( အာဂျိဆိုင်းပန်းမှာ အဆိပ်ရှိလား ? ) အာဂျိဆိုင်းပန်းမှာ ပုန်းကွယ်နေတဲ့ လျှို့ ဝှက်ချက် ၅ ခု

( အာဂျိဆိုင်းပန်းမှာ အဆိပ်ရှိလား ? ) အာဂျိဆိုင်းပန်းမှာ ပုန်းကွယ်နေတဲ့ လျှို့ ဝှက်ချက် ၅ ခု
ဇွန်လက အာဂျိဆိုင်းပန်းရာသီချိန်ဖြစ်တယ်။ ခရီးသွားဖို့ က မိုးများတဲ့ရာသီဖြစ်ပေမယ့် မိုးရေဖြင့် စိုပြေလာတဲ့ အာဂျိဆိုင်းပန်းရဲ့ အလှကို ရှာဖွေခံစားကြည့်ပြီး ဆက်ဆက်ခရီးထွက်ကြည့်စေချင်ပါတယ်။
အာဂျိဆိုင်းပန်းတွေရဲ့ ဂျပန်တစ်နိုင်ငံလုံးမှာ ရှိတဲ့ နာမည်ကျော်ကြားတဲ့နေရာတွေကို ယခင်က ပြောပြခဲ့ပေးပေမယ့်ဒီတကြိမ်တော့ အာဂျိဆိုင်းပန်းတွေရဲ့ လျှို့ ဝှက်ချက်ကို မိတ်ဆက်ပြောပြပါမယ်။
အာဂျိဆိုင်းပန်းကြည့်ဖို့ ခရီးစဉ်က ပိုပြီး ပျော်စရာကောင်းလာမှာ သေချာပါတယ်။

၁ ။ အာဂျိဆိုင်းပန်းမှာ အဆိပ်ရှိတယ်။

 德島 大川原高原  紫陽花
▲အညွှန်း : တိုခုရှိမခရိုင် အိုးဂါဝရကုန်းမြင့်လွင်ပြင်
အာဂျိဆိုင်းပန်းမှာအဆိပ်ရှိတယ်ဆိုတဲ့ကောလဟာလကိုသိခဲ့ဖူးပါသလား
အာဂျိဆိုင်းပန်းမှာအဆိပ်ရှိတယ်ဆိုတဲ့ကောလဟာလကိုသိခဲ့ဖူးပါသလား တကယ်က အဆိပ်ရှိလားမရှိလား ဘယ်သူမှသေချာမသိသေးပါဘူး

၁၉၂၀ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ အာဂျိဆိုင်းပန်းကို စားမိတဲ့ အိမ်မွေးတိရိစ္ဆာန်က အဆိပ်သင့်သွားတဲ့ ဥပမာရှိပြီး အဲဒီအဆိပ်အမျိုးအစားက အာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။
ပြီးတော့ ၂၀၀၈ ခုနှစ်မှာ ဂျပန်မှာလည်း အီဘာရဂိခရိုင် စွတ်ခုဘမြို့ရဲ့ စားသောက်ဆိုင်တစ်ခုမှာ ဟင်းမှာ ရောနှောနေတဲ့ အာဂျိဆိုင်းရွက်ကို စားမိတဲ့ လူ ၁၀ ယောက်မှာ ၈ ယောက်က အော့အန်တယ်ဆိုတဲ့ ဥပမာရှိခဲ့ပါတယ်။ ပြီးတော့ တစ်နှစ်တည်းမှာဘဲ အိုဆာကာမြို့က ရိုးရာအရက်ဆိုင်မှာလည်း အော့အန်ပြီး မျက်နှာနီမြန်းလာတယ်ဆိုတဲ့ ဝေဒနာခံစားခဲ့ရတဲ့ ဥပမာလည်းရှိခဲ့ပါတယ်။

မစားရင် ပြသနာမရှိတာကြောင့် အိမ်မွေးတိရိစ္ဆာန်နဲ့ ကလေးကို မစားမိအောင် ဂရုပြုဖို့ လိုအပ်ပါတယ်။
ကိုးကားချက် : http://www.mhlw.go.jp/stf/seisakunitsuite/bunya/0000082116.html

၂ ။ အာဂျိဆိုင်းပန်းတွေက ဘုရားကျောင်းတွေမှာ များစွာရှိရတဲ့ အကြောင်းအရင်း

 日本寺院 資福寺 仙台
▲အညွှန်း :ဆမ်းဒိုင်းမြို့၊ ရှိပုခုဘုရားကျောင်း အာဂျိဆိုင်းပန်း
တစ်နိုင်ငံလုံးက ဒေသအသီးသီးမှာ ( အာဂျိဆိုင်းဘုရားကျောင်း ) ဆိုတဲ့ မှည့်ခေါ်ကြတဲ့ ဘုရားကျောင်းတွေ ရှိပါတယ်။
နာမည်ကျော်ကြားတဲ့နေရာက ကမာကူရာမြို့က မဲအိဂဲစွတ်ဘုရားကျောင်း၊ ဂျောဂျူးဘုရားကျောင်း၊ နာရမြို့က ယာတဘုရားကျောင်း ၊ ကျိုတိုမြို့က ခန်နွန်းဘုရားကျောင်းနဲ့ မိချိဘုရားကျောင်းတွေဘဲ မဟုတ်လား။
ဒါဆိုဘာကြောင့် ဘုရားကျောင်းတွေမှာ အာဂျိဆိုင်းပန်းတွေ စိုက်ပျိုးကြတာ များတာလဲ။

ရှေးယခင်က ဂျပန်ရဲ့ဒေသအသီးသီးမှာ ကူးစက်ရောဂါပြန့် ပွားနေပြီး လူများစွာ သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေကို ဘဝကူးကောင်းအောင် အမျှပေးဝေတဲ့ ရည်ရွယ်ချက်ဖြင့် မိုးရာသီမှာ ပွင့်တဲ့ အာဂျိဆိုင်းပန်းတွေကို စိုက်ပျိုးထားခဲ့တယ်လို့ ကြားရပါတယ်။ အဲ့နောက်ပိုင်း ဆေးပညာတိုးတက်လာပြီး မိုးရာသီမှာ ကူးစက်ရောဂါဖြင့် သေဆုံးတဲ့ လူဦးရေနည်းပါးလာခဲ့ပြီးနောက်မှာလည်း အာဂျိဆိုင်းပန်းတွေက စိုက်ပျိုးရလွယ်ကူပြီး လှပတာကြောင့် ဘုရားကျောင်းဝင်းတွင်းမှာ အာဂျိဆိုင်းပန်းတွေ ဆက်လက်စိုက်ပျိုးထားခဲ့ပါတယ်။


၃ ။ မြေကြီးရဲ့ အက်စစ်ဓါတ်ပါဝင်မှုပေါ်မူတည်ပြီး အရောင်တွေ ကွဲပြားပါတယ်။

အာဂျိဆိုင်းပန်းရဲ့ အခြားနာမည်က ( ခုနှစ်ရောင်ပြောင်းပန်း ) ပါ။ အာဂျိဆိုင်းပန်းရဲ့ အရောင်က မြေကြီးရဲ့ အက်စစ်ဓါတ်ပါဝင်မှု နှန်းပေါ်မူတည်ပြီး အရောင်ပြောင်းပါတယ်။ မြေကြီးက အက်စစ်ဓါတ်များရင် အပြာရောင်ဖြစ်ပြီး အလယ်မှ အယ်ကာလိုင်းအမျိုးအစားလောက်ဆိုရင် ပန်းရောင်ဖြစ်ပါတယ်။
 紫陽花 繡球花

၎ ။ အာဂျိဆိုင်းပန်းရဲ့ မူလထွက်ရှိရာဒေသက ဂျပန်ဖြစ်တယ်။

 紫陽花 繡球花
▲အညွှန်း: နာချိရေတံခွန်
အာဂျိဆိုင်းပန်းရဲ့ မူလထွက်ရှိရာဒေသက ဂျပန်ဖြစ်တယ်။ ရှေးကျဆုံး ရိုးရာကဗျာစုစည်းမှု ( မန်းရောရှူး ) မှာလည်း ( အာဂျိဆိုင်း ) ( အာဂျိဆိုင်း ) အဖြစ် ပေါ်ထွက်လာခဲ့ပြီး ရှေးတုန်းကတည်းက ဂျပန်မှာ ပေါက်ရောက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမယ့် ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ ကြောက်စရာကောင်းတဲ့အရာအဖြစ် ( တစ္ဆေပန်း ) လို့ ခေါ်ကြပြီး ရွံရှာခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ၁၈ ရာစုနှစ်မှာ ဥရောပကို ပျံ့ နှံ့ ကာ အမျိုးအစားကောင်းမွန်လာပြီး အဲဒါက ဂျပန်ကို ပြန်လည်ဝင်ရောက်လာပြီး အာဂျိဆိုင်းပန်းက လူကြိုက်များတဲ့အရာဖြစ်လာခဲ့ပါတယ်။

၅ ။ အာဂျိဆိုင်းပန်းရဲ့ အဓိပ္ပါယ်

အာဂျိဆိုင်းပန်းရဲ့ အဓိပ္ပါယ်က အမျိုးမျိုးရှိပြီး အရောင်အလိုက် ကွဲပြားပါတယ်။
( စိတ်မငြိမ်ခြင်း၊ သွေးအေးခြင်း၊ ရက်စက်ခြင်း၊ ဂုဏ်ယူဝင့်ကြွားခြင်း၊ အသဲနှလုံးမရှိခြင်း၊ဇွဲကောင်းခြင်း ) လို့ ဆိုတဲ့ အရာအားလုံးက အဆိုးမြင်စကားလုံးဖြစ်ပေမယ့် ဒီဟာတွေက ဥရောပမှ အဓိပ္ပါယ်တွေ ဖြစ်ပါတယ်။
ဂျပန်မှာက ( မိသားစုသိုက်ဝန်းခြင်း၊ ပေါင်းစည်းခြင်း၊ ငြိမ်းချမ်းခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း ) စတဲ့ ( စုစည်းမှု ရှိတယ် ) ဆိုတာကို ပုံဖော်တဲ့ အဓိပ္ပါယ်တွေ များပါတယ်။ စကားစပ်မိလို့  ပန်းရောင်အာဂျိဆိုင်းပန်းက ပြင်သစ် အဓိပ္ပါယ်ဖြင့် ( ကျန်းမာတက်ကြွတဲ့ မိန်းကလေး ) လို့ ဆိုပါတယ်။
 紫陽花 繡球花

အထက်ပါ လျှို့ ဝှက်ချက် ၅ ခုကို ပြောပြပြီးပါပြီ။
အာဂျိဆိုင်းပန်းရှုခင်းကို ကြည့်ချင်ရင် ဒီနေရာကို နှိပ်ကြည့်ပါနော်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁~၂လပိုင်းအတွင်းအကြံပြုချက်