ ကောင်း၊ သွားလာလည်ပတ်လို့ ကောင်း၊ လမ်းလျှောက်လို့ ကောင်းတဲ့ ဆာကူရာ ဥမင် လက်ရွေးစင် ၇ ခု ဖြစ်ပါတယ်။
လူကြီးမင်း အားလုံးလည်း ဒီရာသီကလွဲပြီး မပွင့်တဲ့ ဒီဆာကူရာပန်းကို ခံစားကြည့်ကြပါနော်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၎~၅လပိုင်းအတွင်းအကြံပြုချက်