( သြဂုတ်လကို အကြံပြုချင်ပါတယ် ) နွေရာသီကို ခံစားပျော်ရွှင်နိုင်မယ့် ရှုခင်းနေရာ ၁၀ ခု လက်ရွေးစင်

 ( သြဂုတ်လကို အကြံပြုချင်ပါတယ် ) နွေရာသီကို ခံစားပျော်ရွှင်နိုင်မယ့် ရှုခင်းနေရာ ၁၀ ခု လက်ရွေးစင်
ပြင်းထန်တဲ့ အပူချိန်က ကြာရှည်နေပြီး အားလုံးဘဲ နွေရာသီ နွမ်းနယ်မှုဖြစ်နေပါသလား ?
နွေလယ်ခေါင်ဖြစ်တဲ့ သြဂုတ်လက ဒေသတိုင်းမှာ နွေရာသီပွဲတော်နဲ့ မီးပန်းပွဲတော်တွေ ကျင်းပပြီး ကောင်းကင်ပြာအောက်မှာ သဘာဝကို ခံစားပျော်ရွင်နိုင်မယ့်တတ်ကြွလန်းဆန်းတဲ့ ရာသီချိန်ဖြစ်တယ်။
ဒီတစ်ကြိမ်က သင်လည်း ကြိမ်းသေအပြင်ထွက်လည်ဖို့ ဖြစ်လာရင် သြဂုတ်လမှာ အကြံပြုချင်တဲ့ ရှုခင်းနေရာတွေကို မိတ်ဆက်ပေးပါမယ်။

၁ ။ အွန်းနဲတိုးရေကန် ( ဟော်ကိုင်းဒိုး )

オンネトー
ကြည့်တဲ့နေရာနဲ့ ရှုထောင့်ကွဲပြားမှုအလိုက် ရေကန်ရဲ့ အရောင်ကွဲပြားပြီး ငါးရောင်ရေအိုင်ဆိုတဲ နာမည်ကို ပိုင်ဆိုင်ထားတဲ့ အွန်းနဲတိုးရေကန်ဖြစ်တယ်။ အွန်းနဲတိုရေကန်ဆိုတာက ရှေးတိုင်းရင်းသားလူမျိုးဖြစ်တဲ့ အာအိနုလူမျိုးရဲ့ စကားဖြင့် ( အိုပြီး ကြီးမားတဲ့ရေအိုင် ) ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။
အပြာရောင်နဲ့ အုပ်ဆိုင်းနေတဲ့ သစ်ပင်တွေက ရေပြင်မှာ ထင်ဟပ်နေတဲ့ တမူထူးခြားတဲ့ အပြာရောင်ကို ဖြစ်ပေါ်စေတဲ့ နွေရာသီရဲ့ အွန်းနဲတိုးရေကန်က လူများစွာကို ဆွဲဆောင်နေပါတယ်။

၂ ။ ဆမ်းဒိုင်းတာနဘာတာပွဲတော် ( ဆမ်းဒိုင်း၊ မာစွတ်ရှိမ )

仙台七夕まつり
နှစ်စဉ် သြဂုတ်လ ၆ ရက်နေ့ မှ ၈ရက်နေ့ ထိ ၃ ရက်ကြာ ဆမ်းဒိုင်းမြို့တွင်းက ဈေးတန်းလမ်းမှာ ကျင်းပတဲ့ ဆမ်းဒိုင်းတာနဘာတာပွဲတော်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ မှာ ဆမ်းဒိုင်းဘိုးစဉ်ဘောင်ဆက်အုပ်ချုပ်သူ ဒါတဲ့မာစမူနဲက အမျိုးသမီးတွေကို ရည်ရွယ်ပြီး ယဉ်ကျေးမှုတိုးတက်ဖို့ ရည်ရွယ်ချက်ဖြင့် ကြယ်ပွဲတော်လှုပ်ရှားမှု စတင်ခဲ့တဲ့ သမိုင်းကြောင်းရှိတဲ့ လှုပ်ရှားမှုဖြစ်တယ်။
အတိုင် ၃၀၀၀ လောက်ရှိတဲ့ ဂျပန်စက္ကူဖြင့် လုပ်ထားသော တံခွန်တိုင်နဲ့ စက္ကူပန်းလုံး စတဲ့ ကြယ်ပွဲတော်တန်ဆာတွေက သာယာတဲ့ရာသီနှင့် လေထဲမှာ ရစ်ဝဲနေပြီး အရောင်အသွေးစုံလင်တဲ့ မြင်ကွင်းကို ဖြစ်ပေါ်စေပါတယ်။。

၃ ။ အာအိုးမိုရိ နယ်ဘုတပွဲတော် ( အာအိုးမိုရိ )

青森ねぶた祭り
နှစ်စဉ် သြဂုတ်လ ၂ ရက်နေ့ မှ ၇ ရက်နေ့ ထိ ၆ ရက်ကြာ အာအိုးမိုရိမြို့တွင်းက ပင်မလမ်းမကြီးမှာ ကျင်းပတဲ့ အာအိုးမိုရိ နယ်ဘုတပွဲတော်ဖြစ်တယ်။ လူရုပ်ပုံစံပြုလုပ်ထားတဲ့ ကြီးမားတဲ့ မီးပုံးကြီးတွေ ဖြစ်တဲ့ ( နယ်ဘုတ ) နှင့် အနီးနားမှာ ကနေတဲ့ ( ဟာနဲတို ) ရဲ့ ခမ်းနားလှပတဲ့စွမ်းအားက ကြည့်ရမယ့်အရာတွေ ဖြစ်တယ်။ လေ့လာကြည့်ရှုသူ ၊ လိုက်ပါလာသူတွေက လူပေါင်း ၃ သန်းလောက်ရှိပါတယ်။ ပွဲတော်ကို ပျော်ရွင်နေကြတဲ့ လူတွေရဲ့ စိတ်အားထက်သန်မှုကလည်း အံ့မခန်းဖြစ်ပြီး နောက်ထပ် ကိုယ်တွင်းမှာ နွေရာသီကို ခံစားနိုင်မယ့် အပူပိုင်းပွဲတော်ဖြစ်တယ်။

၎ ။ မူရိုဒိုး ( တာတဲယာမခရိုင် )

室堂
စိမ်းလန်းစိုပြေမှုနဲ့ ကျန်ရှိနေတဲ့ အဖြူရောင်နှင်းတွေရဲ့ လိုက်ဖက်ညီမှုက လှပတဲ့ လွတ်လပ်မှုအပြည့်ရှိတဲ့ တောတောင်ရှုခင်းထဲမှာ အားရပါးရ အသက်ပြင်းပြင်းရှုရှိုက်နိုင်တဲ့ နွေလယ်ခေါင်ရဲ့ မူရိုဒိုးဖြစ်တယ်။ မြင့်မားတဲ့တောင်ကို တိုက်ခတ်နေတဲ့ လေနုအေးတွေက စိတ်ချမ်းသာပျော်ရွှင်စေတဲ့ နွေရာသီအပန်းဖြေစခန်းအဖြစ် အရမ်းလူကြိုက်များမှုရရှိထားပါတယ်။
မူရိုဒိုးကွင်းပြင်မှာက အမျိုးမျိုးသော တောလမ်းခရီးစဉ်တွေ ရှိပါတယ်။ ကိုယ်ခန္ဓာစွမ်းအင်နှင့် အချိန်ကို ချိန်ညှိပြီး သဘာဝတရားကြီးကို ကိုယ်တွေ့ ခံစားကြည့်ရအောင်လား။

၅ ။ နာဂအိုခပွဲတော် မီးပန်းပြပွဲ ( နီအိဂတခရိုင် )

長岡まつり大花火大会
သြဂုတ်လ ၂ ရက်နေ့ နဲ့  ၃ ရက်နေ့  ၂ ရက်ကြာ၊ ရှိနအိုမြစ်ကမ်းလွင်ပြင်မှာ ပြုလုပ်တဲ့ မီးပန်းပြပွဲဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ပြန်လည်ထူထောင်မှုကို တောင်းဆိုကျင်းပခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်လာပါတယ်။
နေရာ ၅ နေရာမှ တစ်ပြိုင်နက် လွတ်တင်တဲ့ ( ကျယ်ပြန့် ကျယ်ဝန်းတဲ့ ကြယ်မီးပန်း ) နဲ့ မီးပန်းတွေအလယ်မှာ မသေတဲ့ငှက်က ကခုန်နေတဲ့ ( ဖီးနစ်ငှက် ) စတဲ့ စွမ်းအားကြီးမားတဲ့ လှည့်ကွက် ရှိတဲ့ မီးပန်းတွေက ထူးခြားပါတယ်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁၀~၁၁လပိုင်းအတွင်းအကြံပြုချက်