ဒီဆောင်းဦးရာသီကို အကြံပေးမယ် ! ( ဆာပိုလို ) ရဲ့ မိုမိဂျိနာမည်ကြီး ၆ နေရာလက်ရွေးစင်

ဒီဆောင်းဦးရာသီကို အကြံပေးမယ် ! ( ဆာပိုလို ) ရဲ့ မိုမိဂျိနာမည်ကြီး ၆ နေရာလက်ရွေးစင်
img src="https://cdn.zekkei-japan.jp/images/articles/223b1d3e5caf
လူကြီးမင်းများ ဆာပိုလို လို့ ပြောရင် တစ်ခုခုများ စိတ်ထဲမှာပေါ်လာလား ? ခေါက်ဆွဲနဲ့ အသားကင် စတဲ့ အစားအသောက်ကောင်းများနဲ့ နာရီစင် နဲ့ မာရုယာမတိရိစ္ဆာန်ဥယျာဉ် စတဲ့ခရီးသွားနေရာတွေရှိတဲ့ ပုံရိပ်တွေ မဟုတ်လား ။ အမှန်က သဘာဝတရားတွေ ဝန်းရံနေတဲ့ ဆာပိုလိုက မိုမိဂျိနာမည်ကြီးနေရာလည်း ဖြစ်တယ်။

ဒီတစ်ကြိမ်က အဲဒီလို ဆာပိုလိုမှာ တွေ့ မြင်နိုင်တဲ့ မိုမိဂျိရှုခင်းနေရာ ၆ ခုကို ရွေးချယ်မိတ်ဆက်ပေးပါမယ်။

၁ ။ မိုမိဂျိတွေ ချယ်မှုန်းထားတဲ့ ရေပူစမ်းမြို့  ( ဂျောဇမ်းလျှိုမြောင် ရေပူစမ်း )

定山渓温泉
ရေပူစမ်းဖွင့်ချိန်မှ နှစ်ပေါင်း ၁၅၀ သမိုင်းကြောင်းတွေရှိပြီး ဆာပိုလိုရဲ့ အတွင်းဆောင်လို့ ခေါ်နိုင်တဲ့ တောင်ကြားရေပူစမ်းဒေသပါ။ ရေပူစမ်းမြို့မှ တောင်ကြားတလျှောက်မှာ ဆက်စပ်နေတဲ့ လမ်းလျှောက်လမ်းမှ အရောင်စုံတဲ့ ခါတဲဒဲ၊ ယာမဘူဒိုး ၊ နာနာခမဒို၊ ဆာခုရ စတဲ့ မိုမိဂျိတွေကို ခံစားကြည့်ရှုနိုင်ပါတယ်။ အရည်သွေးကောင်းတဲ့ ရေပူစမ်းနဲ့ ဒီအချိန်ကလွဲပြီး မရှိတဲ့ ကောင်းမွန်တဲ့ မိုမိဂျိတွေကို အပန်းဖြေခံစားကြည့်ရအောင်။

【နေရာ】ဟော်ကိုင်းဒိုး ဆာပိုလိုမြို့ တောင်ပိုင်း ဂျောဇမ်းအဲအိရေပူစမ်း
( နှစ်စဉ် ကြည့်ချိန် ) အောက်တိုဘာလလယ်မှ
【Web ဝက်ဆိုဒ် 】http://jozankei.jp/

၂ ။ မိုမိဂျိဂွန်ဒိုရာမှာ ကြီးမားကျယ်ပြန့် တဲ့ ဆောင်းဦးရာသီ တောတောင် ( ဆာပိုလိုအပြည်ပြည်ဆိုင်ရာ စကိတ်ကွင်း )

ဆာပိုလိုအပြည်ပြည်ဆိုင်ရာ စကိတ်ကွင်းမှာက အချိန်ကန့် သတ်ချက်ရှိပြီး အမြင့် ၁၁၀၀ မီတာ ရှိတဲ့ တောင်ထိပ်ထိ ဆက်သွယ်ထားတဲ့ လူ ၈ ယောက်စီး မိုမိဂျိဂွန်ဒိုရာကို ပြေးဆွဲပေးနေပါတယ်။ လေထဲမှာ ကြည့်ရှုနိုင်တဲ့ ၇ ရောင်ချယ် ကြီးမားကျယ်ပြန့်တဲ့ မိုမိဂျိတွေက အသက်ရှူမှားလောက်အောင် လှပါတယ်။ ဂွန်ဒိုရာဆင်းတဲ့နေရာရောက်ရင် ( တောင်ထိပ်ပန်နိုရားမားရှုခင်းမျှော်စင် ) မှ အိုတရုပင်လယ်အော်နဲ့ အိရှိခါရိပင်လယ်အော်ကို လှမ်းမြင်နိုင်ပါတယ်။

【 နေရာ 】 ဟော်ကိုင်းဒိုး ဆာပိုလိုမြို့ တောင်ပိုင်း ဂျောဇမ်းလျှိုမြောင် ၉၃၇ ဘန်းဂျိမ
【နှစ်စဉ်ကြည့်ချိန် 】 စက်တင်ဘာလကုန်မှ အောက်တိုဘာလလယ်
【မိုမိဂျိဂွန်ဒိုရာစီးချိန် 】 ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက် ( စနေ ) မှ အောက်တိုဘာလ ၁၅ ရက်နေ့  ( တနင်္ဂနွေ ) ထိ
【အလုပ်ချိန် 】 ၉း၃၀ မှ ၁၅း၃၀ ( အပေါ်မှ နောက်ဆုံးစီးချိန် ၁၅း၀၀ )
【 ပိတ်ရက် 】 မရှိ ※ ရာသီဆိုးရွားချိန်မှ လွဲပြီး
【 အခကြေးငွေ 】လူကြီး ( အသွားအပြန် ) ※ အလယ်တန်းကျောင်းသားနှင့် အထက် ၁၁၀၀ ယန်း၊ အသက်ကြီးသူ ( အသွားအပြန် ) ၉၉၀ ယန်း၊ မူလတန်းကျောင်းသား ( အသွားအပြန် ) ၅၅၀ ယန်း
【Web ဝက်ဆိုဒ် 】http://kouyou.sapporo-kokusai.jp//

၃ ။ စွမ်းအင်ပြည့်ဝတဲ့ မိုမိဂျိက ကျောက်ဆောင်မျက်နှာပြင်ကို ချယ်မှုန်းထားတဲ့ ( ( ဟိုးဟဲအိတောင်ကြား ) ဆည် )

豊平峡ダム
ဟိုးဟဲအိမြစ်ရဲ့ ရေကြီးမှုကို ထိန်းချုပ်တဲ့ ဟိုးဟဲအိတောင်ကြားဆည်က ပေါကြွယ်ဝစွာ စုစည်းနေတဲ့ ရေနဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းနေတဲ့ အစိမ်းရောင်ရှုခင်းက လှပပြီး ဆာပိုလိုနာမည်ကြီး ရှုခင်းဖြစ်ပါတယ်။ ဆောင်းရာသီရောက်ရင် ကျောက်နံရံရဲ့ အဖြူရောင်ကျောက်သားပြင်က အနီရောင်နဲ့ အဝါရောင်တွေ ချယ်မှုန်းထားပြီး စွမ်းအင်ပြည့်ဝတဲ့ မိုမိဂျိရှုခင်းအဖြစ်သို့ ပြောင်းလဲသွားပါတယ်။ အဲဒီလို ဟိုအဲအိတောင်ကြားမှာ လှပတဲ့ သဘာဝကို ထိန်းသိမ်းထားတဲ့ ဆည်ပတ်ဝန်းကျင်မှာ ကားနဲ့ စက်ဘီးစီးဝင်ခြင်းကို တားမြစ်ထားပါတယ်။ လမ်းလျှောက်ခြင်း သို့ မဟုတ် လျှပ်စစ်ကားဖြင့် ဆည်ထိ သွားနိုင်တာကြောင့် အချိန်ရတဲ့သူက ဆည်ထိ လမ်းလျှောက်သွားပြီး မိုမိဂျိရှာဖွေခံစားကြည့်ပါနော်။

【 နေရာ】 ဟော်ကိုင်းဒိုး ဆာပိုလိုမြို့ တောင်ပိုင်း ဂျောဇမ်းလျှိုမြောင် ၈၄၀ ဘန်းဂျိမ
【နှစ်စဉ်ကြည့်ချိန် 】 စက်တင်ဘာလ ကုန်မှ အောက်တိုဘာလ လယ်
【လျှပ်စစ်ဘတ်စ်ကားခ ( သွားပြန် )】 လူကြီး ၆၂၀ ယန်း၊ ကလေး ၃၀၀ ယန်း
【လျှပ်စစ်ဘတ်စ်ကားအလုပ်ချိန် 】 ၈း၄၅ မှ ၁၆း၀၀ ( နောက်ဆုံးကား ၁၆း၃၀ )
【ဝက်ဆိုဒ】http://www.houheikyou.jp/

၎ ။ ဆာပိုလိုမြို့တွင်းမှာ တောရိုင်းရှဥ့်တွေနဲ့ ကြုံနိုင်လား ? ( မာရုယာမဥယျာဉ် )

丸山公園
လှလှပပပြင်ဆင်ထားတဲ့ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေ အနှံ့ အပြားရှိပြီး ဆာပိုလိုမြို့လယ်မှာရှိတဲ့ မာရုယာမဥယျာဉ်ဖြစ်တယ်။ မြေအောက်ရထား မာရုယာမခိုးအန်းဘူတာမှ ၃ မိနစ် လမ်းလျှောက်ရတဲ့ အကွာမှာရှိပြီး စိတ်ပေါ့ပါးစွာ ဆောင်းရာသီတောတောင်ရှုခင်းခံစားကြည့်ဖို့ သင်တော်တဲ့ မိုမိဂျိနေရာဖြစ်တယ်။ မြို့လယ်မှာ ရှိပြီး မာရုယာမူလသစ်တောက ထူထပ်စွာရှင်သန်နေတဲ့ မာရုတောင်ခြေမှာရှိတဲ့ တောရိုင်းရှဥ့်နဲ့ ဇီးကွက်တွေကို အမှတ်မထင်ကြုံတွေ့ တာလည်း …။ သဘာဝအလှတွေ ဝန်းရံနေပြီး အေးအေးဆေးဆေး မိုမိဂျိလမ်းကို လျှောက်လှမ်းကြည့်ရအောင်။

【 နေရာ 】 ဟော်ကိုင်းဒိုး ဆာပိုလိုမြို့ အလယ်ပိုင်း မီယဂအိုခ ၃
【နှစ်စဉ်ကြည့်ချိန်】 အောက်တိုဘာလ လယ်မှ အောက်တိုဘာလ ကုန်
【ဝက်ဆိုဒ် 】http://maruyamapark.jp/

၅ ။ မြို့ ရဲ့ အိုအေစစ် ( နာကရှိမဥယျာဉ် ) မှာ မိုမိဂျိရှာဖွေခြင်း

中島公園
နာကရှိမဥယျာဉ်က ဆာပိုလိုဘူတာမှ မြေအောက်ရထားမိနမိခိတလိုင်းဖြင့် ၃ ဘူတာဖြစ်တဲ့ နာကရှိမဥယျာဉ်ဘူတာမှာ တိုက်ရိုက်ဆက်သွယ်ထားတဲ့ မြို့ရဲ့ အိုအေစစ် နေရာဖြစ်တယ်။ ဥယျာဉ်တွင်းမှာ ဂျင်ဂိုပင်၊ မေပယ်ပင် ၊ ပိုပူလာပင် ၊ အဖြူရောင်ဘုဇပတ်ပင် ၊ ခဲရခိပင် စတဲ့ အမျိုးပေါင်း ၄၀ ကျော်လောက်ရှိတဲ့ သစ်ပင်တွေရှိပြီး ဆောင်းရာသီရောက်ရင် ကျယ်ပြန့် နေရာကို အရောင်စုံ သစ်ပင်တွေက အရောင်အသွေးစုံလင်စွာ ချယ်သထားပါတယ်။ ( ဂျပန်မြို့တော်ဥယျာဉ် လက်ရွေးစင် ၁၀၀ ) မှာလည်း ရွေးချယ်ခံထားရတဲ့ နာကရှိမဥယျာဉ်ဖြစ်တယ်။ မြို့လယ်ခေါင်ရှိတဲ့ လှပတဲ့ ဥယျာဉ်မှာ မိုမိဂျိတွေ ပျော်ပျော်ရွှင်ရွှင်လျှောက်ကြည့်ကြရအောင်နော်။

【 နေရာ】 ဟော်ကိုင်းဒိုး ဆာပိုလိုမြို့၊ မြောက်ပိုင်း မြောက် ၈ အပိုင်း ၊ အနောက် ၅
【နှစ်စဉ်ကြည့်ချိန် 】 အောက်တိုဘာလကုန်မှ နိုဝင်ဘာလအစ
【ဝက်ဆိုဒ် 】https://www.sapporo-park.or.jp/nakajima/

၆ ။ ရွှေဝါရောင်ဥမင်က ခေါင်းပေါ်မှာ အုပ်မိုးနေတဲ့ ( ဟော်ကိုင်းဒိုးတက္ကသိုလ် ) က ဂျင်ဂိုပင်တန်း

北海道大学
အလျှား ၃၈၀ မီတာရှိတဲ့ လမ်းဘေးနှစ်ဘက်မှာ အပင်ပေါင်း ၇၀ လောက်ရှိတဲ့ ဂျင်ဂိုပင်တွေ တန်းစီနေတဲ့ ဟော်ကိုင်းဒိုးတက္ကသိုလ်ဖြစ်တယ်။ အဲဒီရွှေဝါရောင်ဥမင်က ဒေသခံတွေနဲ့ ခရီးသွားတွေရဲ့သဘောကျကြိုက်နှစ်သက်ခြင်းများစွာရရှိထားတဲ့ စိတ်ကြည်လင်အေးချမ်းစေတဲ့ မိုမိဂျိနာမည်ကြီးနေရာဖြစ်လာပါတယ်။ ကျောင်းဝင်းအတွင်းမှာ နီရဲနေတဲ့ ယာမစွတ်စွတ်ဂျိမိုမိဂျိနဲ့  သက်တမ်း နှစ် ၁၀၀ ကျော်ရှိတဲ့ ပိုပူလာမိုမိဂျိပင်တန်းကိုလည်း တွေ့ နိုင်ပြီး အေးအေးချမ်းချမ်းနဲ့ ဆောင်းဦးတွင်းမှာ လမ်းလျှောက်ဖို့ အတွက်က အကောင်းဆုံးပြီးပြည့်စုံတဲ့နေရာဖြစ်ပါတယ်။ ဂျင်ဂိုပင်တန်းရဲ့ မီးထွန်းအလှဆင်ထားတာကိုလည်း မလွတ်တမ်းမြင်တွေ့ ရမှာ ဖြစ်ပါတယ်။
အထက်ပါတွေက ( ဆာပိုလို ) ရဲ့ မိုမိဂျိ နာမည်ကျော်ကြားတဲ့ လက်ရွေးစင် ၆ နေရာဖြစ်ပါတယ်။ ဟော်ကိုင်းဒိုးရဲ့ ရှည်လျှားတဲ့ဆောင်းရာသီ မဝင်မီ တစ်ချိန်လေးမှာ ဆောင်းဦးရာသီတောတောင်ရှုခင်းကို ကြည့်ဖို့ သွားကြမလား ?


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၆~၇လပိုင်းအတွင်းအကြံပြုချက်