ZEKKEI JAPAN တည်းဖြတ်ရေးအဖွဲ့ ရဲ့ အိချိခါဝဖြစ်တယ်။ နေ့ စဉ် ဂျပန်ရဲ့ ရှုခင်းတွေကို မိတ်ဆက်ပေးနေပြီး သီးသန့် အနေနဲ့  မျှော်လင့်နေတဲ့ရှုခင်းကို ရှာဖွေဖို့ ခဏခဏ ခရီးထွက်ဖြစ်နေပါတယ်။
အဲလိုလူမျိုးဖြစ်တဲ့ကျွန်တော် ကျရှုံးသွားတယ်ဆိုတာက ဆဲတိုနအိပင်လယ်က အနုပညာမြောက်တဲ့ကျွန်း ( နအိုကျွန်း ) ဖြစ်တယ်။ ကျွန်းကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ မျက်မှောက်ခေတ် အနုပညာကို ကြည့်ဖို့ အရောက်သွားခဲ့တဲ့ ( နအိုကျွန်း ) ရဲ့ အံ့မခန်းရှုခင်းများစွာကို သာယာကြည်နူးဖို့ အတွက် စက်ဘီးနဲ့ သွားဖို့ တိုက်တွန်းပါတယ်။ ကျွန်းကို တစ်ပတ်ပတ်ဖို့ တစ်နာရီခွဲကြာတာဖြစ်လို့ ကိုယ်ခံအားအတွက် ယုံကြည်မှုမရှိသူတွေလည်း အဆင်ပြေပါတယ်! ဒီတခါ အဲဒီလို( နအိုကျွန်းတစ်ပတ်စက်ဘီးခရီးစဉ် )ကို မိတ်ဆက်ပါမယ်။
နအိုကျွန်း တစ်ပတ်စက်ဘီးခရီးစဉ်က ဒီမှာပါ
① မိယအူရဆိပ်ကမ်း အနီရောင်ဖရုံသီး ⇒TVC နအိုကျွန်းလန်တာမိယအူရဆို⇒တောင်စောင်း ⇒②ချိချူးအနုပညာပြတိုက်⇒③ရိအုဖန်အနုပညာပြတိုက်⇒④အဝါရောင်ဖရုံသီး⇒⑤အိမ် ပုရောဂျက်ခုတို⇒⑥နအိုကျွန်းဆည်မျှော်ကြည့်နေရာ⇒⑦ ( I ♥ ယုခကု )ဆိုင်
အရင်ဆုံး တိုကျိုမှ နအိုကျွန်းသို့ လမ်းကြောင်း
တိုကျိုဘူတာမှ JRတိုးခိုင်းဒိုး ၊ စမ်ယိုကျည်ဆန်ရထားဖြင့် ၃နာရီခန့် ကြာပြီးနောက် ခိုးဇန်ဘူတာအထိ။ ခိုးဇန်းဘူတာမှ အူနိုဘူတာအထိ JR အူနိုလိုင်းဖြင့် ၁နာရီခန့် ။ အူနိုဆိပ်ကမ်းမှ ကူးတို့ ၂၀မိနစ်စီးပြီး နအိုကျွန်းရဲ့ ဂန်းခန်ခုချိမိယအူရဆိပ်ကမ်းသို့ ဆိုက်ရောက်ပါမယ်။
၁။ မိယအူရဆိပ်ကမ်းသို့ ရောက်ပြီးချက်ချင်း ( အနီရောင် ဖရုံသီး ) က ဆီးကြိုနေပါတယ်။
နီရဲနေတဲ့ ကိုယ်ထည်မှာ အမဲရောင် အစက်တွေနဲ့ ဖရုံသီးက စွန့်ဦးအနုပညာရှင် ခူစမရာယောအိ ရဲ့ လက်မှုပစ္စည်းပါ။ အတွင်းမှာ အခေါင်းပေါက်ဖြစ်နေပြီး ဝင်လို့ ရပါတယ်။
အတတ်အဆင်းများတဲ့ နအိုကျွန်းပါ။ လျှပ်စစ်စက်ဘီး စီးဖို့ တိုက်တွန်းပါတယ်!
မိယအူရဆိပ်ကမ်း ကူးတို့ ဂိတ် ရှေ့ မှာရှိတဲ့ ( TVC နအိုကျွန်းလန်တာမိယအူရဆိုင် ) မှာ လျှပ်စစ်စက်ဘီးငှားခဲ့တယ်။
ကုန်ကျစရိတ်က တစ်ရက် ၅၀၀ ယန်း။ မနက်ပိုင်း ဆိုင်လာနိုင်သူတွေက ငှားရန် ကြိုတင်စာရင်းပေးနိုင်ပါတယ်။
▼အသေးစိတ်က ဒီမှာ
http://www.tvc-service.com/reservation.html
၂။ ဒါဆိုရင် စက်ဘီးစီးကြရအောင် ! တောင်စောင်းကို လျှပ်စစ်စက်ဘီးနဲ့ သက်တောင့်သက်သာ စီးသွားပြီး ( ချိချူးအနုပညာပြတိုက် ) သို့ ။。
ဆဲတိုနအိပင်လယ်ရဲ့ ရှုခင်းနဲ့ သဘာဝကို ပျက်စီးမသွားအောင် ဗိသုကာပညာရှင် အန်းဒိုးတဒအို ဒီဇိုင်း ဆွဲတဲ့အဆောက်အဦးကို မြေကြီးထဲမှာ မြှပ်နှံထားတဲ့ အနုပညာပြတိုက်
မြေထဲမှာ ရှိနေရင်း သဘာဝအလင်းရောင် သွန်းလောင်းထားသလို အထဲ လေးရာသီတိုင်း မျက်နှာပြင်ကို ပြောင်းလဲနိုင်တဲ့ ဟင်းလင်းပြင်နဲ့ လက်မှုပစ္စည်းကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင်ထားတယ်။
လေ့လာချိန် : 1 နာရီ မှ ၁နာရီ ၃၀ မိနစ်
၃။သစ်တောကို ဖြတ်သန်းတဲ့ ( ရီအုဖန်အနုပညာပြတိုက် ) သို့ 
အနုပညာရှင် ရီအုဖန် နဲ့ ဗသုကာပညာရှင် အန်းဒိုးတဒအို ရဲ့ ပူးပေါင်းလုပ်ဆောင်ထားတဲ့ အနုပညာပြတိုက်။ အထဲမှာ မြင်နိုင်တဲ့ ပစ္စည်းက ထောင့်နှင့် အချိန်မှာ လုံးဝ မတူညီတဲ့ ဖော်ပြချက်ကို ပြသထားပါတယ်။
လေ့လာချိန်:၃၀ မိနစ်ခန့် 
၎။ ဆဲတိုနအိပင်လယ်ရဲ့ လတ်ဆတ်အေးမြသောလေတွေ တိုက်နေတယ်။ ( အဝါရောင် ဖရုံသီး ) ကို ရှာတွေ့ ပြီ!
ကမ်းနားတလျှောက် ပြေးသွားမယ်ဆိုရင် ခူစမရာယောအိ လက်မှုပစ္စည်း ဖရုံသီး ကို တွေ့ နိုင်ပြီ !
အကြိမ်ကြိမ် ဓါတ်ပုံမှာ မြင်ခဲ့ပေမယ့်လည်း လက်တွေ့ ပေါ်လာတော့ အဲဒီ ဆွဲဆောင်အားမှာ စိတ်လှုပ်ရှားပါတယ်။ ဟိုတယ်နဲ့ အနုပညာပြတိုက်က တစ်သားတည်းဖြစ်သွားတဲ့ ဘဲနဲဆဲဟားစုဧရိယာက ကမ်းခြေနဲ့ သစ်တောမှုလည်း အနုပညာများစွာက နေရာအနှံ့ တည်ရှိနေတယ်။ သဘာဝနဲ့ တစ်သားတည်း ပြောင်းလဲသွားတဲ့ အနုပညာလက်မှုပစ္စည်းတွေကို စက်ဘီးစီးရင်း လိုက်ကြည့်တာက အရမ်းပျော်ရွင်ကြည်နူးစရာကောင်းပါတယ်။