ဆာကူရာပန်း နဲ့ ဖူဂျီတောင်ကို ဓါတ်ပုံမှာ သိမ်းချင်ရင် ဒီနေရာပါ! တည်းဖြတ်ရေးအဖွဲ့ ထောက်ခံတဲ့ ( The နီဟွန်း ) ရဲ့ လက်ရွေးစင် ရှုခင်း ၆ ခု

ဆာကူရာပန်း နဲ့ ဖူဂျီတောင်ကို ဓါတ်ပုံမှာ သိမ်းချင်ရင် ဒီနေရာပါ! တည်းဖြတ်ရေးအဖွဲ့ ထောက်ခံတဲ့ ( The နီဟွန်း ) ရဲ့ လက်ရွေးစင် ရှုခင်း ၆ ခု
ဂျပန်လို့ ပြောရင် ဖူဂျီတောင် နဲ့  ဆာကူရာပန်းပါ။
ဒီတခါ ဒီနှစ်ခုကို တစ်ကြိမ်တည်းမှာ ပျော်ရွင်ခံစားနိုင်မယ့် နေရာ ၆ခုကို မိတ်ဆက်ပေးပါမယ်။

၁.အာရခုရယာမအာစမပန်းခြံ ( ယာမာနာရှီခရိုင် )

လုံးဝ နာမည်ကြီးဖြစ်တာက ဒီနေရာပါ။ ထိုင်းလူမျိုး အင်တာနက်မှ မိတ်ဆက်ပေးသူကြောင့် ကျော်ကြားသွားပြီး နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်ကြပါတယ်။
အဲဒီပုံရိပ်ကို ရိုက်ထားတဲ့နေရာက ဒီမှာ > http://jp.zekkeijapan.com/spot/shoot/517/2933/
အချိန်:ဧပြီလ အလယ်
လမ်းကြောင်း :ဖူဂျီယာမအထူးအမြန်လိုင်း ရှီမို့ ယော်ရှိဒဘူတာ မှ ၁၅ မိနစ် လမ်းလျှောက်။ တောင်တက်ခရီးဖြစ်ပါတယ်။
အသေးစိတ်: http://jp.zekkeijapan.com/spot/index/517/

၂. ခါဝါဂူချိရေကန် ( ယာမာနာရှီခရိုင် )

အနီးဝန်းကျင်မှာ စတိုင်ကျတဲ့ စားသောက်ဆိုင်၊ ဈေးဆိုင်၊ ပြတိုက်တွေ ရှိပြီး ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်ပါတယ်။
အဲဒီပုံရိပ်ကို ရိုက်ထားတဲ့နေရာက ဒီမှာ >http://jp.zekkeijapan.com/spot/shoot/45/375/
အချိန်: ဧပြီလ အလယ်
လမ်းကြောင်း:ခါဝါဂူချိခိုဘူတာ မှ ဖူဂျီအထူးဘတ်စ်ကား ( စာနီးဒဲ အရှေ့  ) ဆင်း ၊ နာဂစခိလှိုဏ်ခေါင်းဘေးလမ်း ဝင်တာနဲ့ ချက်ချင်းရောက်သည်။
အသေးစိတ်: http://jp.zekkeijapan.com/spot/index/45/

3.ဆိုင်းခိုအီယာရှိနိုဆတိုးအိမ်စု ( ယာမာနာရှီခရိုင် )

အလုံး ၂၀ ခန့် ရှိတဲ့ သက်ကယ်မိုးအိမ်လေးတွေကို နဂိုပကတိအတိုင်း ဆောက်လုပ်ထားပြီး အဆောက်အဦးဟောင်းလေး နဲ့ ဖူဂျီတောင် နဲ့ ဆာကူရာပန်းတွေရဲ့ ခမ်းနားတဲ့မြင်ကွင်းကို ခံစားကြည်နူးနိုင်ပါတယ်။
အချိန်:ဧပြီလ အစ မှ ဧပြီလ လယ်ထိ
လမ်းကြောင်း :ခါဝါခူဂျီခိုဘူတာ မှ လယ်တိုရိုဘတ်စ်ကားဖြင့် ၅၀ မိနစ်
အသေးစိတ် : http://jp.zekkeijapan.com/spot/index/602/

၎. တာနုခိရေကန် ( ရှိဇုအိုကခရိုင် )

田貫湖
ရေကန်ပတ်လည်မှာ စက်ဘီးစီးရန် လမ်းရှိတာကြောင့် စက်ဘီးငှားဆိုင်မှာ ငှားပြီး လည်ပတ်စီးကြရအောင်နော်။
田貫湖
အချိန်:ဧပြီလ အလယ်
လမ်းကြောင်: ဖူဂျီနိုမီယဘူတာ မှ ဘတ်စ်ကား ( ခရူးကရွာ သွားသော ) ဖြင့် ၄၅ မိနစ် ( တာနုခိရေကန် စခန်းနေရာ ) ဆင်း
အသေးစိတ်: http://tanukiko.com/tanukiko/

၅. အိုရှီနိုဟတ်ကိုင်း ( ယာမာနာရှီခရိုင် )

ရှင်းနရှောမြစ်တလျှောက် စိုမဲအိယောရှိနိုဆာကူရာပန်းနဲ့ စုအိဆမ်ပန်းတို့  ပွင့်ပြီး ဖူဂျီတောင်ကို ချစ်စရာကောင်းအောင် ကာရံညီနေတာက ကြည်နူးစရာကောင်းပါတယ်။ ညအခါ မီးထွန်းအလှဆင်ထားပါတယ်။
အချိန်:ဧပြီလ အလယ်မှ အကုန်
လမ်းကြောင်း :( ဖူဂျီယာမဘူတာ ) မှ ရိုစမ်းဘတ်စ်ကား နာဂါနိုသွားတဲ့ ကားကို စီးပြီး ၊ ( အီရှီနိုဟတ်ကိုင်းဝင်ပေါက် ) မှတ်တိုင် ဆင်း။
အသေးစိတ်: http://jp.zekkeijapan.com/spot/index/48/

၆. ဖူဂျီဗြူးဟိုတယ် ( ယာမာနာရှီခရိုင် )

富士ビューホテル
ခါဝါခုချိရေကန်ဟိုတယ် အနေဖြင့် ကြာရှည်တည်ရှိခဲ့သည်။ သက်တမ်း ၈၀ ကျော်ရှိတဲ့ ရှိဒရယ်ဆာကူရာ ၊ ယအဲဆာကူရာ၊ စိုမဲယောရှိနိုဆာကူရာ၊ ဖူဂျီဆာကူရာ စတာတွေကို မြင်တွေ့ ခံစားနိုင်ပါတယ်။ ဖျော်ဖြေပွဲ နဲ့ လက်ဖက်ရည်ပွဲလို့ ပြောကြတဲ့ပွဲတော်လည်း ကျင်းပပါတယ်။
အချိန်: ဧပြီလ အစ မှ ဧပြီလ အလယ်ထိ
လမ်းကြောင်း: ( ခါဝါခုရှိခိုဘူတာ ) မှ အငှားကားဖြင့် ၁၀ မိနစ်၊ တည်းခိုနေရာက ( ခါဝါခုရှိခိုဘူတာ ) မှ အခမဲ့ဘတ်စ်ကား ထွက်သည်။
အသေးစိတ်: http://www.fujiview.jp/

အထက်ပါ ဆာကူရာနဲ့ ဖူဂျီတောင်ရဲ့ အကောင်းဆုံးနေရာ။
ကင်မရာယူပြီး လာခဲ့ပါ။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၈~၉လပိုင်းအတွင်းအကြံပြုချက်