ဂျပန်ရဲ့ ရှေးပုံရိပ်ရှုခင်းတွေက ဒီနေရာပါ ! တိုခုရှိမခရိုင်ရဲ့ မပွင့်လင်းသေးသောဒေသ ( အီယ ) ကို မြည်းစမ်းနိုင်မယ့် နည်းလမ်း ၇ ခု

ဂျပန်ရဲ့ ရှေးပုံရိပ်ရှုခင်းတွေက ဒီနေရာပါ ! တိုခုရှိမခရိုင်ရဲ့ မပွင့်လင်းသေးသောဒေသ ( အီယ ) ကို မြည်းစမ်းနိုင်မယ့် နည်းလမ်း ၇ ခု
ပေါကြွယ်ဝတဲ့ တောင်ထွတ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တိုခုရှိနခရိုင်ရဲ့ မပွင့်လင်းသေးသောဒေသဖြစ်တဲ့ ( အီယ ) ။ ဂျပန်ရဲ့ မပွင့်လင်းသေးတဲ့ဒေသ ၃ ခုမှာ ရွေးချယ်ခံထားရတဲ့ ဒီဒေသက လူနဲ့ သဘာဝက အတူတကွရှိနေတဲ့ ပုံသဏ္ဍာန်ကို ခံစားကြည့်ရှုနိုင်မယ့် အဖိုးတန်နေရာဖြစ်တယ်။ ရှေးယခင်က ဟဲအိရှိနိုအိုချိလူတွေက ဂန်းဂျိတွေရဲ့ လိုက်ခြင်းမှ ထွက်ပြေးပြီး ဒီဒေသမှာ ပုန်းအောင်းနေထိုင်ကြတယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိပြီး နေရာတိုင်းမှာ ဟဲအိခဲအိချိလူမျိုးတွေနဲ့ ပတ်သတ်တဲ့ ပုံပြင်တွေ ကျန်ရှိနေတာလည်း ဆွဲဆောင်မှုတစ်ခုပါဘဲ။
ဒီတစ်ခါ အဲဒီလို လွမ်းစရာကောင်းတဲ့ ဂျပန်ရဲ့ ရှေးပုံရိပ်တွေ ကျန်ရှိကိန်းအောင်းနေတဲ့ ကျေးလက်တောရွာ ( အီယ )ကို မြည်းစမ်းနိုင်မယ့် နည်းလမ်း ၇ ခုကို ပြောပြပါမယ်။

၁ ။ မြူနှင်းတောင်တွေ ဖုံးလွှမ်းနေတဲ့ မိုးကောင်းကင်က ကျေးလက်တောရွာ ( အိုချိအာအိရွာ ) မှာ လူတွေရဲ့ အလုပ်အကိုင်ကို ခံစားမယ်

祖谷 落合集落
( အဖိုးတန်ရိုးရာအဆောက်အဦးအစုလိုက်ထိန်းသိမ်းမှုအပိုင်း ) မှာ သတ်မှတ်ထားတဲ့ အရှေ့ အီယရဲ့ အိုချိအာအိရွာဖြစ်တယ်။ V စာလုံးပုံဖြစ်နေတဲ့ တောင်ကြားမှာရှိတဲ့ အီယရဲ့ မြေအနေအထားက မြေပြန့် က မရှိသလောက်ပါဘဲ။ အဲဒီအတွက် အိမ်တွေက တောင်စောင်းတလျှောက် ဆောက်လုပ်ထားပါတယ်။ အဲဒီထဲမှာ အိုချိအာအိရွာရဲ့ အမြင့်ကွာခြားမှုက ၃၉၀ မီတာရှိပါတယ်။ တိုကျိုတာဝါရဲ့ အမြင့်ထက် မြင့်တဲ့ တောင်စောင်းမှာ အိမ်တွေကို ကပ်ဆောက်ထားပြီး မျက်နှာချင်းဆိုင်ဘက်က ( အိုချိအာအိရွာမျှော်စင် ) မှ ရွာတွေအားလုံးကို လှမ်းမြင်နိုင်ပါတယ်။

မြူနှင်းတွေ ကင်းစင်သွားတဲ့အချိန်မှာ အတတ်ကို လွမ်းဆွတ်စရာကောင်းတဲ့ သက်ကယ်မိုးအိမ်နဲ့ တောင်စောင်းယာခင်းမှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးနေတဲ့ လူတွေရဲ့ မျက်နှာကို ကြည့်ပြီး လူနဲ့ သဘာဝက အတူရှင်သန်နေတဲ့ ဒီနေရာလွဲပြီး မရှိနိုင်တဲ့ စွမ်းအားတွေကို ခံစားရပါမယ်။

【နေရာ 】တိုခုရှိမခရိုင် မီယမြို့ ၊ အရှေ့အီယ အိုချိအာအိ
【အခကြေးငွေ】အခမဲ့
【အချိန် 】၉း၀၀ မှ ၁၇း၃၀
【ဝက်ဆိုဒ် 】http://www.miyoshinavi.jp/02miru/detail.php?genr=101&area=1&uid=SS000071

၂ ။ သဘာဝတရားရဲ့ စွမ်းအားပြည့်အလှတရားတွေနှင့် စိန်ခေါ်နေတဲ့ ( ရှောဘန်းခိုဇို ) ကို လေ့လာကြည့်ရှုခြင်း

祖谷 小便小僧
နက်ရှိုင်းတဲ့ V စာလုံးပုံစံလျှိုမြောင်တွေ ဆက်နေတဲ့ အီယတောင်ကြားရဲ့ သဘာဝတရားကို ရှုမြင်ပြီး သေးပန်းနေတဲ့ပုံစံလုပ်ထားတဲ့ ရှောဘန်းခိုဇိုနဲ့ ယှဉ်တွဲမှုက ဟာသမြောက်တဲ့ ရှုခင်းဖြစ်စေပါတ
ရှေးယခင်က အီယရဲ့ ကလေးတွေက ရဲစွမ်းသတ္တိစမ်းသပ်မှုလုပ်ခဲ့တဲ့ ဆိုရိုးစကားကို အခြေခံပြီး ဒီပုံကို ပြုလုပ်ခဲ့တာများလား။ ဆောင်းဦးရာသီမှ မိုမိဂျိဖြင့် လျှိုမြောင်အောက်ခြေမှ တောင်ထိပ်ထိ အရောင်သွေးစုံလင်စွာချယ်မှုန်းထားပြီး ဆောင်းရာသီက အနီးနားက မျက်နှာပြင်တစ်ခုလုံး အဖြူရောင်နှင်းတွေ ဖုံးလွှမ်းထားတဲ့ ကြားမှာ ဒီကျောက်ဆောင်နံရံမှာ ရဲစွမ်းသတ္တိစမ်းသပ်မှုဆက်လုပ်နေတဲ့ ရှောဘန်းခိုဇိုပါ။ ဒီအတွေးပုံရိပ်ပါတဲ့ ပုံသဏ္ဍာန်မှာ လေးစားစရာတွေ ရှိကောင်းရှိနိုင်ပါတယ်။

၃။ ( အိုခုအီယ ခါဇုယတံတား ) ကို ဖြတ်သန်းပြီး သဘာဝရဲ့ နွေးထွေးမှုကို ခံစားမယ်။

奥祖谷 かずら橋
အိုခုအီယရဲ့ စိမ်းလန်းစိုပြေနေတဲ့ တောင်ကြားလျှိုမြောင်မှာ ချိတ်ဆက်ထားတဲ့ ခါဇုယတံတားဖြစ်တယ်။ ဒီတံတားက အလေးချိန် ၅ တန်ရှိတဲ့ ရှိရခုချိခါဇုယသစ်ပင် ( စရုနာရှိ ) ဖြင့် ဆောက်လုပ်ထားပြီး ၃ နှစ်ကြာ လူအင်အားဖြင့် ဆောက်လုပ်ခဲ့ပါတယ်။ သဘာဝပစ္စည်းတွေ ဖြင့် ဆောက်လုပ်ထားတဲ့ တံတားက ဖြတ်သွားကြည့်ရင် တကျွီကျွီနဲ့ ပွတ်တိုက်နေပြီး လေထဲက တံတားယက်မမှ အီယမြစ်ကို ပတ်လည်မြင်နိုင်ပြီး စိတ်လှုပ်ရှားစရာအပြည့်ဖြစ်ပါတယ်။
奥祖谷 かずら橋
လက်တန်းကို ဆုပ်ကိုင်ကြည့်ရင် ရေဓါတ်ပြည့်ဝနေတဲ့ ရှိရခုချိခါဇုယသစ်ပင်ရဲ့ သဘာဝနွေးထွေးမှုကို ခံစားရပါတယ်။
ရှေးယခင်က ဟဲအိခဲနိုအိုချိလူတွေ နီးကပ်လာတဲ့ ဂန်းဂျိမှ လွတ်မြောက်လာတဲ့အတွက် ဖြတ်တောက်ပြီး လွယ်ကူစွာ ရှိရခုချိခါဇုယသစ်ပင်ဖြင့် တံတားပြုလုပ်ခဲ့တယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့ ခါဇုယတံတားဖြစ်တယ်။ ပုံပြင်ကို တွေးရင်း တံတားကို ဖြတ်သန်းကြည့်ရင် နောက်ထပ် မတူညီတဲ့ စိတ်ဝင်စားစရာတွေ ရှိပါတယ်။

ခါဇုယတံတားက အီယမှာ နောက်တစ်နေရာရှိပါတယ်။
လူရောက်နည်းတဲ့ရှုခင်းနေရာ ( နှစ်ထပ်ခါဇုယတံတား ) ကိုလည်း ခြေဆန့် ကြည့်ရအောင်။

二重かずら橋
အိုခုအီယရဲ့ ပုန်းအောင်းနေတဲ့ နေရာက ဒီနှစ်ထပ်ခါဇုယတံတားဖြစ်တယ်။ တံတား နှစ်စင်း ချိတ်ဆက်ထားသလို ဆောက်လုပ်ထားတဲ့အတွက် ခေါ်နေကျနာမည် ( ယောင်္ကျားတံတား မိန်းမတံတား ) လို့ ရော ( ဇနီးမောင်နှံတံတား ) လို့ ရော ခေါ်ကြပါတယ်။ နှစ်ထပ်ခါဇုယတံတားက နောက်ထပ် ခရီးသွားဧည့်သည်တွေလည်း ကြိုကြားကြိုကြားလာရောက်ကြတဲ့ လျှို့ ဝှက်ဆန်းကြယ်တဲ့နေရာဖြစ်တယ်။
အိုခုအီယရဲ့ သဘာဝအလှတရားကို တိတ်ူဆိတ်အေးချမ်းစွာ ကြည့်ရှူခံစားကြည့်ရအောင်နော်။

【နေရာ 】 မီယမြို့၊ အရှေ့ အီယ စုဂို ၆၂၀
【ဝင်ကြေး 】လူကြီး ၅၅၀ ယန်း၊ ကလေး ( မူလတန်းကျောင်းသား ) ၃၅၀ ယန်း
【အလုပ်ချိန်】နေထွက်ချိန်မှ နေဝင်ချိန်
【ဝက်ဆိုဒ် 】http://www.miyoshinavi.jp/02miru/detail.php?genr=101&uid=SS000041

၎ ။ အသွင်ပြောင်းကျောက်ဆောင်တွေ မက်စောက်စွာတည်ရှိနေတဲ့ ( အိုးဘိုခဲတောင်ကြား ) ကို အပျော်စီးသင်္ဘောဖြင့် စုန်ဆင်းမယ်

大歩危峡
စွမ်းအားကြီးတဲ့ အသွင်ပြောင်းကျောက်ဆောင်နဲ့ V ပုံစံလျှိုမြောင်ကို အနီးကပ်ကြုံတွေ့ နိုင်မယ့် အိုးဘိုခဲတောင်ကြားဖြစ်တယ်။ နှစ်ရှည်လများ ဖြစ်ပေါ်နေတဲ့ သဘာဝပစ္စည်းတွေမှ ဂျပန်ကျွန်းစုဖြစ်တည်လာခြင်းကို နားလည်လာတဲ့ အဖိုးတန်နေရာအဖြစ် ( နိုင်ငံမှတ်တမ်းဝင်သဘာဝအမှတ်တရ ) အဖြစ် သတ်မှတ်ထားပါတယ်။
အပျော်စီးလှေဖြင့် လှုပ်ရမ်းပြီး ဆန်းပြားတဲ့ ပုံစံရှိတဲ့ ကြီးမားတဲ့ကျောက်ဆောင်တွေကို ကြည့်ရင်းသဘာဝတရားရဲ့ ဆန်းပြားမှုကို ခံစားကြည့်ရအောင်။

၅ ။ ဂျပန်အဓိက လျှို့ ဝှက်ရေပူစမ်း ၃ ခု ( အီယရေပူစမ်း ) မှာ သုခချမ်းသာရှိတဲ့အချိန်ကို ကုန်ဆုံးမယ်

祖谷温泉
အီယရဲ့ နက်ရှိုင်းတဲ့ လျှိုမြောင်အောက်ခြေမှာရှိတဲ့ ရေအရင်းအမြစ်စီးဆင်းနေတဲ့ ရေဖြစ်တဲ့ အီယရေပူစမ်းဖြစ်တယ်။ ဟော်ကိုင်းဒိုးရဲ့ နိဆဲနိုယာခုရှိရေပူစမ်း၊ အာအိုးမိုရိခရိုင်ရဲ့ ယာချိရေပူစမ်းနှင့် အတူ ဂျပန်အဓိက လျှို့ ဝှက်ရေပူစမ်း ၃ ခုမှာ ပါဝင်ပါတယ်။
ကေဘယ်ကားဖြင့် တောင်တွေ ယှက်နွယ်နေတဲ့ ပန်နိုရားမားတောတောင်ရှုခင်းကို ပိုင်ပိုင်နိုင်နိုင်ကြည့်ရှုရင်း တောင်စောင်း ၄၂ ဒီဂရီရှိတဲ့ ကျောက်ဆောင်စွန်းမှာ ဆင်းပြီး ရေပူစမ်းထိ …….။ အယ်ကာလိုင်းအမျိုးအစား မင်နရယ်ဓါတ်တွေ ပါဝင်တဲ့ အပန်းဖြေခံစားနိုင်တဲ့ရေပူက အသားလှရေပူလို့ ခေါ်ကြပါတယ်။

သစ်တောအတွင်းမှ ပဲ့တင်နေတဲ့ ငှက်မြည်သံနဲ့ မြစ်ရဲ့ တသွင်သွင်စီးဆင်းသံကို နားထောင်ရင်း ချမ်းသာသုခရှိတဲ့အချိန်လေးကို မြည်းစမ်းကြည့်ရအောင်။

【နေရာ】တိုခုရှိမခရိုင် မီယမြို့ အီခဲဒချော မာစွတ်အိုမာစွတ်ဟွန်း ၃၆၇ - ၂၈
【အခကြေးငွေ】( မြူကောင်းကင်ရေချိုးခန်း ) လူကြီး ၁၇၀၀ ယန်း၊ ကလေး ၉၀၀ ယန်း
( မျှော်စင်လျှိုမြောင်နေရာ)လူကြီး ၆၀၀ ယန်း၊ ကလေး ၃၀၀ ယန်း
【အလုပ်ချိန်】၁၇း၃၀ မှ ၁၈း၀၀ ※ လက်ခံချိန် ၁၇း၀၀ ထိ
【ဝက်ဆိုဒ် 】https://www.iyaonsen.co.jp/

၆ ။ ( ကောင်းကင်ရွာ ၊ စာခြောက်ရုပ်ရွာ ) က စာခြောက်ရုပ်တွေနဲ့ တွေ့ မယ်

天空の村・かかしの里
တောင်ထဲက အေးချမ်းတဲ့ ရွာလေးကို လမ်းလျှောက်ကြည့်ရင် ရုတ်တရက် ပေါ်လာတဲ့ စာခြောက်ရုပ်များ။ တစ်နေရာရာမှာ ရင်းနှီးတဲ့လူနဲ့ ဆင်နေသလိုမျိုး ပုံစံအသီးသီးရှိတဲ့ စာခြောက်ရုပ်တွေရဲ့ ပုံစံကို ကြည့်ပြီး စိတ်မပျက်သွားပါနဲ့ ။
ဒီရွာမှာရှိတဲ့ အရှေ့ အီယအပိုင်းက အသက်ကြီးပိုင်းများလာခြင်းနဲ့ လူဦးရေနည်းပါးလာခြင်း ( ကန့် သတ်ချက်ရှိတဲ့ ရွာ ) ဖြစ်ပြီး ရွာလူဦးရေထက် စာခြောက်ရုပ်ဦးရေက များတယ် ( ၁၈၀ ခုကျော် ) ဆိုတာကို သိခဲ့ရပါတယ်။ ပိတ်ထားတဲ့ကျောင်းမှာရော ဘတ်စ်ကားမှတ်တိုင်မှာရော အံ့သြစရာကောင်းလောက်အောင် များပြားတဲ့ စာခြောက်ရုပ်တွေ ရှိနေပါတယ်။ အသီးသီး ရောက်တတ်ရာရာ စကားပြောတာတွေ ၊ စိုက်ပျိုးရေးအကြောင်းပြောတာတွေဖြင့် အချိန်ကုန်နေတဲ့ စာခြောက်ရုပ်တွေက များစွာသော လူတွေ ပြန်လာတာကို စောင့်နေသလိုမျိုးဖြစ်နေပါတယ်။

【နေရာ 】တိုခုရှိမခရိုင် မီယမြို့၊ အရှေ့ အီယစုဂို ၁၉၁
【အခကြေးငွေ 】အခမဲ့
【အခမဲ့】http://miyoshicity-kankokyokai.or.jp/nature/tenku_kakashi

၇ ။ ( နိုးလင်းဂရောကျေးလက်တည်းခိုရိပ်သာ ) မှာ တည်းခိုပြီး တောတောင်ကျေးရွာရဲ့ နေထိုင်မှုကို လုပ်ကြည့်ရအောင်

農林漁家民宿
နိုးလင်းဂရောကျေးလက်တည်းခိုရိပ်သာဆိုတာက တောတောင်ကျေးရွာရဲ့ နေထိုင်မှုကို လက်တွေ့ လုပ်နိုင်မယ့် နေထိုင်မှုပုံစံကို ဆောက်လုပ်ထားပါတယ်။
နိုးလင်းဂရောကျေးလက်တည်းခိုရိပ်သာတွေရှိပြီး အဲဒီအဆောက်အဦးပေါ်မူတည်ပြီး ထောက်ပံ့ပေးထားတဲ့ လက်တွေ့ လုပ်ဆောင်မှုလည်း အမျိုးမျိုးရှိပါတယ်။ ခေါက်ဆွဲလုပ်ခြင်း နဲ့ လယ်လုပ်ခြင်းနဲ့ ထင်းခွဲခြင်း စတဲ့ မြို့ပြမှာ မစမ်းသပ်နိုင်တဲ့ တောတောင်ရွာမှာသာ လက်တွေ့ လုပ်နိုင်တာ လုပ်နိုင်ပါတယ်။

ရှေးအိမ်ကို ပြန်လည်မွမ်းမံထားတဲ့ ရှေးအတိုင်းအဆောက်အဦးပုံစံတည်းခိုဆောင်လည်း ရှိပြီး မီးလင်းဖိုကို ဝိုင်းထိုင်ရင်း အီယမှာ နေထိုင်တဲ့သူတွေနဲ့ အတူ အချိန်ကုန်ဆုံးရတာက တန်ဖိုးရှိတဲ့ အတွေ့ အကြုံမဟုတ်လား။
農林漁家民宿
စာရေးသူတည်းခိုခဲ့တဲ့တဲ့အီနကာကုရှီတအိခန်ခါဂျီယဆိုဒနိရိုမန်တဲအိ ရဲ့ အစားအသောက်။ ဒေသမှာ စိုက်ပျိုးထားတဲ့ စားသောက်ကုန်ကို အသုံးပြုပြီး ချက်ထားတဲ့ဟင်းက အကောင်းဆုံးဟင်းပါဘဲ။ အီယကို ကောင်းကောင်းသိတဲ့ ရွာသူကြီးရဲ့ စကားကလည်း ပျော်စရာ တစ်ခုပါဘဲ။

【အီယဝန်းကျင်ရှိ နိုးလင်းဂရောကျေးလက်တည်းခိုရိပ်သာက ဒီနေရာ】http://nishi-awa.jp/sora-acmo
အထက်ဖော်ပြပါ တိုခုရှိမခရိုင်ရဲ့ မပွင့်လင်းသေးတဲ့ဒေသ ( အီယ ) ကို မြည်းစမ်းနိုင်မယ့် နည်းလမ်း ၇ ခုဖြစ်ပါတယ်။ အီယမှာရော အခြားမှာ ရော များစွာသောတောတောင်ရှုခင်းတွေနဲ့ ရှေးယခင်က ဆင်းသက်လာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဆိုရိုးစကားတွေ ကိန်းအောင်းနေပါတယ်။ လက်တွေ့ ခြေဆန့် ပြီး ပုန်းကွယ်နေတဲ့ ဆွဲဆောင်မှုကို ရှာဖွေကြည့်ကြရအောင်လား။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁၂~၁လပိုင်းအတွင်းအကြံပြုချက်