( အဲဒိုခေတ်မှ မဲအိဂျိခေတ်ထိ တစ်ကြိမ်တစ်ခါလောက် မြည်းစမ်းကြည့်ရအောင် ) ခူရရှိခိဘိခန်ဧရိယာ လက်ရွေးစင် ၁၅ နေရာ

( အဲဒိုခေတ်မှ မဲအိဂျိခေတ်ထိ တစ်ကြိမ်တစ်ခါလောက် မြည်းစမ်းကြည့်ရအောင် ) ခူရရှိခိဘိခန်ဧရိယာ လက်ရွေးစင် ၁၅ နေရာ
ခူရရှိခိမြို့က ချူးခိုခုဒေသမှာ တတိယလူဦးရေများဆုံးဖြစ်တဲ့ အိုခါယာမခရိုင်ရဲ့ မြို့တော်ဖြစ်တယ်။ မြို့ဟောင်းလေးရဲ့ လှပတဲ့ခရီးသွားအပိုင်းက ဆဲတိုအိုးတံတားလို့ ပြောတဲ့ ခရီးသွားနေရာဖြစ်ပြီး ဒဲနိမုထွက်ရှိရာဒေသဖြစ်တဲ့ ခိုးကျွန်းလည်း နာမည်ကျော်ကြားပါတယ်။ အရင်က မိတ်ဆက်ပေးထားတဲ့ အိုနိုလမ်းနဲ့ တွဲရက်ဖြစ်ပြီး ခရီးသွားလည်ပတ်လို့ လည်းကောင်းပါတယ်။

ခူရရှိခိမြို့တွင်းမှာလည်း လှပတဲ့ခရီးသွားအပိုင်းက မကင်းကွာနိုင်တဲ့ဧရိယာဖြစ်တယ်။ ထင်တာထက်ပိုပြီး ကျယ်တဲ့ ဆိုင်တွေမှာ မငြီးငွေ့ နိုင်ပဲ စားသောက်နိုင်ပါတယ်။
ဒီတခါတော့ စာရေးသူက ရွေးချယ်ထားတာက ခူရရှိခိလှပတဲ့ခရီးသွားဒေသရဲ့ လက်ရွေးစင် ၁၅ ခု ဖြစ်တယ်။

◆လှပတဲ့ခရီးသွားဒေသမှာပျော်ရွှင်ခံစားပုံ


၁ ။ လှပတဲ့ခရီးသွားဒေသမှာ လမ်းလျှောက်မယ်

 美觀地區
( လှပတဲ့ခရီးသွားဒေသ ) ဆိုတဲ့ နာမည်အတိုင်း နှစ်သက်ငေးမောအောင် လှပတာက ဒီဒေသဖြစ်တယ်။ အဲဒိုခေတ်မှာက အဲဒိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ ( လက်အောက်ခံဒေသ ) ဖြစ်တဲ့ ခူရရှိခိက ကုန်သွယ်မှုလုပ်ငန်းတိုးတတ်လာတာနှင့်အမျှ များစွာသော လူတွေ ဝင်ထွက်နေပြီး မြို့ပြက ပြောင်းလဲတိုးတက်လာခဲ့တယ်။
မြစ်တလျှောက်မှာက ဝါဂွမ်းနဲ့ စပါး၊ မြေသြဇာစတဲ့ လက်ကားအရောင်းဆိုင်တွေ တည်ထားပြီး သင်္ဘောဖြင့် သယ်ဆောင်ခဲ့ကြပါတယ်။
 美觀地區
အဲဒိုခေတ်မှ မဲအိဂျိခေတ်ထိ ဆောက်လုပ်ထားတဲ့ အမျိုးမျိုးသော အဆောက်အဦးတွေက အဲဒီအတိုင်း ကျန်ရှိနေတာက ဆွဲဆောင်မှုအရှိဆုံးဖြစ်ပါတယ်။
 美觀地區
လမ်းလျှောက်ကြည့်နေရုံဖြင့် အရမ်းကို ဆွတ်ပျံ့ လွမ်းဆွတ်တဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ခါနဇာဝ နဲ့ နာဂါနိုမြို့ဟောင်းတွေနဲ့ နှိုင်းယှဉ်ရင်လဲ ကျယ်ပြန့် ပြီး နာမည်ကြီးဆိုင်တွေလည်း များစွာရှိပါတယ်။ ၂ ရက်တောင် လမ်းလျှောက်ကြည့်ခဲ့ပါတယ်။

၂ ။ လှပတဲ့ခရီးသွားဒေသရဲ့ ညရှုခင်းအလှ

 美觀地區
ဈေးဆိုင်တွေ ပိတ်သွားပေမယ့် ညအခါမှာလည်း အခြားသွင်ပြင်တစ်ခုကို မြင်တွေ့ နိုင်တဲ့ လှပတဲ့ခရီးသွားဒေသဖြစ်တယ်။
 美觀地區
မြစ်မှာ ပုံရိပ်ထင်နေတဲ့ အလင်းရောင်နဲ့ အဆောက်အဦးတွေက အရမ်းကို ဆန်းပြားလှပပါတယ်။
 美觀地區
ညမှာ လူသွားလူလာတွေလည်း နည်းပါးတာကြောင့် စိတ်ကြိုက် ဓါတ်ပုံရိုက်ပါနော်။
 美觀地區

၃ ။ ရိုးရာလှေ စီးမယ်။

 美觀地區 搭乘日式扁舟
ရှေးတုန်းက ကုန်စည်တွေ တင်ဆောင်တဲ့ လှေက ယခုချိန်မှာ ခရီးသွားဧည့်သည်တွေ စီးနိုင်ပါတယ်။
အသေးစိတ် :https://www.kurashiki-tabi.jp/see/3598/

◆လှပတဲ့ခရီးသွားဒေသရတိုက်တွန်းချင်သောနေရာများ


၎ ။ အိုးဟာရအနုပညာပြတိုက်

 美觀地區 大原美術館
စီးပွားရေးလုပ်ငန်းရှင် အိုးဟာရ မာဂေါစမ်းဘူရောက တည်ဆောက်ခဲ့တဲ့ ကိုယ်ပိုင်အနုပညာပြတိုက်ဖြစ်တယ်။ ဂျပန်မှာ နှစ်နေရာဘဲ ရှိတဲ့ ပန်းချီပညာရှင် အဲရု ဂူလဲခိုးရဲ့ ( အများသို့ အသိပေးခြင်း ) က ကြည့်သင့်တဲ့ပန်းချီကားဖြစ်တယ်။ အခြား ပန်းချီဆရာတွေဖြစ်တဲ့ ပီကာဆို၊ ရုစိုး၊ မိုးနဲ ၊ ဂေါဂန်း၊ ဆဲဇန်းနဲ စတဲ့ လူတိုင်းသိကြတဲ့ နာမည်ကြီး အနောက်တိုင်း ပန်းချီပညာရှင်တွေရဲ့ လက်ရာတွေ၊ ခါစယာရောအိ ၊ နီနဂါဝမိခ စတဲ့ ဂျပန်ရဲ့ ခေတ်ပြိုင် အနုပညာတွေထိ တစ်ကမ္ဘာလုံးဆိုင်ရာ အလွှာစုံက အနုပညာလက်ရာတွေကို ပြသထားပါတယ်။
အသေးစိတ် :http://www.ohara.or.jp/201001/jp/index.html

၅ ။ ယူရင်းအန်း Café

 美觀地區 有鄰庵Cafe
လှပတဲ့ ခရီးသွားဒေသမှာ နံပါတ်တစ် လူကြိုက်များတဲ့ ယူရင်းအန်းကဖေးဖြစ်တယ်။
 美觀地區 有鄰庵Cafe
▲တန်းစီစောင့်ဆိုင်းနေကြပါတယ်။
ဒီနေရာမှာ လူကြိုက်များတဲ့ မီနူးက နောက်ပိုင်းမှာ ထွက်လာတဲ့ ( ပျော်စရာပူတင်း ) လို့ ဓါတ်ပုံရိုက်ထားတဲ့ ( မယ်ရီကယ်ပန်နာကော်တာ ) ဖြစ်တယ်။
 美觀地區 有鄰庵Cafe
ကျွန်တော်ကတော့ စားခဲ့တာသေချာတာပေါ့။ ၂ ပတ်လောက်ကြာပြီးနောက် ကောင်းတဲ့အရာတွေ ဖြစ်လာမယ်ဆိုတာတို့။
အဲဒီကစပြီး ကြက်ဥထမင်းလည်း လူကြိုက်များလာတာကြောင့် ထမင်းစားချိန်မှာလည်း မလွတ်စေနဲ့ နော်။

ညနေမှ သွားရင် ပူတင်းနဲ့ ပန်တာကော်နာက ရောင်းကုန်သွားတာတွေ ရှိလို့ စောစောသွားပါနော်။
ယူရင်းအန်းက တည်းခိုရိပ်သာလည်း ရှိတာကြောင့် တည်းခိုကြည့်ပါနော်။ အရမ်းကို အဆင်ပြေတဲ့ နေရာဖြစ်တယ်နော်။
အသေးစိတ် :http://u-rin.com/


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၇~၈လပိုင်းအတွင်းအကြံပြုချက်