( တစ်ခါကြည့်ရုံဖြင့် သိကြလား ! ) ဂျပန်တစ်နိုင်ငံလုံး အာဂျိဆိုင်းပန်းပွင့်ခြင်းရှေ့ ပြေးလမ်းကြောင်းနှင့် နာမည်ကြီး ၁၃ နေရာကို သတင်းကောင်းပါးလိုက်ပါတယ်။

( တစ်ခါကြည့်ရုံဖြင့် သိကြလား ! ) ဂျပန်တစ်နိုင်ငံလုံး အာဂျိဆိုင်းပန်းပွင့်ခြင်းရှေ့ ပြေးလမ်းကြောင်းနှင့် နာမည်ကြီး ၁၃ နေရာကို သတင်းကောင်းပါးလိုက်ပါတယ်။
( ပန်းပွင့်ခြင်းရှေ့ ပြေးလမ်းကြောင်း ) လို့ ပြောရင် ဆာကူရာပန်းကို မြင်ယောင်မယ့်သူတွေက များမယ်လို့ ထင်ပေမယ့် အာဂျိဆိုင်းပန်းလည်း ပန်းပွင့်ခြင်းရှေ့ ပြေးလမ်းကြောင်းကို ကြည့်ရှုတိုင်းတာနေတာကို သိကြပါလား ?
အာဂျိဆိုင်းပန်းပွင့်ရက်ဆိုတာက စံပြအပင်ရဲ့ ပြည့်ဝတဲ့ပန်းပွင့်က ၂ပွင့် မှ ၃ ပွင့် ပွင့်တဲ့ရက်ဖြစ်တယ်။

အထက်ဖော်ပြပါ မြေပုံအတိုင်း မေလ ကုန်ဆုံးသွားချိန်မှာ ခရူးရှူးတောင်ပိုင်းမှာ ပန်းပွင့်ချိန် စတင်ပြီး ဇွန်လမှ ဇူလိုင်လထိ ဂျပန်အနောက်ပိုင်း၊ ဂျပန်အရှေ့ ပိုင်းကို မြောက်ဘက်သို့ ဆက်သွားပြီး သြဂုတ်လလယ်မှာ ဟိုကိုင်းဒိုးမြောက်ပိုင်းကို ရောက်ရှိပါတယ်။ ဒီနှစ်လည်း ဂျပန်နိင်ငံရဲ့ ဒေသတိုင်းမှာ ပန်းစတင်ပွင့်ပြီး အာဂျိဆိုင်းပန်းရှုခင်းကို ရှုမျော်ကြည့်ကြမယ်နော်၊ အခုချိန်က စပြီး အစီအစဉ်ဆွဲကြည့်ပါနော်။
ဒီနေရာမှ အာဂျိဆိုင်းပန်းရှုခင်းနေရာ ၁၃ ခုကို သတင်းကောင်းပါးပါမယ်။

၁။ မီချိနိုခုအာဂျိဆိုင်းပန်းခြံ ၊ အီဝသဲ့ခရိုင်

みちのくあじさい園
  • みちのくあじさい園
  • みちのくあじさい園

|အပင်ပေါင်း ၃ သောင်းကျော်လောက်ရှိတဲ့ အာဂျိဆိုင်းပန်းတွေ ပွင့်နေတဲ့ ထင်းရှူးတောကြီးက ဝန်းရံထားတဲ့ အပန်းဖြေဥယျာဉ်

ဂျီဘူရီရုပ်ရှင်ရဲ့ ရိုက်ကွင်းတစ်ခုလိုမျိုး ဆန်းပြားလှပတဲ့ လျှောက်လမ်းဖြစ်တယ်။

မီချိနိုခုအာဂျိဆိုင်းပန်းခြံသည် ကျိုတိုဒုန်း ၃ ပိုင်းရှိတဲ့ ထင်းရှူးသစ်တောတွင်းမှာ အမျိုးပေါင်း ၃၀၀ ၊ အပင်ပေါင်း ၃ သောင်းကျော်ရှိတဲ့ အာဂျိဆိုင်းပန်းတွေ ပွင့်နေပြီး တိုကျိုရဲ့ အဆင့်မြင့်ဆုံး အာဂျိဆိုင်းပန်းဥယျာဉ်ဖြစ်တယ်။

ထင်းရှူးသစ်တောရဲ့ အေးချမ်းမှုနှင့် သန့် ရှင်းလတ်ဆတ်တဲ့ လေထုထဲမှာ အရောင်မျိုးစုံရှိတဲ့ အာဂျိဆိုင်းပန်းတွေ ဝန်းရံပြီး လမ်းလျှောက်မယ်ဆိုရင် စိတ်ကို အကောင်းဆုံးပြန်လည်ကုစားနိုင်ပြီး ကြည်လင်ဆန်းမှုကို ရရှိလာနိုင်ပါတယ်။
【ကြည့်ရှုချိန် 】ဇွန်လကုန်မှ ဇူလိုင်လကုန်
【 နေရာ】အီဝသဲ့ခရိုင် အီချိနိုဆဲခိမြို့၊ မိုင်းခါဝဂျိ ဟာရဆာဝ ၁၁၁
【ပန်းခြံဝင်ကြေး】လူကြီး ၈၀၀ ယန်း ၊ ကလေး ၄၀၀ ယန်း။
【အလုပ်ချိန်】
ဇွန်လကုန် မှ ဇူလိုင်လ ကုန် ၊ ၉း ၀၀ မှ ၁၇း၀၀ ( ဝင်ပေါက် ၁၆း ၃၀ နောက်ဆုံး )
※ နေ့ ထူးနေ့ မြတ်တွင် ၇း ၃၀ ပန်းခြံဖွင့်သည်။
【လမ်းကြောင်း 】JR ( အီချိနိုဘူတာ ) မှ ကားဖြင့် ၂၀ မိနစ်ခန်
【 ဝက်ဆိုဒ်】http://www006.upp.so-net.ne.jp/miti-aji/

၂ ။ စမ်းစမ်းနို ခန်နွန်းဘုရားကျောင်း ယာမဂတခရိုင်

笹野観音
  • 笹野観音
  • 笹野観音

|ခံစားသက်ဝင်မှုအပြည့်ပေးစွမ်းနိုင်တဲ့ သက်ကယ်မိုးဘုရားကျောင်းဆောင်နှင့် တောက်ပတဲ့အရောင်ဖြင့် ထွန်းလင်းနေတဲ့ အာဂျိဆိုင်းပန်းတွေရဲ့ ပြိုင်ဆိုင်မှု

ရဲတိုက်မြို့ရဲ့ ခံစားမှုသွင်ပြင်တွေ ကျန်ရှိနေတဲ့ ယာမဂတခရိုင် ၊ ယော်နဲဇာဝမြို့မှာ အာဂျိဆိုင်းဘုရားကျောင်းလို့ ခေါ်ဝေါ်နိုင်တဲ့ စမ်းစမ်းနို ခန်နွန်းဘုရားကျောင်းရှိပါတယ်။

တောတောင်ထဲမှာ တိတ်တဆိတ်ဆောက်လုပ်ထားပြီး သက်ဝင်ခံစားမှုရှိတဲ့ သက်ကယ်မိုး ( စမ်းစမ်းနို ခန်နွန်းဘုရားကျောင်း ) က ဆာခါနိုအူအဲနို တာမုရမာရိုစစ်သူကြီးက ဗုဒ္ဓဘာသာအရ အမိနိုင်ငံကို ငြိမ်းချမ်းမှုရရှိစေဖို့ အတွက် ဆောက်လုပ်ပေးခဲ့တယ်လို့ ပြောကြပါတယ်။

စမ်းစမ်းနို ခန်နွန်းဘုရားကျောင်းဝင်းတွင်း တစ်ပြင်လုံးကို အပင်ပေါင်း ၂၀၀၀ လောက်ရှိတဲ့ အာဂျိဆိုင်းပင်တွေကို စိုက်ပျိုးထားပြီး ကြည့်ရှုချိန်ဖြစ်တဲ့ ဇူလိုင်လလယ်ကို ရောက်ရှိလာရင် ဘုရားကျောင်းကြီးက တောက်ပတဲ့အရောင်တွေရှိတဲ့ အာဂျိဆိုင်းပန်းတွေက ဖုံးလွှမ်းနေပြီး တွေ့ လိုက်တာနဲ့ ခံစားလှုပ်ရှားစေပါတယ်။
【ကြည့်ရှုချိန်】ဇူလိုင်လလယ်ခန်
【နေရာ】ယာမဂတခရိုင် ယော်နဲဇာဝမြို့၊ စမ်းစမ်းနိုဟွန်းမြို့ ၅၆၈၆ - ၅
【အလုပ်ချိန်】၉း၀၀ မှ ၁၇း ၀၀
【 လမ်းကြော】JR ( ယော်နဲဇာဝ ) ဘူတာ မှ ဘတ်စ်ကားဖြင့် ၂၀ မိနစ်ခန့် 
【ဝက်ဆိုဒ်】http://sasanokannon.com/

၃ ။ ရှိပုကုဘုရားကျောင်း ၊ မီယဂိခရိုင်

資福寺
  • 資福寺
  • 資福寺

|အာဂျိဆိုင်းပန်းတွေဆီ လည်ပတ်ပြီ တာတဲရှိယူခါရိစစ်သူကြီး၏ ဇန်းဘုရားကျောင်းကို လမ်းလျှောက်မယ်။

သမိုင်းကြောင်းတွေရှိတဲ့ စမ်းဒိုင်းမြို့ရဲ့ ခိမယာမအပိုင်းမှာ တာတဲယ ယူခါရိရဲ့ ဇန်းဘုရားကျောင်း ( ခိတယာမဂေါ်စမ်း ) လို့ ခေါ်ကြတဲ့ ရင်းဇိုင်းဗုဒ္ဓဘာသာဘုရားကျောင်းတည်ရှိပြီး အေးချမ်းပြီး လှပတဲ့ ပတ်ဝန်းကျင်သွင်ပြင်ဖြင့် ခြံရံထားပါတယ်။

ခိတယာမဂေါ်စမ်းထဲမှ တစ်ခုဖြစ်တဲ့ ( အာဂျိဆိုင်းဘုရားကျောင်း ) ဆိုတဲ့ သီးခြားနာမည်ကို ပိုင်ဆိုင်ထားတဲ့ ရှိပုကုဘုရားကျောင်းသည် မိုးရာသီအချိန်ရောက်ရင် အပင်ပေါင်း ၁၂၀၀ လောက်ရှိတဲ့ အာဂျိဆိုင်းပန်းတွေဖြင့် အရောင်ချယ်မှုန်းအလှဆင်ထားပါတယ်။ ဘုရားကျောင်း ဂိတ်ပေါက်ထိ ဆက်စပ်နေတဲ့ ဘုရားဖူးလျှောက်လမ်းနှင့် ကျောင်းဝင်းတွင်းကို လမ်းလျှောက်မယ်ဆိုရင် သီးခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားရပါတယ်။

အာဂျိဆိုင်းပန်းပွင့်ချိန်မှာ ကျောင်းဝင်းတွင်းက စာဖတ်ဆောင်လေးမှာ လက်ဖက်စိမ်း လက်ဖက်ရည်ကို သောက်သုံးနိုင်ပါတယ်။
【 ကြည့်ရှုချိန် 】ဇွန်လ ကုန်ခန့် 
【နေရာ 】 မီယဂိခရိုင် ၊ စမ်းဒိုင်းမြို့ ၊ အာအိုးဘအပိုင်း ၊ ခိတယာမ ၁ - ၁၃ - ၁
【အလုပ်ချိန် 】အလင်းရောင်ရှိချိန်ဆိုရင် ဝင်ရောက်လေ့ လာနိုင်ပါတယ်။
【 ပိတ်ရက်】ပိတ်ရက် ပုံမှန်မရှိ
【 လမ်းကြောင်း 】JR ( ခိတစမ်းဒိုင်း ) ဘူတာမှ လမ်းလျှောက် ၁၂ မိနစ်ခန်

၎ ။ မိနိုယာမပန်းခြံ ၊ ဆိုင်းတမခရိုင်

 美の山公園
  • 美の山公園
  • 美の山公園

|၃၆၀ ဒီဂရီ တစ်ပတ်လည်လုံးရှိတဲ့ ပန်နိုရားမားမြင်ကွင်း ! တောင်ထိပ်ကို အရောင်စုံဖုံးလွှမ်းထားတဲ့ ရှုခင်း

ဆိုင်းတခရိုင်ရဲ့ ချိချိဘုမြို့တော်နှင့် မိနနိုမြို့မှာ ဖြန့် ကျက်တည်ရှိနေပြီး မိနိုတောင်၏ တောင်ထိပ်မှာ တည်ရှိတဲ့ မိနိုယာမပန်းခြံမှာ လေးရာသီတိုင်း ပန်းတွေ ပွင့်လန်းနေပြီး ရာသီအလိုက် မတူညီတဲ့ လှပတဲ့ ရှုခင်းတွေကို မြင်တွေ့ နိုင်ပါတယ်။

ယင်းအချိန်တွင်းမှ ဇွန်လတွင် အပင်ပေါင်း ၄၅၀၀ ရှိတဲ့ အာဂျိဆိုင်းပင်တွေက တောင်အရှေ့ ဘက်ခြမ်းတောင်စောင်း မျက်နှာပြင် တစ်ပြင်လုံးကို ဖုံးလွှမ်းထားပြီး ဖြူဖွေးတောက်ပပြီး ဆန်းကြယ်လှပတဲ့ ပတ်ဝန်းကျင်သွင်ပြင်ကို ဖြစ်စေပါတယ်။

သဘာဝအတိုင်း ပွင့်ပြီး အရောင်မျိုးစုံရှိတဲ့ အာဂျိဆိုင်းပန်းတွေက တကယ့်ကို လှပတဲ့ ရှုခင်းဖြစ်တယ်။ ကံကောင်းမယ်ဆိုရင် ဆန်းပြားတဲ့ တိမ်အစိုင်အခဲတွေနှင့် ညနေဆည်းဆားမှာ တောက်ပနေတဲ့ အာဂျိဆိုင်းပန်းရဲ့ ရှုခင်းကို တွေ့ မြင်ရကောင်း ရနိုင်ပါတယ်။
【ကြည့်ရှုချိန် 】: ဇွန်လ အကုန် မှ ဇူလိုင်လ အစ

၅ ။ ရှိရယာမဘုရားကျောင်း ၊ တိုကျို

 白山神社
  • 白山神社
  • 白山神社

| ရှေးမြို့ဟောင်း အိမ်တန်းမှာ တိတ်ဆိတ်စွာ ရှိပြီး မိုးနဲ့ အတူ ဖြစ်ပေါ်လာတဲ့ အာဂျိဆိုင်းဘုရားကျောင်း

မြို့တွင်းရှိ အာဂျိဆိုင်း နာမည်ကြီးနေရာအဖြစ် သိကြတဲ့ ရှိရယာမဘုရားကျောင်းသည် တိုကျိုမြို့လယ်ပိုင်း၊ ရှောဝခေတ် သွင်ပြင်နှင့် အောက်ပိုင်းမြို့ရဲ့ ခံစားချက်သွင်ပြင်တွေ ကျန်ရှိတဲ့ ဘွန်းခရောအပိုင်းမှာ ရှိပါတယ်။

ဇွန်လ အလယ်ရောက်ရင် ဘွန်းခရော အာဂျိဆိုင်းပွဲတော် ကျင်းပပြီး ကျောင်းဝင်းတွင်းနှင့် ပန်းခြံ ပေါင်းပြီး အပင်ပေါင်း ၃၀၀၀ ခန့် ရှိတဲ့ အာဂျိဆိုင်းတွေ ပွင့်လန်းပြီး မလွတ်တမ်း ကြည့်ရှုဖို့ ကြိုဆိုလိုက်ပါတယ်။

ရေကြိုက်တဲ့ အာဂျိဆိုင်းပန်းတွေက မိုးတွင်းမှာသာ ရှင်သန်ပေါက်ရောက်တဲ့ အပင်မျိုးဖြစ်တယ်။ ဈေးရွာတဲ့နေ့ တွေနဲ့ ဈေးဝယ်ထွက်ရင် တစ်လက်စတည်း ရာသီကို ခံစားမြည်းစမ်းနိုင်ကြည့်ဖို့ ရှိရယာမဘုရားကျောင်းကို ဝင်လည်ကြည့်ကြပါလား။
【ကြည့်ရှုချိန် 】:ဇွန်လ အလယ်မှ ဇွန်လ အကုန်

၆ ။ ဟို့ တိုရိစိုက်ပျိုးခင်း အာဂျိဆိုင်းမြေ ၊ ချိဘခရိုင်

服部農園あじさい屋敷
  • 服部農園あじさい屋敷
  • 服部農園あじさい屋敷

|အံ့မခန်းကျယ်ပြန့် မှု ! ရောင်စုံ အာဂျိဆိုင်းကမ္ဘာသို့ 

ချိဘခရိုင်မှာ ရှိတဲ့ ဟို့ တိုရိ စိုက်ပျိုးခင်း အာဂျိဆိုင်းမြေသည် အတိုင်းအတာရဲ့ ကြီးမားမှုက မတွက်ဆနိုင်ပါဘူး။

၂၇၀၀၀ စတုရန်းမီတာရှိတဲ့ မြေမှာ အမျိုးပေါင်း ၃၀၀ ကျော်၊ အပင်ပေါင်း ၁ သောင်းလောက်ရှိတဲ့ အရောင်စုံ အာဂျိဆိုင်းပင်တွေက တောင်စောင်း မျက်နှာပြင် တစ်ပြင်လုံးကို ဆေးရောင်စုံချယ်မှုန်းထားပြီး အဲဒီနေရာက ထူးခြားတဲ့ ကမ္ဘာလောကတစ်လို ဖြစ်နေပါတယ်။

နေရောင်ခြည်ကျရောက်လာတဲ့အခါ စိုစွတ်နေတဲ့ အာဂျိဆိုင်းပန်းတွေ တလက်လက် လင်းလက်တောက်ပနေပြီး ကျောက်မျက်ရတနာတွေ ကောင်းကင်မှ ကျဲချလိုက်သလို လှပတဲ့ ပုံသဏ္ဍာန်ကို မြင်ရစေပါတယ်။
【ကြည့်ရှုချိန် 】:ဇွန်လအစ မှ ဇူလိုင်လ အစ

၇ ။ ဟာဆဲဘုရားကျောင်း ၊ ခါနာဂါဝခရိုင်

長谷寺
  • 長谷寺
  • 長谷寺

|အရောင်ရော ပုံစံရော အမျိုးစုံ ! အသာအယာ ဘုရားကျောင်းဝင်းကို ချယ်မှုန်းထားတဲ့ ၄၀ အမျိုးအစားရှိတဲ့ အာဂျိဆိုင်း

( အာဂျိဆိုင်းကြည့်မယ်ဆိုရင် ကမာကူရ ! ) လို့ ပြောနိုင်လောက်အောင် ကမာကူရမှာ အာဂျိဆိုင်းနာမည်ကြီးနေရာတွေ များစွာရှိပါတယ်။

အဲဒီထဲမှာ ဟာဆဲဘုရားကျောင်းသည် မဲအိဂဲစွတ်ကျောင်း ၊ ဂျော်ဂျူးကျောင်းတွေနှင့် ယှဉ်ပြီး ( ကမာကူရ အာဂျိဆိုင်း နာမည်ကြီးဆုံး ၃ နေရာ ) မှာ ရွေးချယ်ခံထားရပြီး အာဂျိဆိုင်း အမျိုးအစားတွေက အရမ်း များပြားကြွယ်ဝပေမယ့် သိကြပါတယ်။

အပြာ၊ ပန်းရောင်၊ အဖြူဖြစ်ပြီး ပုံသဏ္ဍာန်ရော အရွယ်အစာရော ကွဲပြားပြီး အမျိုးအစား ၄၀ ခန့် ၊ အပင်ပေါင်း ၂၅၀၀ ကျော်ရှိတဲ့ အာဂျိဆိုင်းပန်းတွေနဲ့  ဘုရားကျောင်းရဲ့ ပေါင်းစည်းလှပမှုက အံ့မခန်းပါဘဲ။ ကြည့်ရှုလေ့လာရေးမျှော်စင်မှ ယူအိပင်လယ်ကမ်းခြေနဲ့ ကမာကူရမြို့တန်းကို လှမ်းမြင်နိုင်ပါတယ်။
【ကြည့်ရှုချိန် 】:ဇွန်လအလယ်မှ ဇူလိုင်လ အလယ်

၈ ။ မြောဟိုးဘုရားကျောင်း ၊ ယာမာနာရှီခရိုင်

 妙法寺
  • 妙法寺
  • 妙法寺

|သွင်ပြင်ကို ပေါ်လွင်စေတဲ့ ဘုရားကျောင်းဟောင်းကို ချယ်မှုန်းထားတဲ့ အပင်ပေါင်း ၂ သောင်းရှိတဲ့ သေသပ်လှပတဲ့ အာဂျိဆိုင်း

အာဂျိဆိုင်းဘုရားကျောင်းအဖြစ် နာမည်ကြီးတဲ့ ယာမာနာရှီခရိုင် ဖူဂျီခါဝမြို့ရဲ့ ( ခိုမူရိုးယာမ မြောဟိုးဘုရားကျောင်း ) ဖြစ်တယ်။ အပင်ပေါင်း ၂ သောင်းရှိတဲ့ အာဂျိဆိုင်းတွေကို စိုက်ပျိုးထားပြီး အဲဒီအရေအတွက်များစွာသည် တစ်နိုင်ငံလုံးမှာတောင် ထိပ်တန်းအဆင့်ဖြစ်တယ်လို့ ပြောကြတယ်။

အဲဒီ အတိုင်းအတာတိုင်း အဖြူ၊ ပန်းရောင်၊ အပြာ၊ ခရမ်းရောင်၊ ပန်းခရမ်းနှင့် ခရမ်းပြာရောင် စတဲ့ အမျိုးမျိုးသော အရောင်ရှိတဲ့ အာဂျိဆိုင်းတွေက တောင်စောင်းတစ်ပြင်လုံးကို ဖုံးလွှမ်းထားတဲ့ ပုံစံက အံ့မခန်းပါဘဲ။

အဲဒီအာဂျိဆိုင်းတွေ ကြားမှ သွင်ပြင်ကို ပေါ်လွင်စေတဲ့ ခေါင်းလောင်းမျှော်စင်နဲ့ ကျောင်းဂိတ်တခါးကို မြင်ကြည့်ပြီး သဘာဝအလှမှာ ဂျပန်နိင်ငံရဲ့လှပမှုကို ပေါင်းစပ်ပြီး အေးချမ်းတဲ့ သွင်ပြင်ကို ခံစားကြည့်နိုင်ပါတယ်။
【ကြည့်ချိန် 】 ဇွန်လအကုန် မှ ဇူလိုင်လ အစ
【 နေရာ】ယာမာနာရှီခရိုင်၊ မီနာမိခိုမမြို့နယ်၊ ဖူဂျီခါဝမြို့၊ ခိုမူရိုး ၃၀၆၃
【ဝင်ကြေး】 စေတနာရှိသည့်အတိုင်း
【အလုပ်ချိန်】၉း ၀၀ မှ ၁၇း ၀၀
【လမ်းကြောင်】JR ( အိချိဂါဝဒိုင်းမွန် ) ဘူတာ / JR ( ခါဂျိခဇာဝ ) ဘူတာမှ ကားဖြင့် ၂၀ မိနစ်ခန်

၉ ။ ယော်ရှိမိနဲဘုရားကျောင်း ၊ ကျိုတို

善峯寺
  • 善峯寺
  • 善峯寺

|အပင်ပေါင်း ၁ သောင်းရှိတဲ့ အာဂျိဆိုင်းတွေက တောင်တစ်ပြင်လုံး ဖုံးလွှမ်းပြီး ကျိုတိုရဲ့ အာဂျိဆိုင်းပန်းခြံ

အနောက်တိုင်း အာဂျိဆိုင်း၊ ဂခု အာဂျိဆိုင်း၊ ယာမ အာဂျိဆိုင်း စတဲ့ အပင်ပေါင်း ၁ သောင်းလောက်ရှိတဲ့ အာဂျိဆိုင်းက ၃၀၀၀ စတုရန်းမီတာ ကျယ်ပြန့် တဲ့ မြေကို ရောင်ချယ်မှုန်းထားတဲ့ ယော်ရှိမီနဲဘုရားကျောင်းရဲ့ ရှိရယာမအာဂျိဆိုင်းပန်းခြံဖြစ်တယ်။

အနောက်တောင်ရဲ့ လမ်းတဝက် အမြင့် ၃၀၀ မီတာမှာ တည်ရှိတဲ့အတွက် အာဂျိဆိုင်းတွေကို ဖြတ်ကျော်ပြီး ကျိုတိုတာဝါနဲ့ ကျိုတိုမြို့၊ ဟိအဲအိတောင်ကို လှမ်းမြင်နိုင်တဲ့ ရှုခင်းနေရာဖြစ်တယ်။
တိမ်ထူတဲ့နေတွေမှာ လုံးဝကို စိုစွတ်ပြီး ရောင်သွေးကြွယ်ဝလာတဲ့ အာဂျိဆိုင်းပန်းတွေက တောင်စောင်း တစ်ပြင်လုံးဖုံးလွှမ်းပြီး သီးခြားကမ္ဘာလိုမျိုး ခံစားချက်သွင်ပြင်ကို မြင်တွေ့ စေပါတယ်။
【ကြည့်ရှုချိန် 】ဇွန်လအလယ်မှ ဇူလိုင်လ အစ

၁၀ ။ ခါတာဟာရရေပူစမ်း ၊ အိုက်အိချိခရိုင်

形原温泉
  • 形原温泉
  • 形原温泉

|ညအခါ မီးထွန်းအလှဆင်ထားတာက တစ်မူထူးခြားတယ် ! အပင်ပေါင်း ၅ သောင်းရှိတဲ့ အာဂျိဆိုင်းတွေ ရောင်ချယ်ထားတဲ့ ပန်းကျေးလက်

အေးချမ်းတိတ်ဆိတ်တဲ့ တောင်စောင်းလမ်း တစ်ပြင်လုံးမှာ အပင်ပေါင်း ၅ သောင်းရှိတဲ့ အာဂျိဆိုင်းတွေ ကျယ်ပြန့် စွာရှိတဲ့ ခါတာဟာရရေပူစမ်းဖြစ်တယ်။
တောင်ကုန်းမှ အရောင်သွေးစုံလင်တဲ့ အာဂျိဆိုင်းပန်းတွေကို ကျော်လွန်ပြီး အာစွတ်မိပင်လယ်အော်ကို အဝေးကြီးလှမ်းမြင်နိုင်ပါတယ်။

ပင်လယ်အော်မှာ များစွာ ပေါ်နေတာက လူမဲ့ကျွန်းဖြစ်တဲ့ မိခါဝကျွန်းကြီးဖြစ်တယ်။ နွေရာသီက ပင်လယ်ရေကစားလာကြတဲ့ ဧည့်သည်တွေဖြင့် စည်ကားနေတာကို မြင်တွေ့ နိုင်ပါတယ်။

အာဂျိဆိုင်းပွဲတော်ချိန်ခါ ညတွေမှာ မီးထွန်းပွဲနဲ့ ပိုးစုန်းကြူးကို ခံစားနိုင်ပြီး နေ့ ချိန်ခါရောက်ရင် မတူညီတဲ့ ဆန်းပြားတဲ့ သွင်ပြင်ကို ပျော်ရွှင်ခံစားနိင်ပါတယ်။
【ကြည့်ချိန် 】 ဇွန်လအစ မှ ဇူလိုင်လ အစ

၁၁ ။ အိုဂါဝရကုန်းမြင့်လွင်ပြင် တိုခုရှိမခရိုင်

大川原高原
  • 大川原高原
  • 大川原高原

|ကြီးမားဆန်းကျယ်တဲ့ တိမ်ပင်လယ်နဲ့ အာဂျိဆိုင်းရဲ့ ဆန်းကျယ်မှုတို့ ၏ ပေါင်းစပ်မှု

အပင်ပေါင်း ၃ သောင်းရှိတဲ့ အာဂျိဆိုင်းတွေက အေးချမ်းတဲ့ တောင်စောင်းမျက်နှာပြင်တစ်ခုလုံးကို အပြာရောင်ချယ်မှုန်းထားတဲ့ အိုဂါဝရကုန်းမြင့်လွင်ပြင်ဖြစ်တယ်။

တောင်ကို ဖုံးအုပ်ထားတဲ့ အာဂျိဆိုင်းပန်းနဲ့ တိမ်ပင်လယ်တွေရဲ့ လိုက်ဖက်ပေါင်းစပ်မှုက ခမ်းနားထည်ဝါပြီး စွမ်းအားကြီးတဲ့ ရှုခင်းမှာ စွံအသွားရပါတယ်။ တောင်ထိပ်မှာ တပ်ဆင်ထားတဲ့ ၁၅ တိုင်ရှိတဲ့ လေဒလက်တွေနဲ့ အာဂျိဆိုင်းတွေရဲ့ အလှချင်းပြိုင်နေတာကို တွေ့ မြင်နိုင်ပါတယ်။
【ကြည့်ရှုချိန် 】 ဇွန်လကုန် မှ ဇူလိုင်လအလယ်

၁၂ ။ ခိဘိစွတ်ဘုရားကျောင်း ၊ အိုခယာမခရိုင်

吉備津神社
  • 吉備津神社
  • 吉備津神社

|အာဂျိဆိုင်းပန်းတွေ ချယ်မှုန်းထားတဲ့ ကျောက်လှေကားထစ်တွေက လှပပြီး မိုမိုတာရိုးဒဏ္ဍာရီပုံပြင်တွေ ကျန်ရှိတဲ့ ဘုရားကျောင်း

အိုခယာမခရိုင်ကို ကိုယ်စားပြုတဲ့ စွမ်းအင်နေရာအဖြစ် နာမည်ကြီးတဲ့ ခိဘိစွတ်ဘုရားကျောင်းဖြစ်တယ်။ ပန်းခြံမှာ အပင် ၁၅၀၀ ရှိတဲ့ အာဂျိဆိုင်းပန်းတွေ ပွင့်ပြီး အထူးသဖြင့် ကျောက်လှေကားထစ်ရဲ့ ဘေးနှစ်ဘက်ကို ဖုံးကာထားတဲ့ ပုံသဏ္ဍာန်က အံ့မခန်းပါဘဲ။

ပြီးတော့ ခိဘိစွတ်ဘုရားကျောင်းမှာ ရိုးရာပုံပြင် . မိုမိုတာရိုးရဲု့ပုံစံလို့ ပြောတဲ့ မကောင်းဆိုးဝါးနှိမ်နင်းခြင်းဒဏ္ဍာရီပုံပြင် ( အူရ နှိမ်နင်းခြင်း ) ကို လက်ဆင့်ကမ်းပြောကြားတာလည်း နာမည်ကြီးပါတယ်။

မကောင်းဆိုးဝါးနှိမ်နင်းခြင်းနှင့် ဆက်စပ်သောဘုရာကျောင်းနဲ့ ယုံကြည်ကိုးကွယ်မှုတွေက များစွာရှိပြီး စွန့် စားချင်တဲ့စိတ်နှလုံးကို နိုးထစေပါတယ်။ ဒီအပြင် ဒီနေရာမှာသာ သတ်မှတ်ပုံစံရှိတဲ့ ပင်မကျောင်းဆောင်နှင့် ဖူးမျှော်ကျောင်းဆောင်က နိုင်ငံ့အဖိုးတန်ရတနာအဖြစ် သတ်မှတ်ထားပြီး ကြည့်ရရုံဖြင့် တန်ဖိုးရှိပါတယ်။ ဘူတာမှ နီးပြီး ခရီးသွားလည်ပတ်ဖို့ ကောင်းတဲ့ဘုရားကျောင်းဖြစ်တယ်။
【ကြည့်ရှုချိန် 】ဇွန်လအလယ်မှ ဇူလိုင်လ အစ
【နေရာ 】အိုခယာမခရိုင်၊ အိုခယာမမြို့၊ မြောက်ပိုင်း ခိဘိစွတ် ၉၃၁
【ဝင်ကြေး 】အခမဲ့
【အလုပ်ချိန်】၅း ၀၀ မှ ၁၈း ၀၀
【လမ်းကြောင်း】JR ( ခိဘိစွတ် ) ဘူတာမှ လမ်းလျှောက် ၈ မိနစ်ခန်
【ဝက်ဆိုဒ်】http://www.kibitujinja.com/

၁၃ ။ အိုရှိဒိုရိရေကန် ၊ နာဂါစခိခရိုင်

おしどりの池
  • おしどりの池
  • おしどりの池

| မြစိမ်းရောင်စွန်းထင်နေတဲ့ ရေကန်ဘေးက အာဂျိဆိုင်းပန်းများ

ရေကန်ဘေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ အုပ်စုလိုက်ရှင်သန်နေတဲ့ အပင်ပေါင်း ၁ သောင်းလောက်ရှိတဲ့ အာဂျိဆိုင်းရှုခင်းက လှပကျော့ရှင်းတဲ့ အိုရှိဒိုရိရေကန်ဖြစ်တယ်။

နေသာတဲ့နေ့ မှာ ရေကန်အရောင်က မြစိမ်းရောင်တောက်ပပြီး အာဂျိဆိုင်းပန်း အပြာရောင်နှင့် ပေါင်းစပ်မှုက လှပခန့် ညားတဲ့ ရှုခင်းကို ထင်ဟပ်စေပါတယ်။

၂.၇ ကီလိုမီတာရှိတဲ့ ရေကန်ပတ်လည်မှာ လမ်းလျှောက်လမ်းဖြစ်နေတာကြောင့် အာဂျိဆိုင်းနဲ့ မြက်ပင်တွေကို ကြည့်ရင်း လမ်းလျှောက်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
【ကြည့်ရှုချိန်】ဇွန်လအစ မှ ဇူလိုင်လအစ
【နေရာ】နာဂါစခိခရိုင် ၊ အွန်းဇမ်းမြို့၊ အိုဘမချော ၊ အွန်းဇမ်း
【လမ်းကြောင်း】JR ( အီစဟာရဘူတာ ) မှ ဘတ်စ်ကားဖြင့် ၁ နာရီ ၂၀ မိနစ်ခန့် ၊ ( ဘယ့်ရှောဂူချီ) မှာ ဆင်းပြီး ၁၀ မိနစ် လမ်းလျှောက်။
【ဝက်ဆိုဒ် 】http://www.shimakanren.com/spots/detail/1363
အထက်ဖော်ပြပါ၊ အာဂျိဆိုင်းပန်းပွင့်ခြင်းရှေ့ ပြေးလမ်းကြောင်းနှင့် အာဂျိဆိုင်း နာမည်ကြီး ၁၃ နေရာ လက်ရွေးစင်ဖြစ်ပါတယ်။
မိုးရာသီချိန်မှာ အပြင်ထွက်ပြီး အေးချမ်းတိတ်ဆိတ်တဲ့ အာရုံခံစားမှုတွေ ပြည့်လျှံနေတဲ့ အာဂျိဆိုင်းပန်းရှုခင်းကို အပြည့်အဝ ကြည့်ရှုပါနော်။
※ ပန်းပွင့်ခြင်းရှေ့ ပြေးလမ်းကြောင်းမြေပုံသည် မိုးလေဝသဌာန ( အာဂျိဆိုင်းပန်းပွင့်ရက်၏ နေ့ ရက်တူလမ်းကြောင်းမြေပုံ ( ၁၉၈၁ မှ ၂၀၁၀ ခုနှစ် သာမန်နှစ် ) ကို အခြေခံပြီး ZEKKEI Japan တည်းဖြတ်အဖွဲ့ က ပြုလုပ်ထားပါသည်။
※ဒေသတိုင်း၏ ပန်းပွင့်ချိန်နှင့် ကြည့်ရှုချိန်သည် လက်ရှိအချိန် ရာသီဥတုပေါ်မူတည်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၅~၆လပိုင်းအတွင်းအကြံပြုချက်