( နွေရာသီ အပန်းဖြေစခန်းကို သွားကြစို့  ) ဒီနွေရာသီနဲ့ သင့်တော်တဲ့ အေးမြတဲ့ရှုခင်းနေရာ ၆ ခု

( နွေရာသီ အပန်းဖြေစခန်းကို သွားကြစို့  ) ဒီနွေရာသီနဲ့ သင့်တော်တဲ့ အေးမြတဲ့ရှုခင်းနေရာ ၆ ခု
စိုထိုင်းဆ မြင့်မားပြီး စိုစွတ်စိုစွတ် အိုက်စပ်စပ် ဂျပန်နွေရာသီဖြစ်တယ်။ လေအေးစက်တပ်ထားတဲ့ အခန်းမှလွဲပြီး အလုပ်မလုပ်နိုင်တဲ့သူတွေလည်း များနိုင်ပါတယ်။
စိတ်ပိုင်းဖြတ်ပြီးအပြင်ထွက်ကြည့်မယ်ဆိုရင် လတ်ဆတ်တဲ့ ကုန်းပြင်နဲ့ အေးမြတဲ့ လှိုဏ်ဂူ၊ လူ့ ခန္ဓာကိုယ်ကို ကောင်းကျိုးပေးတဲ့ဓါတ်တွေ ပေါပေါများများပါဝင်တဲ့ ရေတံခွန် စတဲ့ စိတ်နှလုံးကို ပြန်လည်ကုစားပေးနိုင်မယ့်သဘာဝ လေအေးစက်တွေက သင့်ကို စောင့်ကြိုနေပါတယ်။
ဒီတစ်ကြိမ်က အဲဒီလောက်ပူလောင်တဲ့ နွေရာသီမှာ သင့်တော်ပြီး အေးမြတဲ့ ရှုခင်းနေရာ ၆ ခုကို မိတ်ဆက်ပေးပါမယ်။

၁ ။ ခါခုဆမ်းလျှိုမြောင် ( အိရှိဂါဝခရိုင် )

鶴仙渓
ယာမနာကရေပူစမ်းကို စီးဆင်းနေတဲ့ ဒိုင်းရှောဂျိမြစ်ရဲ့ လှပတဲ့ တောင်ကြားဖြစ်တဲ့ ခါခုဆမ်းလျှိုမြောင်ဖြစ်တယ်။
( ခိုအိုးရိုခိတံတား ) မှ ( ခူရိုးတနိတံတား ) ထိ ၁ ကီလိုမီတာ ရှိတဲ့ လျှောက်လမ်းကို လမ်းလျှောက်ရင်း ကျောက်ဆောင်နဲ့ ရေတံခွန် ၊ ဆန်းပြားတဲ့ပုံစံရှိတဲ့ ( အာယာတိုရိတံတား ) ကို လှမ်းကြည့်နိုင်မယ့် အေးချမ်းတဲ့ လမ်းလျှောက်ခရီးစဉ်လေးဖြစ်တယ်။
နာမည်ကြီးမြစ်ကြမ်းပြင်မှာ ထူးခြားသောပုံစံဖြင့် ချိုမြန်တဲ့အရသာကို အရသာခံကြည့်ပါ။ သန့် စင်တဲ့ စီးဆင်းမှုကို ခံစားရင်း လှပတင့်တယ်တဲ့ အချိန်တစ်ချိန်ကို ဖြတ်သန်းကြည့်ရအောင်လား။

နေရာ : အိရှိဂါဝခရိုင် ၊ ခါဂမြို့၊ ယာမနာကရေပူစမ်း၊ ရှိမိုတနိချော ။
ဖုန်းနံပါတ် : ၀၇၆၁-၇၈-၀၃၃၀ ( ယာမနာကရေပူစမ်း ခရီးသွားကော်မတီ )
ဝက်ဆိုဒ် :http://tabimati.net/midokoro/detail_kanko.php?p=3974

၂ ။ ခူမိုးဘရေကန် ( ခါရုအိစမ်းချောင်း )

雲場池
နွေရာသီအပန်းဖြေစခန်းရဲ့ သမားရိုးကျ လို့ ပြောနိုင်တဲ့ ခါရုအိစမ်းချောင်းဖြစ်တယ်။ အဲဒီ ခါရုအိစမ်းချောင်းရဲ့ နာမည်ကြီးနေရာ ၃ ခု မှာ ထည့်တွက်နိုင်တာက ခူမိုးလရေကန်ဖြစ်တယ်။
နွေရောက်ရင် ကောင်းကင်ပြာနဲ့ သစ်ပင်တွေရဲ့ စိမ်းစိုမှုကို ကန်ရေပြင်မှာ ထင်ထင်ရှားရှား ပုံရိပ်ထင်နေတဲ့ လှပတဲ့ပုံသဏ္ဍာန်ဖြင့် လူအများကို ဆွဲဆောင်ထားပါတယ်။ လန်းဆန်းအေးမြတဲ့ လေနုအေးကို ခံစားရင်း ခူမိုးဘရေကန်ပတ်ဝန်းကျင်ကို စက်ဘီးကြည့်ဖို့ အကြံပေးချင်ပါတယ်။。

၃ ။ နာရုဆာဝရေခဲလှိုဏ်ဂူ ( ယာမာနာရှီ )

鳴沢氷穴
နွေလယ်မြေပြင်နှင့် အပူချိန်ကွာခြားမှုက ၂၀ ဒီဂရီစင်တီဂရိတ်ရှိတဲ့ အရမ်းကို အေးတဲ့နေရာဖြစ်တယ်။
နာရုဆာဝရေခဲလှိုဏ်ဂူက ၂၁ မီတာ နက်ရှိုင်းတဲ့ ဒေါင်လိုက်တွင်းပေါက်ပုံစံ လှိုဏ်ဂူဖြစ်တဲ့အတွက် အပြင်အပူချိန်သက်ရောက်မှုကို လက်ခံဖို့ ခဲယဉ်းပြီး နွေရာသီလည်း ရေခဲတွေ အရည်မပျော်ဘူးလို့ ထင်တယ်။
အံ့သြစရာကောင်းတာက မှောင်မဲနေတဲ့လှိုဏ်ဂူထဲမှာ မီးထွန်းအလှဆင်ထားပြီး လက်ရှိတည်ရှိမှုကို မေ့လျော့သွားစေတဲ့ ကြီးမားတဲ့ရေခဲတုံးကြီးတွေ ဖြစ်တယ်။ ဆောင်းရာသီမှာ မြေပြင်မှာ စုပုံနေတဲ့ နှင်းတွေက နွေဦးရာသီရောက်ရင် အရည်ပျော်ပြီး မြေအောက်ရေဖြစ်လာပြီး မြေကြီးထဲမှာ အေးခဲပြီး ရေခဲလှိုဏ်ဂူထဲမှာ ဒီလိုမျိုး ကြီးမားတဲ့ ရေခဲတွေက မြင့်တတ်လာတာဖြစ်တယ်။
လှိုဏ်ဂူထဲက ပျမ်းမျှအပူချိန်က ၃ ဒီဂရီစင်တီဂရိတ်ဖြစ်တာကြောင့် ထူထဲတဲ့အပေါ်ဝတ်တွေ ယူဆောင်လာပြီး သဘာဝရေခဲသေတ္တာထဲကို ပျော်ပျော်ရွှင်ရွှင်ဝင်ကြည့်ပါနော်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၈~၉လပိုင်းအတွင်းအကြံပြုချက်