( ဇွန်လကို အကြံပြုချင်ပါတယ် ) ဖြေသိမ့်မှုပေးနိုင်မယ့်ရှုခင်း ၁၀ ခု လက်ရွေးစင်

( ဇွန်လကို အကြံပြုချင်ပါတယ် ) ဖြေသိမ့်မှုပေးနိုင်မယ့်ရှုခင်း ၁၀ ခု လက်ရွေးစင်
မိုးရွာတဲ့နေ့ တွေ များတဲ့ကာလက အပြင်သိပ်မထွက်ချင်တဲ့သူတွေလည်း များကောင်းများနိုင်ပါတယ်။
အမှန်က ဇွန်လက ပွဲတော်ရက် မရှိတဲ့အတွက် ပိတ်ရက်ရှည်ဖြင့် ခရီးထွက်မယ့်သူတွေ နည်းပြီး လျှို့ ဝှက်လှပတဲ့နေရာရဲ့ အချိန်ခါဖြစ်တယ်နော်။

ဒီတစ်ကြိမ်က အာဂျိဆိုင်းပန်းနေရာတင်မကဘူး မိုးရာသီသာလျှင် ပျော်ရွင်ခံစားနိုင်တဲ့ ZEKKEI Japan မှာ လူကြိုက်များတဲ့
( ဇွန်လကို အကြုံပြုချင်တဲ့ ဖြေသိမ့်မှုပေးနိုင်မယ့်ရှုခင်း ၁၀ ခု လက်ရွေးစင် ) ကို မိတ်ဆက်ပေးပါမယ်။

၁ ။ နိုးမိဇိုရေတံခွန် ( ချိဘခရိုင် )

濃溝の滝
မနှစ်က အင်စတာဂရမ် အင်တာနက်စာမျက်နှာကြောင့် လူကြိုက်များလာခဲ့တဲ့ နေရာဖြစ်တယ်။
တိုကျိုမှ ၁ နာရီကြာချိန်ဖြင့် သွားနိုင်တဲ့ လူအရောက်နည်းတဲ့နေရာအဖြစ် အရမ်းလူကြိုက်များမှုကို ရရှိထားပါတယ်။
အကြုံပြုချင်တာက မနက်စောစော လှိုဏ်ဂူထဲမှာ အလင်းရောင်ပက်ဖျန်းချိန် !မိုးရာသီက အထူးလှပတယ်လို့ ပြောကြတဲ့ နေရာဖြစ်တယ်။ ကံကောင်းရင် ညနေစောင်းမှာ ပိုးစုန်းကြူးတွေလည်း တွေ့ နိုင်တယ်နော်။
濃溝の滝
အထူးသဖြင့် စိုထိုင်းစ မြင့်တဲ့ ၆ လပိုင်းမှာ ပိုးစုန်းကြူးတွေကိုအမြင်နိုင်ဆုံး ရာသီဥတုဖြစ်ပါတယ်။
နွေးထွေးပီး တိမ်ထူတဲ့ နေတွေမှာဆိုရင် ၈ နာရီကနေ ၉ နာရီအတွင်းလောက်မှာ မြင်တွေ့နိုင်ပါတယ်။

၂ ။ ခါဝခူချီရေကန် အိုးအိရှိပန်းခြံ ( ယာမာနာရှီခရိုင် )

河口湖大石公園
တကယ့်ကို ခရမ်းရောင်ကော်ဇောကြီးအတိုင်းဘဲနော် ! လာဗန်ဒါပန်းတွေက ဇွန်လလယ်မှာ စပွင့်ပါတယ်။
河口湖大石公園
ဖူဂျိတောင်နှင့် ရေကန်နှင့် လာဗန်ဒါခင်း၏ လှပမှု
လာဗန်ဒါပွင့်သောအချိန်ကို ကိုက်ကာ ဖွင့်လှစ်သော (ခဝဂုချိရေကန်ပွဲတော်) တွင် ယာမနာရှိ၏ ဒေသခံများ၏ ထွက်ကုန်ဆိုင်များကလည်း များစွာ
လာဗန်ဒါအကောင်းဆုံးအချိန်ကို ကြည့်ကာ လာရောက်ကြပါစို့ 
ခဝဂုချိရေကန်ပွဲတော်
【ကာလ】၂၀၁၈ခုနှစ် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက် ( အိုအိုအိရှိခန်းမတွင် ဇူလိုင်လ ၁၆ ရက်အထိ)

၃ ။ ရှီရိုးယိုနဲဆမ်းမိုင်းလယ်ကွင်း ( အိရှိဂါဝခရိုင် )

白米千枚田
ဂျပန်ပင်လယ်သို့ မျက်နှာမူထားသော သေးငယ်သော လယ်ကွင်းသည် ပင်လယ်ကမ်းနားအထိ ဆက်စပ်နေသော ပုံစံများ အလွန်လှပသော ရှိရောယော်နဲ
စပါးစိုက်သောအချိန် ပြီးဆုံးသောအချိန် ဇွန်လသည် လယ်ကွင်းတွသ် ရေများ ကျဆင်းနေသည့်အတွက် ညနေခင်းရောက်ပါက နေ၏ ရောင်ပြန်ဟပ်မှုသည့် အလွန်လှပသည်။
白米千枚田
အကွက် ၁၀၀၀ ကျော်ရှိတဲ့ လယ်ကွင်းက ကျယ်ပြန့် စွာရှိတဲ့ ရှုခင်းက ဒေသခံအားလုံးနဲ့ စေတနာရှင်တွေရဲ့ ထွန်ယက်စိုက်ပျိုးထားတဲ့အရာဖြစ်တယ်။ သေးငယ်တဲ့ လယ်ကွင်းတွေ ထပ်ဆင့်တဲ့ ကမ်းစပ်ထိ ရှိတဲ့ ရှုခင်းက ကမ္ဘာ့စိုက်ပျိုးရေးအမွေအနှစ်အဖြစ်လည်း သတ်မှတ်ထားပါတယ်။

၎ ။ ဟာဆဲဘုရားကျောင်း ( ခါနာဂါဝခရိုင် )

長谷寺
ဇွန်လ လို့ ပြောရင် ( အာဂျိဆိုင်း ) ကို ခေါင်းထဲမှာ ပေါ်လာတဲ့လူများတယ် မဟုတ်လား ။
အာဂျိဆိုင်းရဲ့ လူကြိုက်များတဲ့နေရာလို့ ပြောရင် ကမာကူရပါဘဲ !
အဲဒီထဲမှာ အမျိုးအစား ၄၀ ကျော်ရှိပြီး အရောင်မျိုးစုံရှိတဲ့ အာဂျိဆိုင်းကို တစ်မျှော်တစ်ခေါ်ကြီးကြည့်နိုင်တဲ့ နေရာအဖြစ် ( ဟာဆဲဘုရားကျောင်း ) က နှစ်စဉ် လူကြိုက်များပါတယ်။
長谷寺
ဒီအချိန်က အရမ်းက လူများလို့ ချောင်လည်တဲ့အချိန်ကို စောင့်ပြီးအေးအေးဆေးဆေးခရီးသွားဖို့ အကြံပြုချင်ပါတယ်။

၅ ။ ဟာ့တိုရိစိုက်ပျိုးခင်း အာဂျိဆိုင်းမြေကွက် ( ချိဘခရိုင် )

服部農園あじさい屋敷
ဒီနေရာက ချိဘခရိုင်မှာရှိတဲ့ ကောင်းကောင်းသိကြတဲ့ အာဂျိဆိုင်းနာမည်ကြီးနေရာဖြစ်တယ်။
အမျိုးအစား ၃၀၀ ၊ အပင်ပေါင်း ၁၀၀၀၀ ကျော်ရှိတဲ့ အာဂျိဆိုင်းပန်းတွေက တောင်မျက်နှာပြင်တစ်ခုလုံးမှာ ပွင့်နေတဲ့ ရှုခင်းက ပိုပြီး အံ့မခန်းဖြစ်ရပါတယ်။
服部農園あじさい屋敷
ဇွန်လ ချိန်တွင်းမှာဘဲ အရောင်အသွေးစုံလင်လှပတဲ့ ရှုခင်းဖြစ်တယ်။

၆ ။ အိုဇဲဂလွင်ပြင် ( ဂန်းမ )

尾瀬ヶ原
မေလမှာ နှင်းတွေ အရည်ပျော်ပြီး ဇွန်လမှ အနီးနားကွင်ပြင်တစ်ခုလုံး မှာ ရေပိန်းပန်းတွေ ပွင့်နေပါတယ်။
အမှန်က ဇွန်လက ( အိုဇဲရဲ့ အကောင်းဆုံးရာသီ ) လို့ လည်း ပြောနိုင်ပြီး များစွာသော တောင်တက်ခရီးသွားများဖြင့် စည်ကားနေတာကို မြင်တွေ့ နိုင်ပါတယ်။
尾瀬ヶ原
ကီးကျယ်ခမ်းနားတဲ့ သဘာဝကြီးမှာ စိတ်ရော လူရော ပြန်လည်လန်းဆန်းစေတာက ..?

၇ ။ တာရှူးဘဲစွတ်တံတား ( ဟော်ကိုင်းဒိုး )

タウシュベツ橋梁
ဟော်ကိုင်းဒိုး ၊ ခါမိရှိဟိုရိုမြို့ရဲ့ နူခဘီရရေကန်မှာရှိတဲ့ ကွန်ကရစ်ပေါင်းကူးတံတားဖြစ်တယ်။
နုခဘီရရေကန်ရဲ့ ရေပမာဏ တိုးပွားလာတဲ့ ဇွန်လလောက်မှ ကန်ရေပြင်မှာ စတင်နစ်မြှုပ်ပြီး သြဂုတ်လ မှ အောက်တိုဘာလလောက်မှာ ရေကန်အောက်ခြေမှာ နစ်မြှုပ်ပြီး ရေပမာဏနည်းလာတဲ့ ဇန်နဝါရီလ လောက်မှ နောက်တစ်ကြိမ် ပုံစံကို ပေါ်လာတဲ့အတွက် ( အိပ်မက်တံတား ) လို့ ခေါ်နိုင်ပါတယ်။
タウシュベツ橋梁
အထူးသဖြင့် ဒီအချိန်မှစပြီး ရေပမာဏများလာတဲ့အတွက် အချိန်ကောင်းကို မှီမယ်ဆိုရင် တံတားက မျက်မှန်လိုမျိုးပုံစံကို မြင်တွေ့ နိုင်တဲ့ မျက်မှန်တံတားလို့ ခေါ်တဲ့ ရှုခင်းကို ကြည့်ရှူခံစားနိင်တယ်နော်!

၈ ။ ခိဖူနဲ ခမိုမြစ် အေးခဲကြမ်းပြင် ( ကျိုတို )

貴船・鴨川納涼床
၈ ။ ခိဖူနဲ ခမိုမြစ် အေးခဲကြမ်းပြင် ( ကျိုတို )
အေးခဲကြမ်းပြင်ဆိုတာက မြစ်ပေါ်မှာ ဖုံးကာထားတဲ့ကြမ်းပြင်ပေါ်မှာ အေးချမ်းမှုကို ခံစားရင်း စားသောက်နိုင်တဲ့နေရာလို့ ပြောကြပါတယ်။
貴船・鴨川納涼床
ခံစားမှုတွေ ပြည့်လျှံနေတဲ့ ကျိုတိုဆိုတာရဲ့ ပတ်ဝန်းကျင်သွင်ပြင်ကို အရမ်းလူကြိုက်များတဲ့ နေရာဖြစ်ပါတယ်။ နွေရာသီအစမှာ လည်ပတ်ခံစားရင်း အေးမြတဲ့ ညလေးတစ်ညကို ကုန်လွန်ခံစားနိုင်တယ်နော်။
貴船・鴨川納涼床
ညလုပ်ငန်းတွေက ဇွန်လမှ စတင်တယ်။
အဆောက်အဦး ၁၀၀ ကျော်ရှိတဲ့ ဆိုင်ကို တွဲဆက်ထားတဲ့ ဒီဧရိယာမှာ စိတ်နှစ်ပြီး ဆိုင်တွေကို ရှာဖွေကြည့်မယ်ဆိုရင် ?

၉ ။ ဂိအိုးဘုရားကျောင်း ( ကျိုတို )

祇王寺
အာရရှိတောင်မှာ တိတ်ဆိတ်စွာ ရှိနေတဲ့ အစိမ်းရောင်ကမ္ဘာလေးဖြစ်တယ်။
ဘယ်လိုပြောပြော နာမည်ကြီးတာက ဒီလှပတဲ့ ( ခိုခဲပန်းခြံ ) !
祇王寺
မိုးရာသီမှာ စိုစွတ်နေတဲ့ ရေညှိတွေက စိုစွတ်လင်းလက်ပြီး စိမ်းလန်းနေတာကြောင့် မိုးရာသီမှာ အလှဆုံးပါ ! လို့ ပြောကြတယ်။
ဒီ ( ခိုခဲပန်းခြံ ) ကို ကြည့်ရှုပြီး အလှရသကမ္ဘာကို အပြည့်အဝခံစားကြည့်တယ်ဆိုတာက ?

၁၀ ။ မီချိဘုရားကျောင်း ( ကျိုတို )

三千院
ဒီနေရာက ရေညှိနဲ့ အာဂျိဆိုင်းကို တစ်ချိန်တည်းမှာ ခံစားနိုင်တဲ့ရှုခင်းနေရာဖြစ်တယ်။
ရေညှိတက်နေပြီး တိတ်ဆိတ်နေတဲ့ ကျောင်းဝင်းတွင်းမှာ စိတ်အေးချမ်းသည်ထိ အေးအေးဆေးဆေးနေကြည့်ဖို့ အကြံပြုပါတယ်။

ပြီးတော့ ဖူးမျှော်ဖို့ လာရောက်ကြတဲ့လူတွေရဲ့ နောက်ရည်ရွယ်ရာတစ်ခုက ဒီနေရာ …!
三千院
ဘာဖြစ်ဖြစ်ချစ်စရာကောင်းတဲ့ ဝါရဘဲဂျိဇိုးနတ် !
ပူးကပ်နေတာ ၊ လဲလျှောင်းနေတာ၊ အမျိုးမျိုးသော အနေအထားတွေရှိတဲ့ ဂျိဇိုးနတ်က ၆ခုပန်းခြံထဲမှာ ရှိနေပါတယ်။
ကြည့်ရုံနဲ့ တင် ပျော်စရာကောင်းလာတဲ့ ရှုခင်းမှာ ကုစားနိင်ပါတယ်။

အထက်ပါအကြောင်းအရာတွေက ဘယ်လိုလဲ ။
အာဂျိဆိုင်းက ဒီနေရာမှာ ရှိတာက ပြောစရာမလိုပါဘူး မိုးရာသီသာလျှင် ခံစားပျော်ရွင်နိုင်တဲ့ရှုခင်းက ဂျပန်မှာ အများကြီးရှိတယ်။
ထီးကို လက်တစ်ဖက်မှာဆောင်းပြီး ဇွန်လသာလျှင်ရှိတဲ့ ရှုခင်းကို ကြည့်ဖို့ ထွက်ကြရအောင်လား။

စာကြောင်း/တအဲကိုအိရှိခဝ
တည်းဖြတ်/တည်းဖြတ်ဋ္ဌာန

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၅~၆လပိုင်းအတွင်းအကြံပြုချက်