( ကမာကူရမှာ လူကြီးရဲ့ နားရက်ကို .. ) အဲနိုဒန်း နားက အချိုမုန့် ဆိုင် ( မူရှင်းအန်း )

( ကမာကူရမှာ လူကြီးရဲ့ နားရက်ကို .. ) အဲနိုဒန်း နားက အချိုမုန့် ဆိုင် ( မူရှင်းအန်း )
ကျွန်တော်က ကမာကူရကို အလည်သွားတဲ့အခါတိုင်း ဆက်ဆက် ဝင်တဲ့ဆိုင်ရှိပါတယ်။ အဲဒီဆိုင်က အချိုမုန့် ဆိုင် ( မူရှင်းအန်း )။
ကမာကူရဘူတာမှ အဲနိုဒန်းကို စီးပြီး ပြတင်းပေါက်အပြင်ကို ဂရုစိုက်မကြည့်ရင် လွတ်သွားနိုင်တဲ့ နေရာမှာ မူရှင်းအန်းက ရှိပါတယ်။

ပလက်ဖောင်းမှ ဆိုင်ကို လှမ်းမြင်ရတာကြောင့် ဦးတည်ချက်လွဲသွားမှာ မစိုးရိမ်ရပါဘူး။

鎌倉站
မူရှင်းအန်းက ပထမဆုံးဆိုင်လာတဲ့လူဖြစ်လည်း ဆိုင်မတွေ့ ဘဲ မျက်စိလည်တဲ့ကိစ္စတွေလည်း လုံးဝမရှိပါဘူး။ အဲနိုဒန်း ( ကမာကူရဘူတာ ) ရဲ့ နောက်ဘူတာ ( ဝါဒဇုခ ) ဘူတာ မှ သုည မိနစ် လမ်းလျှောက်ဆိုတဲ့ နီးတဲ့အကွာအဝေးမှာ ရှိတာကြောင့် ပလက်ဖောင်းမှ ဆိုင်ဝင်ပေါက်ကို မြင်နိုင်ပါတယ်။ ( အနီရောင် အလံရှိတဲ့နေရာက ဆိုင်ဝင်ပေါက် )
鎌倉站
ဘူတာရဲ့ လူမရှိတဲ့ လက်မှတ်စစ်ဂိတ်ကို ထွက်ပြီး ညာဘက်ခြမ်းကို ဆက်သွားရင် လူတစ်ယောက်စာ လမ်းလေး။ အဲဒီလမ်းကို ဆက်သွားရင် ရထားလမ်းကို ဖြတ်ကူးပြီး ဆိုင်ရှိတဲ့ မျက်နှာချင်းဆိုင်ဘက်ကို သွားနိုင်ပါတယ်။
鎌倉站
ဓါတ်ပုံမှာ ဧည့်သည်တွေ ဝင်မယ့်နေရာက မူရှင်းအန်းဝင်ပေါက်ဖြစ်တယ်။ မြင်တဲ့အတိုင်းဘဲ ဆိုင်နဲ့ ရထားလမ်းအကွာအဝေးက အံ့သြရလောက်အောင် နီးပါတယ်။ ဒီလိုရှုခင်းက တခြားမှာ သိပ်မတွေ့ နိုင်ပါဘူး။ ပုံမှန်နေထိုင်မှုဖြင့် ရထားလမ်းနဲ့ ဒီလောက်နီးကပ်ဖို့ အခွင့်အရေးမရှိတာကြောင့် ဒီနေရာကို လာတိုင်း တစ်ခုခုစိတ်ထဲမှာ မရိုးမရွဖြစ်တယ်။
鎌倉站
သုည မိနစ် လမ်းလျှောက်ရတာကြောင့် မပြောခင်မှာ ဆိုင်ရောက်သွားပါပြီ။ ဒီနေရာက ရှေ့ တည့်တည့်မှ မြင်ရတဲ့ ဆိုင်ဝင်ပေါက်ဖြစ်တယ်။ ဆိုင်နဲ့ ရထားလမ်းက ဘယ်လောက်တောင်နီးတယ်ဆိုတာ ပြောပြထားပါတယ်။

မူရှင်းအန်းသို့ ဝင်ပေါက်က ရထားလမ်းဘက်မှလွဲပြီး မရှိပါဘူး။ ဘာကြောင့် ရထားလမ်းဘက်မှလွဲပြီ့း ဝင်ပေါက်မရှိတာလဲ ? အစတည်းက ဘာကြောင့် ဒီလိုနေရာမှာ ဆိုင်ရှိတာလဲ ? ဆိုင်ကို ကြီးကြပ်သူသာဖြစ်မယ်ဆိုရင် လူသွားလူလာပိုများပြီး မြင်လွယ်တဲ့နေရာမှာ ဆိုင်ဖွင့်ချင်တယ်လို့ တွေးနိုင်တာက ပုံမှန်အတွေးဖြစ်တာတောင် ၊ ဒါက ဆန်းပြားတဲ့ စိတ်ကူးဖြစ်မယ်နော်။

အမှန်က ဒီနေရာတစ်ခုလုံးက အရင်က လူနေအိမ်လမ်းဖြစ်ပေမယ့် အဲနိုဒန်းက ရထားလမ်းကို ဖောက်တဲ့အချိန်မှာ မြို့ခံတွေရဲ့ နေအိမ်၊ပန်းခြံစတဲ့ နေရာတွေကို ပေးအပ်ခဲ့ပြီး အဲနိုဒန်းက ရထားဆောက်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အနည်းအားဖြင့် အရင်က မူရှင်းအန်းရဲ့ ပန်းခြံဖြစ်ခဲ့တဲ့ မြေမှာ ရထားလမ်း ဖောက်လုပ်ခဲ့တဲ့အတွက် ဒီလိုမျိုး ဆန်းပြားတဲ့ ရှုခင်းကို ဖြစ်ပေါ်လာစေတာဖြစ်တယ်။
無心庵
( အချို ) လို့ ဘဲ ရေးထားတဲ့ ဝင်ပေါက်က ပိတ်စ ။ နမူနာရေးထားပေမယ့် ဆိုင်ရဲ့ ယုံကြည်မှုနဲ့ စတိုင်လို့ ခံစားရပါတယ်။
無心庵
ဝင်ပေါက်ကိုဝင်လိုက်တာနဲ့ ချက်ချင်း ဘယ်ဘက်မှာ ပစ္စည်းစာရင်း။
無心庵
သစ်ပင်တွေဘက်က ထိုင်ခုံမှာထိုင်ရင်း ပန်းခြံနဲ့ အဲနိုဒန်းရဲ့ ရထားလမ်းဘက်ရှုခင်းကို မြင်ရပါတယ်။ အဲနိုဒန်းက ၁၂ မိနစ် တစ်ကြိမ်နှုန်းဖြင့် သွားနေတာဖြစ်လို့ စားသောက်နေတုန်း မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ မျက်စိရှေ့မှာ ပြေးသွားတဲ့ အဲနိုဒန်းကို မြင်နိုင်ပါတယ်။ အမှတ်မထင် မီနူးကြည့်ပြီး ဘာမှာရမလဲ ဖြစ်နေတဲ့အချိန်မှာ အဲနိုဒန်းက ရောက်လာလို့ ကင်မရာအဆင်သင့်ပြင်ချိန်မရလိုက်လို့  ဓါတ်ပုံမရိုက်လိုက်ရပါဘူး။ စိတ်မရှိနဲ့ နော်။
無心庵
ဒီတစ်ခါမှာတာက ( ရှီရတမအာဇွတ်ခိ ) ( ၈၅၀ ယန်း )
無心庵
အာဇွတ်ခိရဲ့ အနေတော်လောက်အချိုနဲ့ ရှီရတမရဲ့ စေးကပ်နေတဲ့ခံစားမှုက ပေါင်းစည်းထားတာက အကောင်းဆုံးပါဘဲ။ ကမာကူရမှာ ရှိတဲ့ ခံစားချက်ကောင်းတဲ့ အချိုမုန့် ဆိုင်မှာ ရှီရတမအာဇုခိကို စားခဲ့တဲ့ ပိတ်ရက်ဖြစ်တယ်။ ဘာရယ်မဟုတ် ( လူကြီးတွေ နားရက် ) ကုန်ဆုံးတဲ့နည်းလို့  မခံစားရဘူးလား ?
無心庵
ကမာကူရကို လမ်းလျှောက်နေတုန်း ခဏ အနားယူတဲ့အချိန်မှာ မူရှင်းအန်းကို ဝင်ထိုင်ပြီး အေးအေးဆေးဆေး နေရင်း အရသာရှိတဲ့ အချိုမုန့် ကို မြည်းစမ်းကြည့်ပါ။

နေရာ: ခါနာဂါဝခရိုင် ကမာကူရမြို့ ယူဟိဂါဟာမ ၃ - ၂ - ၁၃
အချိန် :၁၀း၀၀ မှ ၁၇း၀၀
ပိတ်ရက် : ကြာသပတေး ( ပွဲတော်နေ့ ဖွင့် ) ※ ပုံမှန်မဟုတ်သော ပိတ်ရက် ရှိသည်။
ဝက်ဆိုဒ် :https://mushinan.chobi.net/index.html


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၇~၈လပိုင်းအတွင်းအကြံပြုချက်