( ဇူလိုင်လကို အကြံပြုချင်ပါတယ် ) နည်းနည်းစောတဲ့နွေရာသီကို အပြည့်အဝခံစားနိုင်တဲ့ ရှုခင်းနေရာ ၁၀ ခု

( ဇူလိုင်လကို အကြံပြုချင်ပါတယ် ) နည်းနည်းစောတဲ့နွေရာသီကို အပြည့်အဝခံစားနိုင်တဲ့ ရှုခင်းနေရာ ၁၀ ခု
နောက်ဆုံးတော့ နွေရာသီကို တင်ဆက်ပြသဖို့ အချိန်ကျရောက်လာပါပြီ။
ဒီတစ်ကြိမ်က နည်းနည်းစောတဲ့နွေရာသီကို အပြည့်အဝခံစားနိုင်တဲ့ ရှုခင်းနေရာ ၁၀ ခု ကို မိတ်ဆက်ပေးချင်ပါတယ်။

နွေရာသီလို့ ပြောရင် ပင်လယ်လား၊ တောတောင်လား ၊ မီးပန်းပြပွဲတွေလား ၊ ပွဲတော်တွေလား နေကြာပန်းတွေလား…. မိတ်ဆက် မပေးနိုင်လောက်အောင် အကြံပြုချင်တဲ့ရှုခင်းနေရာတွေ များစွာရှိတာကြောင့် ဆက်ဆက် ခရီးထွက်လေ့လာကြည့်ပါနော်။

အာခဲနိုနေကြာပန်းခင်း ( ယာမာနာရှီခရိုင် )

明野のひまわり畑
နွေရာသီပန်းလို့ ပြောနိုင်မယ်ဆိုရင် နေကြာပန်းကို တွေးမိတဲ့သူတွေ များတယ် မဟုတ်လား။
များစွာသော နေကြာပန်းခင်းတွေထဲမှာ ဒီနေရာက ဂျပန်ရဲ့ ရှေ့ ပြေးနေတဲ့ နေကြာပန်းကျော်ကြားတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။
明野向日葵花田
အပင်ပေါင်း ၆ သိန်းကျော်လောက်ရှိတဲ့ နေကြာပန်းတွေက အရင်ဆုံး ဇူလိုင်လမှ စတင်မြင်တွေ့ နိုင်ပါတယ်။ ဒီနေရာမှာက ( ဟိုခုတိုမြို့ အာခဲနိုနေကြာပန်းပွဲတော် ) လို့ နာမည်ပေးထားပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ ( စနေ ) မှ သြဂုတ်လ ၂၀ ရက်နေ့ ( တနင်္ဂနွေ ) ထိ နေကြာပန်းပွဲတော်လည်း ကျင်းပနေပါတယ်။

၂ ။ တန်းနိုးယာဝတဘုရားကျောင်း ( အိုခယာမခရိုင် )

天王八幡神社
ဒီနေရာက တစ်ကမ္ဘာလုံးအာရုံစိုက်မှုကို ခံရတဲ့ ပိုးစုန်းကြူးတွေ ရှင်သန်နေထိုင်ရာဒေသဖြစ်တယ်။ ရွှေရောင်တောက်ပနေတာကို နာမည်မှည့်ခေါ်ကြတဲ့ ( ရွှေပိုးစုန်းကြူး ) ဖြစ်ပြီး တန်းနိုးယာဝတဘုရားကျောင်းပတ်ဝန်းကျင်မှာ အုံလိုက်ကျင်းလိုက် ပေါက်ပွားရှင်သန်ရာဒေသအဖြစ် သိထားကြပါတယ်။
天王八幡神社
ပြီးတော့ ဒီလို ( ရွှေပိုးစုန်းကြူး ) တွေ လင်းထိန်တောက်ပနေတာက ဇူလိုင်လတွင်းက ရက်များစွာမှာဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော အလင်းရောင်တွေ လှုပ်ရှားကခုန်နေတဲ့ သိမ်မွေ့ ဆန်းကြယ်တဲ့ ရှုခင်းတွေက ကြည့်ကို ကြည့်ရမယ့်နေရာဖြစ်တယ်။

၃ ။ တိုးယခိုရေကန် ( ဟော်ကိုင်းဒိုး )

洞爺湖
မီးပန်းပြပွဲက နေရာတိုင်းမှာ ကျပ်သိပ်နေတယ်ဆိုတာကို မကြိုက်တဲ့သူတွေက ဒီနေရာကို လာဖို့ အကြံပြုချင်ပါတယ်။ တိုးယခိုရေကန်မှာက ဧပြီလ ၂၈ ရက်နေ့ မှ အောက်တိုဘာလ ၃၁ ရက်နေ့ ကြားချိန်၊ နေ့ စဉ် ၂၀း၄၅ မှ စတင်ပြီး ၂၀ မိနစ်ကြာ မီးပန်းတွေက ကောင်းကင်မှာ ကခုန်နေပါတယ်။ တိုးယခိုးရေကန် ရေပူစမ်းလမ်းရဲ့ ဘယ်နေရာမှ မဆို မီးပန်းကို မြင်နိုင်တာကြောင့် အေးအေးဆေးဆေး နွေရာသီရဲ့ ညကောင်းကင်ကို ခံစားပျော်ရွှင်ချင်တဲ့သူတွေကို အကြံပြုချင်ပါတယ်။

၎ ။ ထီးကောင်းကင် ( ခါရုအိဇာဝ )

アンブレラスカイ
အရောင်စုံထီးတွေက ကာကွယ်ထားတဲ့ ဆန်းပြားတဲ့ရှုခင်းက အထင်ကြီးလောက်စရာပါဘဲ။
ရာသီဥတုသာယာတဲ့နေ့ က ပြောစရာမလိုအောင်လှပါတယ်။ မိုးရွာရင်တောင်မှ မြေပြင်မှာ ထီးရောင်တွေက ထင်ဟပ်ပြီး အရောင်သွေးကြွယ်နေတာကြောင့် ဘယ်အချိန်ချိန်ဖြစ်ဖြစ် ထွက်လည်လို့ ရတဲ့ နေရာဖြစ်ပြီး ည မီးထွန်းထားတာကလည်း ဆန်းပြားလှပလို့ သွားဖို့ အကြံပြုချင်ပါတယ်။

အသေးစိတ်က ဒီနေရာ
http://www.hoshino-area.jp/archives/3096

၅ ။ မီးထွန်းပွဲတော်လည်ပတ်ခြင်း ( နာရခရိုင် )

ライトアッププロムナード
နာရမှာ အနှံ့ အပြားတည်ရှိနေတဲ့ ကမ္ဘာ့ အမွေအနှစ်နဲ့ အမိုင်းဝင်အဆောက်အဦးတွေကို မီးထွန်းအလှဆင်ထားတဲ့ နွေညပွဲတော်ဖြစ်ပါတယ်။
နေ့ လည်တွေက ကွဲပြားတဲ့ ဆန်းပြားတဲ့ နာရ ကမ္ဘာကို အေးအေးဆေးဆေး လမ်းလျှောက်ကြည့်ပြီး ဒေသရဲ့ သွင်ပြင်ကို ခံစားကြည့်ဖို့ တိုက်တွန်းပါတယ်။
ライトアッププロムナード
မီးထွန်းပွဲတော်လည်ပတ်ခြင်း၊ နာရရဲ့ ကာလတွေက ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက် မှ စက်တင်ဘာလ ၂၄ ရက်နေ့ ထိ ဖြစ်တယ်။

အသေးစိတ်က ဒီနေရာ
http://www.lightup-nara.jp/


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁၀~၁၁လပိုင်းအတွင်းအကြံပြုချက်