ဆာကူရာပန်းတွေ ပွင့်တဲ့ မြို့ဟောင်းလေးမှာ လမ်းလျှောက်ချင်လား ! လှပပြီးဆွဲဆောင်မှုရှိတဲ့ ရှုခင်း လက်ရွေးစင် ၃ ခု

ဆာကူရာပန်းတွေ ပွင့်တဲ့ မြို့ဟောင်းလေးမှာ လမ်းလျှောက်ချင်လား ! လှပပြီးဆွဲဆောင်မှုရှိတဲ့ ရှုခင်း လက်ရွေးစင် ၃ ခု
စောင်းသံကြားနေရသလို သွင်ပြင်ဆွဲဆောင်မှုရှိတဲ့ မြို့ဟောင်းလေးနဲ့ အဆောက်အဦးတွေက အမြဲတမ်း နိုင်ငံတွင်းရော အပြင်က ဧည့်သည်တွေပါ ကြိုက်နှစ်သက်ကြပါတယ်။ ပြီးတော့ နောက်ရောက်လာမယ့် ရာသီချိန်ခါက ဆွဲဆောင်မှုအရှိဆုံး အချိန်ဖြစ်ပါတယ်။ ဆာကူရာပွင့်ဖတ်တွေက ကခုန်ကြွေလွှင့်နေတဲ့ကြားမှာ လမ်းလျှောက်ကြည့်ဖူးလား?
ဒီတခါတော့ ZEKKEI Japan တည်းဖြတ်အဖွဲ့ က အကြံပေးတိုက်တွန်းချင်တဲ့ နေရာ ၃ နေရာကို ရွေးချယ်တင်ပြလိုက်ပါတယ်။

၁ ။ ခါဇုအဲမြို့ ( ခါနဇာဝ )

ဒီနေရာက လက်ဖက်ရည်ဆိုင်မြို့လမ်းလေးဖြစ်ပါတယ်။ ရှေးယခင်တည်းက လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေ တန်းစီရှိနေပါတယ်။
သီးခြားကမ္ဘာတစ်ခုကို မျက်စိလည်ရောက်ရှိသွားသလို လမ်းကြားလေးတွေက ဆွဲဆောင်မှုရှိပါတယ်။
မြစ်တလျှောက်မှာရှိတဲ့ ဆာကူရာပင်တွေက ညမှာ မီးအိမ်အလင်းရောင်နဲ့ ထွန်းလင်းနေပြီး ပေါ်လွင်ထင်ရှားတဲ့လှပမှုက ဂုဏ်ယူဝင့်ကြွားလျှက်ရှိနေပါတယ်။

ဆာကူရာရာသီချိန်:ဧပြီလ အစ မှ အလယ်။
လမ်းကြောင်း :JR ( ခါနာဇာဝဘူတာ) မှ ခိတတဲစွတ်ခါနာဇာဝဘတ်စ်ကား ပြောင်းစီးပြီး ( ဟရှိဘ ) မှာ ဆင်းပြီး ၅ မိနစ်ခန့်  လမ်းလျှောက်

၂ ။ ခါကုနိုဒါတဲ ဆာမူရိုင်းအိမ်ယာ ( အာခိတ )

ရှိဒလဲဆာကူရာတွေက နာမည်ကျော်ကြားပြီး ခါကုနိုဒါတဲဆိုတဲ့ ဒီနေရာမှာ အဲဒိုခေတ်က ဆာမူရိုင်းအိမ်ယာတွေ ကျန်ရှိနေပါတယ်။
ဆာမူရိုင်းအိမ်ယာတွေကို လေ့လာရတာ ကြည်နူးစရာကောင်းပြီး အဲဒိုခေတ်ကို စိတ်ကူးနဲ့ သွားကြည့်ရအောင်။
မြစ်တလျှောက်ရှိ ဆာကူရာပင်တွေက ည မှာ မီးအိမ်အလင်းရောင်ဖြင့် ထွန်းလင်းလှပနေပြီး ပေါ်လွင်ထင်ရှားတဲ့လှပမှုက ဂုဏ်ယူဝင့်ကြွားလျှက်ရှိနေပါတယ်။

ဆာကူရာရာသီချိန် : ဧပြီလလယ် မှ မေလ အစ
လမ်းကြောင်:JR ( ခါကုနိုဒါတဲဘူတာ ) မှ ၂၀ မိနစ်ခန့်  လမ်းလျှောက်

၃ ။ ဂိအွန်းရှီရခါဝ ( ကျိုတို )

လက်ဖက်ရည်ဆိုင်တွေ စည်ကားနေတဲ့ လှပတဲ့ မြို့လေးဖြစ်ပြီး ဒီရာသီမှာ အထူးတလည် ရင်ခုန်စရာကောင်းတဲ့ ရှုခင်းတွေ ဖြစ်ပါတယ်။
အကမယ်တွေ နဲ့  ဖျော်ဖြေရေးမယ်တွေကို မြင်တွေ့ နိုင်တဲ့နေရာဖြစ်ပါတယ်။ ကျိုတိုဆိုတာကို ခံစားနိုင်ဖို့ အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။
တီဗွီဇာတ်လမ်းတွေမှာ ဒီနေရာကို ဇာတ်ဝင်ခန်း အဖြစ် ရိုက်ကူးကြတာများပါတယ်။
※※ ဒီနှစ်က လုံခြုံရေးအတွက် ရည်ရွယ်ပြီး မီးထွန်းအလှဆင်ခြင်း မပြုလုပ်ပါဘူး။

ဆာကူရာရာသီချိန်:မတ်လကုန်မှ ဧပြီလအစ
လမ်းကြောင်း:ခဲအိဟန်းဂိအွန်းရှိဂျော ဘူတာမှ ၃ မိနစ်လမ်းလျှောက်၊ ဟန်းခရူးမြို့မှ ၅ မိနစ်လမ်းလျှောက်

ကဲ ဧပြီလ ပန်းကြည့်ဖို့ ခရီးစဉ်ကို စီစဉ်လိုက်ကြရအောင် !

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၎~၅လပိုင်းအတွင်းအကြံပြုချက်