ဒီဆောင်းဦး သွားချင်တယ် ! ကျိုတိုရဲ့ မိုမိဂျိနေရာ ၁၀ ခု လက်ရွေးစင်

ဒီဆောင်းဦး သွားချင်တယ် ! ကျိုတိုရဲ့ မိုမိဂျိနေရာ ၁၀ ခု လက်ရွေးစင်
ဆောင်းဦးရာသီ ကျိုတိုက သမိုင်းဝင်ဘုရားကျောင်းနဲ့ ခမ်းနားလှပတဲ့ ပန်းခြံတွေကို မိုမိဂျိတွေဖြင့် ချယ်မှုန်းထားပြီး တကယ့်ကို ရှုခင်းရတနာသိုက်ကြီးလို့ ပြောနိင်ပါတယ်။
ဒီတစ်ကြိမ်က တည်းဖြတ်အဖွဲ့ က ရွေးချယ်ထားတဲ့ ကျိုတိုရဲ့ မိုမိဂျိရှုခင်းနေရာ ၁၀ ခုကို ပြောပြပါမယ်။
ပုံမှန်မှ လျှို့ ဝှက်နေရာတွေထိ ဆောင်းဦးကျိုတိုကို စိတ်ကြည်လင်လန်းဆန်းလာသည်ထိ ခံစားကြည့်ပါ။
※မြေပုံပေါ်က တည်နေရာက ပျမ်းမျှနေရာတွေဖြစ်တာကြောင့် မှတ်သားထားပါနော

၁ ။ ရေကန်မျက်နှာပြင်က မှန်လိုမျိုး မိုမိဂျိတွေ ထင်ဟပ်နေတဲ့ ( ခိုးဒိုင်းဘုရားကျောင်း )

高台寺
တိုယောတိုမိ ဟီဒဲယောရှိရဲ့ တရားဝင်ဇနီးဖြစ်တဲ့ ခိတနိုမန်းဒိုခိုးရိုနဲနဲက သေဆုံးသွားတဲ့ ယောင်္ကျားကို အမျှဝေဖို့ အတွက် ဆောက်လုပ်ခဲ့တဲ့ ခိုးဒိုင်းဘုရားကျောင်းဖြစ်တယ်။ ဂျပန်ပန်းခြံက ဆောင်းဦးအရောင်တွေ ချယ်မှုန်းထားပြီး ခရီးသွားဧည့်သည်များစွာရဲ့ ကြိုက်နှစ်သက်ခြင်းတွေ ရရှိထားတဲ့ မိုမိဂျိနေရာဖြစ်တယ်။
高台寺
အဝါရောင်နဲ့ အနီရောင် မိုမိဂျိတွေက ဂါလူးရေကန်ရဲ့ ရေမျက်နှာပြင်မှာပုံရိပ်ထင်နေတဲ့ ပုံသဏ္ဍာန်က အရမ်းကို ဆန်းပြားလှပပါတယ်။ ဟီဒဲယောရှိကို ချစ်ခင်နှစ်သက်တဲ့ ခိတနိုမန်းဒိုခိုးရိုနဲနဲရဲ့ ဇာတ်လမ်းတွေ များစွာပြည့်နှက်နေတဲ့ ဘုရားကျောင်းဖြစ်တယ်။ ဇနီးမောင်နှံချစ်ခြင်းကို ခံစားရင်း အရေးပါတဲ့သူနဲ့ အေးအေးဆေးဆေး ဆောင်းဦးရာသီရှုခင်းတွေကို ချစ်ခင်ခံစားနိင်မယ့်အချိန်တွေကို ကုန်လွန်ကြည့်ကြမလား ။

【နေရာ 】ကျိုတိုမြို့၊ တိုးဇမ်းအပိုင်း၊ ခိုးဒိုင်းဘုရားကျောင်း၊ ရှိမိုခါဝရချော ၅၂၆ ဘန်းချိ
【ဝင်ကြေး 】 လူကြီး ( အထက်တန်းကျောင်းသားနှင့်အထက် ) ၆၀၀ ယန်း၊ အလယ်တန်းကျောင်းသား ၂၅၀
【အလုပ်ချိန် 】၉း၀၀ မှ ၁၇း၃၀
【ဝက်ဆိုဒ်】http://www.kodaiji.com/index.html

၂ ။ နီရဲနေအောင်ဖုံးလွှမ်းနေတဲ့ မိုမိဂျိတွေက ခမ်းနားလှပတဲ့ ( ဘီရှမွန်းဘုရားကျောင်း )

毘沙門堂
JR တိုးခိုင်းရဲ့ ( အဲဒီလို ကျိုတို ၊ သွားစို့ ) ဆိုတဲ့ CMအစီအစဉ်မှာ အရေးပေးဖော်ပြတဲ့ ဘီရှမွန်းဘုရားကျောင်းဖြစ်တယ်။ တရုတ်ပြက္ခဒိန်ရဲ့ ၂၀ မြောက်လနားက ဆောင်းဦးနှောင်းပိုင်းကို ရောက်ရင် ဘီရှမွန်းဘုရားကျောင်းသို့ သွားတဲ့ ချော်ကုရှိတောင်စောင်းမှာ ကြွေကျနေတဲ့ မိုမိဂျိတွေက ကော်ဇောခင်းထားသလို ဖြစ်နေပါတယ်။ ( ကျိုတိုရဲ့ ဆောင်းဦး ) ကို ခံစားဖို့ က ဖြစ်ပေါ်နေတဲ့ အနီရောင်ကော်ဇောကို အေးအေးဆေးဆေးလမ်းလျှောက်ပြီး သွားကြည့်ကြမယ်။

၃ ။ မိုမိဂျိနဲ့ ခေတ်ပေါ်ပန်းခြံရဲ့ အလှကို ယစ်မူးနိုင်မယ့် ( နန်းဇမ်းဘုရားကျောင်း ၊ တမ်းဂျိကျောင်းသင်္ခန်း )

南禅寺
နန်းဇမ်းဘုရားကျောင်းကို တည်ထောင်ခဲ့တဲ့ ဒိုင်းမင်ခိုခုဆရာကို တည်ထားကိုးကွယ်ပြီး ခိုင်းယာမပြဿဒ်အဖြစ် ဆောက်လုပ်ခဲ့တဲ့ တမ်းဂျိကျောင်းသင်္ခန်းဖြစ်တယ်။ နန်းဇမ်းဘုရားကျောင်းအတွင်းမှာ တိတ်တိတ်ဆိတ်ဆိတ်တည်ရှိနေတဲ့ အဆောက်အဦးက သိသူနည်းတဲ့ မိုမိဂျိနေရာဖြစ်တယ်။ တမ်းဂျိကျောင်းသင်္ခန်းတွင်းမှာလည်း ဟိုးဂျောအာဇုမပန်းခြံက ဂျပန်ပန်းခြံဖြစ်ပြီး အဖြူရောင်သဲပေါ်မှာ ရေညှိဖြင့် အစိမ်းရောင်လေးထောင့်ကွက်ပုံစံ ကျောက်ဖျာတွေ တန်းစီနေတဲ့ ခေတ်ပေါ်ဒီဇိုင်းက အထင်ကြီးစရာပါ။ ခံစားမှုနက်ရှိုင်းတဲ့ ပန်းခြံအလှနဲ့ ခေတ်ပေါ်ဒီဇိုင်းပေါင်းစပ်ထားတဲ့ ရှုခင်းကို ကြည့်ရှုနေရင်း စိတ်နှလုံးအေးချမ်းလာရပါတယ်။
南禅寺・天授庵

၎ ။ ဟဲအိအန်းရဲ့ နေ့ ရက်ဟောင်းတွေမှ ( မိုမိဂျိတွေရဲ့ အဲအိခမ်းဒိုး ) အဖြစ် သိထားကြတဲ့ မိုမိဂျိနာမည်ကြီးနေရာ


永観堂

ဟဲအိအန်းခေတ်မှာ ရေးစပ်ခဲ့တဲ့ ခေတ်ဟောင်းရိုးရာသီချင်းတွေမှာ ( ဆောင်းဦးက မိုမိဂျိတွေရဲ့ အဲအိခမ်းဒိုး ) လို့ ရွတ်ဆိုနိုင်လောက်တဲ့ ရှေးခေတ်ဟောင်းမှ ကျိုတိုရဲ့ အကောင်းဆုံးမိုမိဂျိနာမည်ကြီးနေရာအဖြစ် သိထားကြပါတယ်။ ကြွေကျနေတဲ့ မိုမိဂျိတွေ ဖုံးလွှမ်းထားတဲ့ ဘန်းဇိုင်းတန်းရဲ့ တိုရိအိဂိတ်ပေါက်ကို မျက်နှာမူထားတဲ့ တံတားနဲ့ ဟိုးဂျောရေကန်ကို ဖြတ်မြင်ရတဲ့ ပုံသဏ္ဍာန်က အရမ်းကို ဓါတ်ပုံရိုက်လို့ လှပတဲ့ နေရာဖြစ်ပါတယ်။

永観堂

မျက်စိမခွာလောက်တဲ့အရာက ဟိုးဂျောရေကန်က မိုမိဂျိမီးထွန်းအလှဆင်ထားခြင်းဖြစ်တယ်။ အရောင်မျိုးစုံ မိုမိဂျိတွေက အလင်းရောင်ဖြင့် ထွန်းလင်းနေတဲ့ ကန်ရေပြင်မှာ ပုံရိပ်ထင်ပြီး တံတားကို ထင်ထင်ရှားရှားပေါ်ထွက်လာစေတဲ့ အနေအထားက အရမ်း ဆန်းပြားလှပပါတယ်။ အလင်းရောင်ကမ္ဘာမှာ မျက်စိလည်နေသလိုမျိုး ရှုခင်းဖြစ်ပါတယ်။

၅ ။ ကြည့်ရှုရမယ့်ဂျပန်ပန်းခြံက ဆောင်းဦးအရောင်အဆင်းကို ချယ်မှုန်းထားတဲ့ ( မန်းရှူးဘုရားကျောင်း )


曼殊院

တိုမြို့ စခရောအပိုင်း အိချိဂျောဘုရားကျောင်းမှာ ရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းဆောင်ဖြစ်တယ်။ ဆောင်းဦးရာသီရောက်ရင် စွမ်းအင်ပြည့်ဝတဲ့ အဖြူရောင်နံရံရှိတဲ့ နန်းတော်ဂိတ်ပါက်ကို နီရဲနေတဲ့ မိုမိဂျိတွေ ဖုံးအုပ်ထားပါတယ်။

曼殊院

တိုမြို့ စခရောအပိုင်း အိချိဂျောဘုရားကျောင်းမှာ ရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းဆောင်ဖြစ်တယ်။ ဆောင်းဦးရာသီရောက်ရင် စွမ်းအင်ပြည့်ဝတဲ့ အဖြူရောင်နံရံရှိတဲ့ နန်းတော်ဂိတ်ပါက်ကို နီရဲနေတဲ့ မိုမိဂျိတွေ ဖုံးအုပ်ထားပါတယ်။

【 နေရာ】ကျိုတိုမြို့ စခရောအပိုင်း၊ အိချိဂျောဘုရားကျောင်း တာခဲနိုအူချိချော ၄၂
【 ဝင်ကြေး】ပုံမှန် ၆၀၀ ယန်း၊ အထက်တန်းကျောင်းသား ၅၀၀ ယန်း၊ မူလတန်း၊ အလယ်တန်းကျောင်းသား
【အလုပ်ချိန်】 ၉း၀၀ မှ ၁၇း၀၀
【ပိတ်ရက်】 ပုံမှန် မရှိ
【ဝက်ဆိုဒ်】http://www.manshuinmonzeki.jp/index.html

၆ ။ မိုမိဂျိတွေ ဖုံးအုပ်ထားတဲ့ မိုမိဂျိကြမ်းပြင်က ပြောင်မြောက်လှတဲ့ ( လူအိခိုဘုရားကျောင်း )


瑠璃光院

ကျိုတိုရဲ့ ယာဆဲမှာ တိတ်တိတ်ဆိတ်ဆိတ်တည်ရှိနေတဲ့ သမိုင်းကြောင်းရှိတဲ့ ဘုရားကျောင်းဖြစ်ပြီး ဆောင်းဦးရောက်ရင် မိုမိဂျိနာမည်ကြီးနေရာအဖြစ် စည်ကားပါတယ်။ စာဖတ်ဆောင် ဒုတိယထပ်မှ လူအိခိုပန်းခြံရဲ့ မိုမိဂျိတွေက ကြမ်းခင်းပြင်မှာ ထင်ဟပ်နေပြီး ဆန်းပြားတဲ့ အရောင်အသွေးတွေဖြင့် ဖုံးလွှမ်းထားပါတယ်။

瑠璃光院

ည မီးထွန်းအလှဆင်ခြင်းကလည်း ကြည့်စရာတစ်ခုဖြစ်ပါတယ်။ အမျိုးမျိုးသော တည်နေရာတွေမှ မျက်နှာ လည်နေအောင် အရောင်အသွေးလှပလှတဲ့ မိုမိဂျိတွေကို ကြည့်ကြပါစို့ ။

【နေရာ 】ကျိုတိုဖု ကျိုတိုမြို့၊ စခရောအပိုင်း၊ ခါမိတာခနိုးဟိဂရှိတောင် ၅၅
【ဝင်ကြေး 】၂၀၀၀ ယန်း
【 အလုပ်ချိန်】အောက်တိုဘာလ ၁ရက် မှ ဒီဇင်ဘာလ ၁၀ ရက် ၁၀း၀၀ မှ ၁၆း၃၀
【ပိတ်ရက် 】ပုံမှန်မရှိ
【ဝက်ဆိုဒ်】http://rurikoin.komyoji.com/

၇ ။ ကခုန်ကြွေဆင်းနေတဲ့ မိုမိဂျိတွေက မြစ်ရေပြင်ကို ဖုံးအုပ်ထားတဲ့ ( ခိတနိုတမ်းမန်းဂုဘုရားကျောင်း )


北野天満宮

ခိတနိုတမ်းမန်းဂုဘုရားကျောင်းက ပညာနတ်ဘုရားအဖြစ်သိထားကြတဲ့ စုဂဝါရမီချီဇနဲခိုကို ကိုးကွယ်ပြီး တစ်နိုင်ငံလုံးက တမ်းမန်းဂုတွေရဲ့ ပင်မဘုရားကျောင်းဖြစ်တယ်။ နွေဦီးရာသီက အူမဲပင်တွေရဲ့ နာမည်ကြီးနေရာအဖြစ်သိထားကြပေမယ့် ဆောင်းဦးရောက်ရင် အပင် ၃၀၀ လောက်ရှိတဲ့ မိုမိဂျိတွေက ပိတ်စမှာ အရောင်ဆိုးထားသလို မိုမိဂျိပန်းခြံအဖြစ်သို့ စောစောပြောင်းလဲသွားတယ်။

北野天満宮

ကခုန်ကြွေကျနေတဲ့ မိုမိဂျိတွေ ဖုံးလွှမ်းနေတဲ့ ခါမိယမြစ်နဲ့ အဲဒီမှာ ချိတ်ဆက်ထားတဲ့ ခမ်းနားတဲ့ ဟင်္သာပြးဒါးရောင်က တောက်ပြောင်နေတဲ့ အူဂိအိစုတံတားရဲ့ ရှုခင်းက ဆောင်းဦးရဲ့ သွင်ပြင်ကို ခံစားနိုင်ပါတယ်။ 【နေရာ 】 ကျိုတိုမြို့၊ ဂျောခရောအပိုင်း၊ မာခူရိုချော
【ဝင်ကြေး】၂၀၀၀ ယန်း
【 အလုပ်ချိန်】ဧပြီလ မှ စက်တင်ဘာလ ၅း၀၀ မှ ၁၈း၀၀ ၊ အောက်တိုဘာလ မှ မတ်လ ၅း၃၀ မှ ၁၇း၃၀
【ဝက်ဆိုဒ်】http://www.kitanotenmangu.or.jp/

၈ ။ ရေညှိပန်းခြံနဲ့ ကြွေကျနေတဲ့ မိုမိဂျိတွေ ကြည့်ရှုနိုင်မယ့် အရောင်အသွေးလှပမှု ( ဂိအိုးဘုရားကျောင်း )


祇王寺

ဝါးတောနဲ့ မေပယ်ပင်တွေ ဝန်းရံထားတဲ့ သင့်တော်တဲ့အနေအထားရှိတဲ့ သက်ကယ်တဲအိမ်ဖြစ်တဲ့ ဂိအိုးဘုရားကျောင်းဖြစ်တယ်။ နွေရာသီရဲ့ ရေညှိတွေဖြင့် ဖုံးလွှမ်းထားတဲ့ ပန်းခြံရဲ့ အလှဖြင့် နာမည်ကြီးလာတဲ့ ဂိအိုးဘုရားကျောင်းဖြစ်ပေမယ့် ဆောင်းဦး မိုမိဂျိတွေလည်း ကြည့်စရာတွေဖြစ်ပါတယ်။

祇王寺

ဝါးတောနဲ့ မေပယ်ပင်တွေ ဝန်းရံထားတဲ့ သင့်တော်တဲ့အနေအထားရှိတဲ့ သက်ကယ်တဲအိမ်ဖြစ်တဲ့ ဂိအိုးဘုရားကျောင်းဖြစ်တယ်။ နွေရာသီရဲ့ ရေညှိတွေဖြင့် ဖုံးလွှမ်းထားတဲ့ ပန်းခြံရဲ့ အလှဖြင့် နာမည်ကြီးလာတဲ့ ဂိအိုးဘုရားကျောင်းဖြစ်ပေမယ့် ဆောင်းဦး မိုမိဂျိတွေလည်း ကြည့်စရာတွေဖြစ်ပါတယ်။


၉ ။ အာရရှိတောင်ကို ရှုခင်းထားရှိတဲ့ စိုးဂန်းချိပန်းခြံက မိုမိဂျိတွေဖြင့် ချယ်မှုန်းထားတဲ့ ( တမ်းလူးဘုရားကျောင်း )


天龍寺

၉ ။ အာရရှိတောင်ကို ရှုခင်းထားရှိတဲ့ စိုးဂန်းချိပန်းခြံက မိုမိဂျိတွေဖြင့် ချယ်မှုန်းထားတဲ့ ( တမ်းလူးဘုရားကျောင်း )

天龍寺

ဒိုင်းဟိုးဂျောမှာ ထိုင်ပြီး အေးအေးဆေးဆေး ဆောင်းဦးသွင်ပြင်ကို မြည်းစမ်းကြည့်ရအောင်။

【နေရာ 】 ကျိုတိုဖု ကျိုတိုမြို့၊ ယူးခရောအပိုင်း၊ ဆာဂတမ်းလူးဘုရားကျောင်း ၊စုစုခိနိုဘန်းဘချော ၆၈
【ဝင်ကြေး】 လူကြီး ( အထက်တန်းကျောင်းသားနှင့်အထက် ) ၅၀၀ ယန်း၊ မူလတန်း၊ အလယ်တန်းကျောင်းသား ၃၀၀ ယန်း
【အလုပ်ချိန်】၈း၃၀ မှ ၁၇း၃၀ ( ပုံမှန် ) ၊ ဧပြီလ မှ စက်တင်ဘာလ ၅း၀၀ မှ ၁၈း၀၀ ၊ အောက်တိုဘာလ ၂၁ ရက်မှ မတ်လ ၂၀ ရက် ၈း၃၀ မှ ၁၇း၀၀ ( မြောက်ဘက်ဂိတ်ပေါက်က ၁၆း၃၀ ပိတ်သည်)
【ဝက်ဆိုဒ်】http://www.kitanotenmangu.or.jp/

၁၀ ။ ကျယ်ပြန့် တဲ့မြေပြင်က ဆောင်းဦးရဲ့ ခြုံလွှာအဖြစ်ပြောင်းလဲသွားတဲ့ ( ဒိုင်းဂိုးဘုရားကျောင်း )


醍醐寺

ဒိုင်းဂိုးတောင်ခြေမှ တောင်ထိပ်ထိ သိန်း ၂၀ စတုရန်းမီတာရှိတဲ့ ကျယ်ပြန့် တဲ့ ဘုရားကျောင်းမြေကို ပိုင်ဆိုင်ထားတဲ့ ဒိုင်းဂိုးဘုရားကျောင်းဖြစ်တယ်။ ဆောင်းဦးမှာ မိုမိဂျိ၊ ဂျင်ဂိုပင်၊ ခိုနာရာပင်၊ လရောဘုပင် စတဲ့ ရွက်ကြွေသစ်ပင်တွေကို ကြည့်ချိန်မှာ အရောင်ပြောင်းသွားပြီး ကျယ်ပြန့် တဲ့ ဒေသမှာ ဆောင်းဦးအရောင်တွေ ချယ်မှုန်းထားပါတယ်။

醍醐寺

ဒိုင်းဂိုးဘုရားကျောင်းမှာ အရောင်သွေး အစုံလင်ဆုံး မိုမိဂျိနေရာက ရင်းဆမ်းနို ဘန်းတန်းကျောင်းဆောင်ဖြစ်တယ်။ ရေမျက်နှာပြင်မှာ အရောင်စုံမိုမိဂျိနဲ့ ဘန်းတန်းဇိုင်းရဲ့ ဟင်္သာပြဒါးရောင်ကို ပုံရိပ်ထင်နေတဲ့ ပုံသဏ္ဍာန်က တကယ့်ကို ဆောင်းဦးရှုခင်းပါ။ !

【နေရာ 】ကျိုတိုမြို့၊ ဖူရှိမိအပိုင်း၊ ဒိုင်းဂိုး ဟိဂရှိအိုးဂျိချော ၂၂
【ဝင်ကြေး】လူကြီး ( အထက်တန်းကျောင်းသားနှင့်အထက် ) ၈၀၀ ယန်း၊ မူလတန်း အလယ်တန်းကျောင်းသား ၆၀၀ ယန်း
【 အလုပ်ချိန်】၉း၀၀ မှ ၁၆း၀၀ ( နွေရာသီ ) ၊ ၉း၀၀ မှ ၁၅း၀၀ ( ဆောင်းရာသီ )
【ဝက်ဆိုဒ်】https://www.daigoji.or.jp/guide_fee.html/

အထက်ဖော်ပြပါ ကျိုတိုမိုမိဂျိနေရာ ၁၀ ခု လက်ရွေးစင်ဖြစ်ပါတယ်။ ဆောင်းဦးကျိုတိုက လှပါတယ်။ အဲဒါနဲ့ တင် များစွာသော ခရီးသွားဧည့်သည်တွေ ဖြင့် စည်ကားနေပါတယ်။ အေးအေးဆေးဆေး လမ်းလျှောက်ချင်တဲ့သူတွေက မနက်စောစော သွားတာကောင်းပါတယ်။ ဒီဆောင်းဦးက ကျိုတိုမှာ အခုကလွဲပြီး မရှိတဲ့ ရှုခင်းတွေကို ထွက်ကြည့်ပါနော်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁၀~၁၁လပိုင်းအတွင်းအကြံပြုချက်