အဲဒိုခေတ်လိုပါဘဲ ! မြို့ဟောင်းလေးက လှပတဲ့ တည်းခိုမြို့ ၈ နေရာ လက်ရွေးစင်

အဲဒိုခေတ်လိုပါဘဲ ! မြို့ဟောင်းလေးက လှပတဲ့ တည်းခိုမြို့ ၈ နေရာ လက်ရွေးစင်
လေယာဉ်ပျံ နဲ့ ကား စတာတွေ မရှိတဲ့ အဲဒိုခေတ်၊ စမ်းခင်းခိုးခေတ်တွေမှာ အဲဒိုနဲ့ ဒေသအသီးသီးကို သွားရောက်ကြတာက လမ်းလျှောက်ခြင်းနဲ့ မြင်းစီးခြင်းဖြင့် သွားကြရတာကလွဲပြီး မရှိပါဘူး။ ကျည်ဆန်ရထားဖြင့် တိုကျိုမှ ကျိုတိုကို ၂ နာရီလောက်ဖြင့် သွားနိုင်ပေမယ့် လမ်းလျှောက်ခြင်းဖြင့် သွားလာတဲ့ အဲဒီခေတ်အခါက အဲဒိုရဲ့ နီဟွန်းတံတားမှ ကျိုတိုရဲ့ စမ်းဂျောတံတားထိ ၂ ပတ်လောက် လိုအပ်ပါလိမ့်မယ်။
လမ်းလျှောက်ခြင်းနဲ့ မြင်းစီးသွားခြင်း ခရီးရှည်မှာ လမ်းမှာ အနားယူခြင်းနဲ့ တည်းခိုခြင်းတွေ လုပ်ဖို့ လိုအပ်ပြီး အဲဒိုနဲ့ ဒေသအသီးသီးကို ချိတ်ဆက်ထားတဲ့ လမ်းတစ်လျှောက်မှာ ပုံမှန်အပိုင်းကြားလောက်မှာ တည်းခိုဆောင်တွေ ဆောက်လုပ်ထားပြီး အဲဒီမှာ အဆင်သင့်တဲ့ ဈေးဆိုင်တွေ စုစည်းလာပြီး ( တည်းခိုမြို့ ) အဖြစ် တိုးတက်လာခဲ့တယ်။ အဲဒိုနဲ့ ဒေသအသီးသီးကို ချိတ်ဆက်ထားတဲ့ လမ်းလို့ ပြောရင် အဲဒိုရဲ့ နီဟွန်းတံတားကို အစပြုပြီး ခြေဆန့် သွားတဲ့ အရှေ့ ပင်လယ်လမ်း၊ နာကယာမလမ်း၊ နီကိုးလမ်း၊ အိုရှူးခိုင်းလမ်း ၊ ဒိုရှူးခိုင်းလမ်းတွေ ဖြစ်တဲ့ ( ဂေါ်ခိုင်းလမ်း ) က နာမည်ကြီးပြီး အဲဒိုခေတ်မှာ များစွာသော လူတွေနဲ့ အရာဝတ္ထုတွေ ရောက်ရှိလာတဲ့ လမ်းတလျှောက်မှာ များစွာသော တည်းခိုမြို့တွေ တည်ရှိလာခဲ့ပါတယ်။
ဒီတစ်ကြိမ်က အဲဒိုခေတ်ရဲ့သွင်ပြင်တွေက ယခုထိ ကျန်ရှိနေပြီး အကြံပြုချင်တဲ့ တည်းခိုမြို့ ၈ နေရာကို မိတ်ဆက်ပေးပါမယ်။

၁ ။ အိုးအူချိတည်းခိုခန်း ( ဖူကူရှီးမား )

大內宿
ကူရှီးမားခရိုင် မီနမိအာအိဇွတ်မြို့ရဲ လူနေရွာတွေနဲ့ ကွာဝေးတဲ့ တောင်တွင်းပိုင်းတွေကို ဖြတ်သန်းပြီး ယခင် အာအိဇွတ်နိရှိဒိုင်းလမ်းမှာ တည်းခိုမြို့ အိုးအူချိတည်းခိုခန်း ရှိပါတယ်။ အိုးအူချိတည်းခိုခန်းမှာ အလုံး ၃၀ ကျော်ရှိတဲ့ သက်ကယ်မိုးတဲအိမ်တွေ တန်းစီရှိပြီး အဲဒိုခေတ်ရဲ့ သွင်ပြင်တွေ ကျန်ရှိတဲ့ မြို့လေးကို မြင်တွေ့ ခံစားနိုင်ပါတယ်။
အိုးအူချိတည်းခိုခန်းကို လာရောက်လည်ပတ်တဲ့ဧည့်သည်တွေက တစ်နှစ်မှာ ၁၂ သိန်းလောက်ရှိပြီး ဖူကူရှီးမားခရိုင်ရဲ့ ခရီးသွားနေရာတွေထဲမှာ အဆင့် ၁ ၊ အဆင့် ၂ တွေကို တိုက်ခိုက်နိုင်လောက်တဲ့ လူကြိုက်များတဲ့ ခရီးသွားနေရာဖြစ်တယ်။
大內宿
နှစ်စဉ် ဖေဖော်ဝါရီလမှာ နှင်းမီးအိမ်တွေမှာ ထွန်းလင်းတောက်ပနေတဲ့ ဆန်းပြားလှပတဲ့ နှင်းပွဲတော်ကို ကျင်းပပြီး အဲဒီမီးရောင်ရှုခင်းတွေကို မြင်တွေ့ နိုင်ဖို့ အတွက် ဂျပန်တစ်နိုင်ငံလုံးမှ များစွာသော ခရီးသွားဧည့်သည်တွေ လာရောက်ကြပါတယ်။ နှင်းပွဲတော်က မီးပန်းလွတ်ပွဲဖြင့် စတင်ပြီး အဲဒီအပြင် ( ရုပ်ဖျက်ဝတ်စားဆင်ယင်ပြပွဲ ) နဲ့ ( ခေါက်ဆွဲစားပြိုင်ပွဲ ) စတဲ့ ဆွဲဆောင်မှုရှိတဲ့ အခမ်းအနားတွေ ပြည့်နှက်နေတဲ့ ပွဲတော်ဖြစ်တယ်။

၂။ နာရာအိတည်းခိုခန်း ( နာဂါနို )

奈良井宿
အဲဒိုခေတ်မှာ အဲဒို နီဟွန်းတံတားမှ ကျိုတို၊ စမ်းဂျောတံတားကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ လမ်းဖြစ်တဲ့ နာကာယာမလမ်းမှာ စုစုပေါင်း ၆၉ နေရာရှိတဲ့ တည်းခိုမြို့က တည်ရှိပြီး အဲဒါကို ( နာကာယာမလမ်း ၆၉ နေရာ ) လို့ ခေါ်ကြပါတယ်။ နာကာယာမလမ်းထဲမှာ မိနိုးခိုခု ( လက်ရှိခေတ် ဂိဖုခရိုင် တောင်ပိုင်း ) နဲ့  ရှင်းနိုးခိုခု ( လက်ရှိခေတ် နာဂါနိုခရိုင် နဲ့ဂိဖုခရိုင် နာဂါစွတ်ဂါဝခရိုင်ရဲ့ အပိုင်းတစ်ပိုင်း ) ကို ချိတ်ဆက်ထားတဲ့ အပိုင်းမှာရှိတဲ့ လမ်းက ( ခိဇိုးလမ်း ) လို့ ခေါ်ကြပြီး ခိဇိုးလမ်းမှာ တည်းခိုမြို့ ၁၁ နေရာရှိပြီး အဲဒီထဲမှာ အဖွံ့ ဖြိုးဆုံးက နာရာအိတည်းခိုခန်းဖြစ်တယ်။ လက်ရှိခေတ်မှာလည်း အဲဒိုခေတ်ရဲ့ အဆောက်အဦးတွေ ကျန်ရှိနေပြီး အဲဒီအချိန်ခါကို အချိန်ပြောင်းရောက်ရှိသွားသလို ခံစားချက်ကို မြည်းစမ်းနိုင်ပါတယ်။
奈良井宿
နာရာအိတည်းခိုခန်းရဲ့ အိမ်တိုင်းမှာ ပြုလုပ်ထားတဲ့ လက်လုပ် ရေခဲဖယောင်းတိုင်တွေက ၁ ကီလိုမီတာအရှည်ကို စီတန်းတည်ရှိနေပြီး ဒေသအိမ်တွေမှာ ဆန်းပြားတဲ့ မီးထွန်းထားတဲ့ အခမ်းအနား ( ရေခဲဖယောင်းတိုင်ပွဲတော် ) ကို နှစ်စဉ် ဖေဖော်ဝါရီလမှာ ကျင်းပပါတယ်။
ဒီပွဲတော်မှာ ရေခဲဖယောင်းတိုင်တင်မကပါဘူး မီးပန်းတွေလည်း လွှတ်တင်တဲ့ အရမ်းကို ဆန်းပြားပြီး လှပတဲ့ မီးအလှရှုခင်းကို ခံစားကြည့်နိုင်ပါတယ်။

၃။ မာဂိုမဲတည်းခိုခန်း ( ဂိဖု )

馬籠宿
ဂီဖုခရိုင် နာကာစွတ်ဂါဝမြို့ မှာ တည်ရှိတဲ့ မာဂိုမဲတည်းခိုခန်းက ဘေးက နာဂါနိုခရိုင်မှာ ရှိတဲ့ တည်းခိုမြို့ ၊စွတ်မဂိုတည်းခိုခန်းနှင့်အတူ လူကြိုက်များတဲ့ ခရီးသွားနေရာဖြစ်တယ်။ ခိဇုလမ်းမှာ ရှိတဲ့ ၁၁ နေရာရှိတဲ့ တည်းခိုမြို့ထဲမှာ တောင်ဘက်စွန်းဆုံးမှာ ရှိတဲ့ မာဂိုမဲတည်းခိုခန်းက ကျောက်ဖျာဖြစ်နေတဲ့ ၆၀၀ မီတာရှိတဲ့ တောင်စောင်းလမ်းမှာ အိမ်တွေနဲ့ လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းတွေ တန်းစီရှိတဲ့ တည်းခိုမြို့ဖြစ်တယ်။
馬籠宿
နှစ်စဉ် ဆောင်းရာသီမှာ ကျင်းပတဲ့ ( ခိဇုလမ်းရေခဲနှင်းမီးပွဲတော် ) မှာ လက်လုပ်ရေခဲဖယောင်းတိုင်ကြောင့် မာဂိုမဲတည်းခိုခန်းမြို့က ဆန်းကြယ်တဲ့ မီးတွေ ဖုံးလွှမ်းနေတဲ့ အရမ်းလှပတဲ့ ရှုခင်းကိုဖြစ်ပေါ်စေပါတယ်။

၎ ။ စွတ်မဂိုတည်းခိုခန်း ( နာဂါနို )

妻籠宿
၎ ။ စွတ်မဂိုတည်းခိုခန်း ( နာဂါနို )
ဘေးမှာရှိတဲ့ ဂိဖုခရိုင်ရဲ့ မာဂိုမဲတည်းခိုခန်း နှင့် အတူဖြစ်တဲ့ ခိဇုလမ်းကို ကိုယ်စားပြုတဲ့ ခရီးသွားနေရာအဖြစ်ရှိပါတယ်။
妻籠宿
နှစ်စဉ် နိုဝင်ဘာလ ၂၃ ရက် ( အလုပ်သမားနေ့ ) မှာ ဒေသခံရာပေါင်းများစွာက ဆာမူရိုင်း၊ ရိုနင်းဆာမူရိုင်း၊ စာပို့ သမား၊ ဘုန်းကြီး စတဲ့ ပုံစံတွေ ဝတ်ဆင်ထားပြီး အဲဒိုခေတ်ရဲ့ တည်းခိုမြို့ရဲ့ သွင်ပြင်ခံစားချက်ကို နောက်တစ်ခါပြန်လည်ခံစားနိုင်မယ့် ( ဘွန်ကာဘွန်းဆဲအိခေတ် ပုံစံ ဇိုခုအဲမာခိနိုးဂရောလဲစွတ် ) ဆိုတဲ့ အခမ်းအနားကို ကျင်းပပါတယ်။ နေ့ လည်ချိန်မှာ အဲဒီခေတ်က လူသားတွေ ပုံစံ ဝတ်ဆင်ထားတဲ့ လူတွေက လမ်းမှာ ခင်းထားတဲ့ ခုံတွေမှာ ထိုင်ပြီး စားသောက်နေကြတဲ့ ပုံစံကို ကြည့်ရင် တကယ့်ကို အဲဒိုခေတ်ရဲ့ တည်းခိုမြို့မှာ ခြေချမိသလိုမျိုး ခံစားလာရပါတယ်။

၅ ။ ဝါဂါဆခူမဂါဝတည်းခိုခန်း ( ဖူကုအိ )

若狹熊川宿
ခူမဂါဝတည်းခိုခန်းက ဖူကုအိခရိုင် မီခတခါမိနာဂမြို့နယ်၊ ဝါဂါဆမြို့မှာ ရှိပြီး ဝါဂါဆနဲ့ ကျိုတိုကို ချိတ်ဆက်ထားတဲ့ ခရူးဆာဘခိုင်းလမ်းရဲ့ တည်းခိုခန်းဖြစ်တယ်။ ရှေးခေတ် ဝါဂ်ဆက ကျိုတိုနန်တော်တရားရုံးကို အစားအစာဆက်သတဲ့ နိုင်ငံထဲက တစ်ခုဖြစ်ပြီး ဂျပန်ပင်လယ်မှာ ဖမ်းထားတဲ့ ပမာဏများစွာသော ဆာဘငါးတွေကို ဝါဂါဆပင်လယ်မှ ကျိုတိုထိ သယ်ဆောင်သွားတာကြောင့် ဝါဂါဆနဲ့ ကျိုတိုကို ချိတ်ဆက်ပေးတဲ့ ဆာဘခိုင်းလမ်းလို့ လည်း ခေါ်နေကြပါတယ်။
လမ်းကို မျက်နှာမူထားတဲ့ ရှေးအဆောက်အဦးတွေက တိုက်တန်းတွေဖြစ်ပြီး ရှေးအတိုင်း တည်းခိုမြို့ရဲ့ မြို့တန်းကို ထိန်းသိမ်းထားပါတယ်။
若狹熊川宿
အဲဒိုခေတ်မှာ မြို့ရဲ့ လုံခြုံရေးနဲ့ စောင့်ရှောက်မှုကို တာဝန်ယူထားတဲ့ အစောင့်တွေ နေထိုင်တဲ့ အဆောက်အဦး၊ လက်ရှိခေတ်ရဲ့ ရဲစခန်းလိုမျိုး အဆောက်အဦးဖြစ်တဲ့ ( အစောင့်အိမ် ) ကို ပြန်လည်ပြုပြင်မွမ်းမံထားတဲ့ ( ခူမဂါဝါအစောင့်အိမ် ) က ခူမဂါဝါတည်းခိုခန်းမှာ ရှိပါတယ်။ ဒီ (ခူမဂါဝါအစောင့်အိမ် ) က တစ်နိုင်ငံလုံး မှာ တစ်ခုတည်းဖြစ်တဲ့ တည်းခိုမြို့ထဲမှာ လက်တွေ့ အစောင့်အိမ်ရှိတဲ့ မြေမှာ ပြန်လည်မွမ်းမံထားတဲ့ အစောင့်အိမ်အဆောက်အဦးဖြစ်တယ်။

၆ ။ ခရူးခိတဂိုခုခိုင်းလမ်း အွန်းနိုတည်းခိုခန်း ( နာဂါနို )

旧北国街道海野宿
နာဂါနိုခရိုင် တိုးမိမြို့မှာ ရှိတဲ့ အွန်းနိုတည်းခိုခန်း က ဆဒိုဂင်းတောင်မှာ ထွက်ရှိတဲ့ ရွှေကို အဲဒိုအစိုးရကို ပို့ ဆောင်တဲ့ လမ်းအဖြစ် အရေးပါတဲ့ အထောက်အကူပြုပေးခဲ့တဲ့ ခိတဂိခုခိုင်းလမ်းတလျှောက်မှာ တည်းခိုမြို့မှာ ဇန်းခိုးဘုရားကျောင်းရဲ့ ဘုရားဖူးတွေဖြင့် စည်ကားနေတဲ့ ခိတဂိုခုခိုင်းလမ်းရဲ့ အရေးပါတဲ့နေရာဖြစ်ခဲ့တယ်။
တိတ်ဆိတ်ပြီး လူမှုဘဝနေထိုင်စားသောက်မှုအငွေ့ အသက်တွေ စွဲထင်ကျန်ရှိနေတဲ့ မြို့လေးက အေးဆေးစွာ ခံစားမှုသွင်ပြင်တွေကို မြည်းစမ်းချင်တဲ့သူတွေအတွက် သင့်တော်တဲ့ တည်းခိုမြို့လေးဖြစ်တယ်။
旧北国街道海野宿
၆၅၀ မီတာလောက်ရှိတဲ့ လမ်းလယ်မှာ ခရီးသွားတဲ့မြင်းတွေ ရေသောက်ဖို့ အတွက် လုပ်ထားတဲ့ ရေမြောင်းလေးက ယခုချိန်ထိ စီးဆင်းနေပါတယ်။ အလယ်မှာ စီးဆင်းနေတဲ့ ရေမြောင်းလေးနဲ့  အဲဒီဘေးမှာ တန်းစီနေတဲ့ မိုးမခသစ်ပင်တန်းတွေ ပေါင်းစည်းထားတာက အရမ်းကို ဂျပန်ဆိုတဲ့ အသွင်အပြင်ရှိပြီး လှပါတယ်။

၇ ။ ချိဇုတည်းခိုခန်း ( တို့ တိုရိ )

智頭宿
တို့ တိုရိခရိုင် ယာဇုမြို့နယ်၊ ချိဇုမြို့ မှာ ရှိတဲ့ ချိဇုတည်းခိုခန်းက အဲဒိုခေတ်မှာ စမ်းခင်းအလှည့်ကျဖြင့် အဲဒိုသို့ ဦးတည်သွားနေတဲ့ တို့ တိုရိလူမျိုးစုတွေ အနားယူခြင်း နဲ့ တည်းခိုခြင်းပြုလုပ်တဲ့နေရာအဖြစ်အသုံးပြုခဲ့တဲ့ တည်းခိုမြို့ဖြစ်ပါတယ်။ တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ ချိဇုတည်းခိုခန်းမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို ခံစားနိုင်မယ့်နေရာတွေ ကျန်ရှိပြီး အေးဆေးစွာ လမ်းလျှောက်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ခရီးသွားနေရာဖြစ်တယ်။
智頭宿
ဇုတည်းခိုခန်းကို လည်ပတ်တဲ့အချိန်မှာ ဆက်ဆက်သွားရောက်စေချင်တာက ( အိရှိတနိမိသားစုအိမ် ) ဖြစ်တယ်။ လမ်းကို မျက်နှာမူထားတဲ့ အိရှိတနိမိသားစုအိမ်က တိုင်းရှောခေတ်မှာ ပါလီမန်အဖွဲ့ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အိရှိတနိဒန်းရှိရောက ၁၀ နှစ်လောက် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့တဲ့ သစ်သားအိမ်ဖြစ်ပြီး ချိဇုတည်းခိုခန်းထဲမှာ အကြီးဆုံးအဆောက်အဦးဖြစ်လာပြီး အဲဒီမြေဧရိယာက ၃၀၀၀ ဧက၊ အခန်းအရေအတွက် ၄၀ ကျော်ရှိတဲ့ အိမ်ဖြစ်တယ်။
လက်ရှိခေတ်က ပုံမှန်ဖွင့်လှစ်ပြသထားပြီး အဆောက်အဦးတွင်းမှာ လှပတဲ့ ဂျပန်ပန်းခြံက ရှိပြီး ကြည့်သင့်ပါတယ်။ ပြီးတော့ လှပတဲ့ ပန်းခြံကို ကြည့်ရှုရင်း စားသောက်နိုင်တဲ့ လက်ဖက်ရည်ခန်းလည်း ရှိပါတယ်။

နေရာ:တို့ တိုရိခရိုင် ယာဇုမြို့နယ်၊ ချိဇုမြို့ ချိဇု ၂၀၆၇ - ၁၂
ဝက်ဆိုဒ် : http://cms.sanin.jp/p/chizu/kankou/pickup/01/

၈ ။ ရှေးတည်းခိုမြို့ ဟီရဖုခု ( ဟရောဂိုး )

旧宿場町平福
ဟရောဂိုးခရိုင် ဆာရောမြို့နယ်မှာ ရှိတဲ့ ဟီရဖုခုက ဟာရိမနိုခုနိ ဟီးမဲဂျိ ( လက်ရှိ ဟရောဂိုခရိုင် ဟီးမဲဂျိမြို့ ) နဲ့  အီနာဘခုနိ တို့ တိုရိ ( လက်ရှိ တို့ တိုရိခရိုင် တို့ တိုရိမြို့ ) ကို ချိတ်ဆက်ပေးထားတဲ့ အီနာဘခိုင်းလမ်းမှာ အများဆုံးရှိတဲ့ တည်းခိုမြို့ဖြစ်တယ်။ မြစ်တလျှောက်မှာ သိုလှောင်ရုံနဲ့  မြစ်ကမ်းအိမ်တွေ တန်းစီရှိနေတဲ့ ( မြစ်ကြောင်းရှုခင်း ) ဖြင့် နာမည်ကြီးတဲ့ တည်းခိုမြို့မှာ လက်ရှိခေတ်ရဲ့ ဇာတ်ဝင်ခန်းတွေလည်း ဖြစ်နေပါတယ်။
旧宿場町平福
ပြီးတော့ ခမ်းဂို မီယမိုတိုမူစုရှိက ငယ်ဘဝရဲ့ အချိန်တွေကို ဟီရဖုခုမှာ ကုန်ဆုံးခဲ့ပြီး ၁၃နှစ် အရွယ်မှာ ဟီရဖုခုရဲ့ ခနဲကူရတံတားရဲ့ အနီးမှာ စတင်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုပြီး ပြောကြပါတယ်။ ဆာယောမြစ်တလျှောက်မှာ တန်းစီရှိတဲ့မြစ်ကမ်းနားအိမ်၊ သိုလှောင်ရုံတွေကြောင့် မြစ်ကြောင်းရှုခင်းအနီးမှာ မီယမိုတို မူစုရှိရဲ့ အိုလံပစ် အမှာစကား စာတန်းကို ရေးထိုးထားတဲ့ ကျောက်တိုင်ကို ဆောက်လုပ်ထားပါတယ်။

နေရာ :ခရောဂိုခရိုင် ၊ ဆာယောမြို့နယ်၊ ဆာယောမြို့၊ ဟီရဖုခု
ဝက်ဆိုဒ် : :http://34cho.com/

အထက်ဖော်ပြပါများက အကြံပေးချင်တဲ့ တည်းခိုမြို့ ၈ နေရာကို မိတ်ဆက်ခဲ့တာပါ။
တည်းခိုမြို့က ဒီတစ်ခါ မိတ်ဆက်ပေးတဲ့ နေရာ ၈ခုအပြင် ဂျပန်တစ်နိုင်ငံလုံးမှာ အများကြီးရှိပါတယ်။
တစ်ကြိမ်လောက်ဆက်ဆက် ဒေသအသီးသီးမှာ ရှိတဲ့ တည်းခိုမြို့တွေရဲ့ သွင်ပြင်ခံစားချက်တွေကို မြည်းစမ်းကြည့်ပါနော်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၆~၇လပိုင်းအတွင်းအကြံပြုချက်