ခရီးသွားရာသီရောက်လာပြီ ! အောက်တိုဘာလမှာ သွားချင်တဲ့ ရှုခင်းနေရာ ၇ ခု လက်ရွေးစင်

ခရီးသွားရာသီရောက်လာပြီ ! အောက်တိုဘာလမှာ သွားချင်တဲ့ ရှုခင်းနေရာ ၇ ခု လက်ရွေးစင်
အချိန်ကုန်လွယ်ပြီး ခရီးထွက်ခြင်းနဲ့ အပျော်ခရီးအတွက် အကောင်းဆုံးအချိန်က အောက်တိုဘာလဖြစ်တယ်။ ဟော်ကိုင်းဒိုး၊ တိုးဟိုခု၊ ခိတခန်းတိုး၊ ဟိုခုရိခုတွေမှာ မိုမိဂျိတွေ စတင်ပြီး ခိုခုအဲအိ ဟီတာချီကမ်းနားပန်းခြံမှာ နီရဲနေတဲ့ ခိုခိအာပင်တွေ တစ်မျက်နှာပြင်လုံးဖုံးလွှမ်းတာကို မြင်နိုင်မယ့်အချိန်လည်း ဖြစ်တယ်။

ဒီတစ်ကြိမ်က အဲဒီလို ခရီးသွားရာသီချိန် အောက်တိုဘာလမှာ သွားချင်တဲ့ရှုခင်းနေရာ ၇ ခုကို ပြောပြပေးပါမယ်။

၁ ။ ဒိုင်းဆဲစွတ်ခိုးဟာရရေပူစမ်း ရေအိုင်လည်ပတ်ခြင်း ( ဟော်ကိုင်းဒိုး ) တောလမ်းခရီးသွားခြင်း စတင်သူတွေအတွက် မိုမိဂျိနဲ့ ရွံညွန်ထဲလမ်းလျှောက်ခြင်း

大雪高原温泉沼
ဂျပန်မှာ အစောဆုံးမိုမိဂျိတွေ စတင်တဲ့ ဟော်ကိုင်းဒိုးရဲ့ ဒိုင်းဆဲစွတ်ဇန်းအမျိုးသားဥယျာဉ်ဖြစ်တယ်။

ဒီအမျိုးသားဥယျာဉ်ထဲမှာ တောလမ်းခရီးစဉ် စတင်သွားသူတွေလည်း ယှဉ်ပြီး လျှောက်လှမ်းရလွယ်ကူတာက ဒိုင်းဆဲစွတ်ခိုးဟာရရေပူစမ်းရေအိုင်လည်ပတ်ခြင်း ခရီးစဉ်ဖြစ်ပါတယ်။ တစ်ပတ်ကို ၇ ကီလိုမီတာရှိတဲ့ ၃ နာရီမှ ၄ နာရီရှိတဲ့ တောင်တက်လမ်းမှာ အကြီး အသေး များစွာရှိတဲ့ ရေအိုင် ၃၀ ရှိပါတယ်။ ရေပန်းပန်းတွေပွင့်တဲ့ ရေအိုင်၊ ရေပူစမ်းက ရေစိမ့်ထွက်နေတဲ့ ရေအိုင် စတဲ့ လက္ခဏာအသီးသီးရှိတဲ့ ရေအိုင်နှင့် အဲဒီရေမျက်နှာပြင်မှာ ထင်ဟပ်နေတဲ့ မိုမိဂျိရှုခင်းကို ခံစားကြည့်ရှုနိုင်ပါတယ်။

၂ ။ တိုယောနိရေကန် ( ဟော်ကိုင်းဒိုး ) အဖြူရောင်ချစ်သူတွေရဲ့ CM မှာ နာမည်ကြီးဖြစ်တယ်။ သဘာဝက ပြုလုပ်ထားတဲ့ အသဲပုံ အံ့ဘွယ်ရေကန်

豊似湖
ထူထပ်သိပ်သည်းတဲ့ အရိုင်းသစ်တောတွေ ဝန်းရံထားရပြီး အသဲပုံစံဖြစ်နေတဲ့ သဘာဝရေကန်ဖြစ်တယ်။

ဆောင်းဦးဝင်တော့မယ်ဆိုရင် အရောင်အသွေးစုံလင်တဲ့ မိုမိဂျိနဲ့ တိုယောနိရေကန်ရဲ့ အပြာရောင်ရဲ့ ထင်ရှားပေါ်လွင်မှုက အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ တောတောင်ရှုခင်းတွေကို ဖြစ်ပေါ်နေပါတယ်။ ဒီအသဲပုံကို မြင်တွေ့ နိုင်တာက ကောင်းကင်အမြင့်ပေါ်မှဖြစ်ပါတယ်။ အချိန်အကန့် အသတ်ဖြင့် ရဟတ်ယာဉ် အပျော်ခရီးစဉ်ပျံသန်းမှုကို လက်တွေ့ လုပ်ဆောင်ပေးနေတာကြောင့် ကောင်းကင်ပေါ်မှ ဟီဒါကတောင်ရဲ့ သဘာဝအလှနဲ့ အံ့ဘွယ်ရေကန်ကို ပိုင်ပိုင်နိုင်နိုင်ကြည့်ရှုကြမလား ။

【နေရာ 】ဟော်ကိုင်းဒိုး ၊ ဟိုရိုအီဇုမိမြို့နယ်၊ အဲရိမိုချော အာဇဟွန်းမြို့ ၂၀၆ ဘန်းချိ
【သတ်မှတ်ချိန်】၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ( စနေ ) မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက် ( တနင်္လာ )
( တိုယောနိရေကန်သို့ ရဟပ်ယာဉ်ခရီးစဉ်ရဲ့ အသေးစိတ်က ဒီနေရာ )
http://www.town.erimo.lg.jp/kankou/event/k9mfea0000001heo.html/
【ဝက်ဆိုဒ် 】http://www.town.erimo.lg.jp/kankou/pages/k9mfea0000000jft.html/

၃ ။ မာစွတ်ဂါဝတောင်ကြား ( အီဝသဲ့ ) စီးကျနေတဲ့ ကြည်လင်တဲ့ရေနဲ့ မိုမိဂျိတွေ ရောယှက်နေတဲ့ရှုခင်းကို ကြည့်မယ်

松川渓谷
မာစွတ်ဂါဝတောင်ကြားက ဟာချီမန်းတိုင်းရေပူစမ်းဧရိယာမှ မာစွတ်ဂါဝရေပူစမ်းထိ ဆက်စပ်နေတဲ့တောင်ကြားဖြစ်ပြီး အီဝသဲ့ခရိုင်မှာ ရှေ့ ပြေးနေတဲ့ မိုမိဂျိနာမည်ကြီးနေရာအဖြစ်လည်း သိထားကြပါတယ်။

အောက်တိုဘာလအစမှ ဘုနပင်နဲ့ ခါအဲဒဲ စတဲ့ ရွက်ကြီးသစ်ပင်တွေက တစ်ပြိုင်နက် အရောင်သွေးစုံလာပြီး တောင်ကြားတစ်ခုလုံးက အသက်ရှူမှားလောက်အောင် အရောင်စုံဖုံးလွှမ်းထားပါတယ်။ နံပါတ်တစ် ဓါတ်ပုံရိုက်နေရာက ဟာချီမန်းတိုင်းရေပူစမ်းဧရိယာရဲ့ မာစွတ်ခါဝတံတားမှ မြင်ရတဲ့ ရှုခင်းဖြစ်တယ်။ ဆာဘိုးဆည်မှ စီးဆင်းနေတဲ့ ကြည်လင်တဲ့ရေနဲ့ ထင်ရှားပေါ်လွင်တဲ့ မိုမိဂျိတွေ ရောယှက်နေတဲ့ ရှုခင်းက မျက်စိမခွာနိုင်ပါဘူး။

၎ ။ ခါးပါ့တံတား ( နာဂါနို ) ကြိုးတံတားမှ လှမ်းမြင်ရတဲ့ ဟာဒါကတောင်တန်းနဲ့ ကြည်လင်တဲ့စမ်းချောင်းလေးမှာ စိတ်ပြန်လည်လန်းဆန်းခဲ့ပါတယ်။

河童橋
သဘာဝအလှတရားနဲ့ လှပတဲ့ တောင်တန်းတွေ ဝန်းရံထားပြီး အမြင့်ပိုင်းဒေသရဲ့ အာဇုစမြစ်မှာ ဆက်သွယ်ထားတဲ့ ကြိုးတံတားဖြစ်တဲ့ ခါးပါ့တံတားဖြစ်တယ်။

သစ်ဖြင့်ဆောက်လုပ်ထားတဲ့ တံတားအောက်မှာ စီးဆင်းနေတဲ့ ကြည်လင်သန့် စင်လွန်းတဲ့ အာဇုစမြစ်ရဲ့ စီးဆင်းမှုက ကုစားပေးနိုင်တဲ့ အကျိုးရလဒ်အကောင်းဆုံးဖြစ်စေတာက အမြင့်ပိုင်းဒေသရဲ့ အထိမ်းအမှတ်အဖြစ်တည်ရှိနေတာဖြစ်တယ်။ အောက်တိုဘာလက ခါစွတ်ရပင်နဲ့ ဘုဇပတ်ပင် စတဲ့ သစ်ပင်တွေက ဆောင်းဦးအလှဆင်မှု စတင်ပြီး ခါးပါ့တံတားမှ လှမ်းမြင်ရတဲ့ ဟာဒါကတောင်တန်းနဲ့ ယာခဲတောင်ထိပ်လည်း ဆောင်းဦးအရောင်တွေ ချယ်မှုန်းထားတဲ့ လှပတဲ့ ဆောင်းဦးရှုခင်းကို ပိုင်ပိုင်နိုင်နိုင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

၅ ။ အစိုးရပိုင်ဟီတာချီကမ်းနားဥယျာဉ် ( အီဘာရခိ ) ရှုမျှော်ခင်းတောင်ကုန်းကို ရဲတောက်နေအောင် ဆေးချယ်ထားတဲ့ ခိုခိအာပင်တွေ ကြည့်ချိန်

国営ひたち海浜公園
အောက်တိုဘာလလယ်ရောက်ရင် ဟီတာချီကမ်းနားဥယျာဉ်ရဲ့ ( ရှုမျှော်ခင်းတောင်ကုန်း ) က နီရဲနေတဲ့ ခိုခိအာပင်တွေ ဖုံးလွှမ်းထားပြီး လူများစွာကို ဆွဲဆောင်နေပါတယ်။

ဒီခိုခိအာပင်တွေက ( မိုမိဂျိ မြက်ပင် ) တွေ ဖြစ်ပြီး နွေရာသီမှာ လတ်ဆတ်တဲ့ အစိမ်းရောင်ဖြစ်ပေမယ့် ဆောင်းဦးနားနီးလာရင် လောင်ကျွမ်းနေသလို အနီရောင်သို့ ကူးပြောင်းသွားပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံဖြစ်နေတဲ့ ၃ သောင်း ၂ ထောင်ရှိတဲ့ ခိုခိအာပင်တွေနဲ့ အပင်ပေါင်း သန်း ၂၀ လောက်ရှိတဲ့ လှပတဲ့ စိန်ခြယ်ပန်းရဲ့ ( ဆောင်းဦးပြိုင်ပွဲ ) ကို ခံစားနိုင်တာက ဒီရာသီချိန်ပါဘဲ။

၆။( ချူးဇမ်းဂျိရေကန် ( တိုချိဂိ ) ) တောတောင်ရှုခင်းနဲ့ ရေကန်ဘေးကို ဆေးချယ်ထားတဲ့ မိုမိဂျိတွေကို ချစ်တယ်။

中禅寺湖
အမြင့် ၁၂၆၉မီတာမှာ ရှိတဲ့ ချူးဇမ်းဂျိရေကန်က သဘာဝရေကန်အဖြစ် ဂျပန်မှာ အမြင့်ဆုံးနေရာမှာ တည်ရှိတဲ့ ရေကန်ဖြစ်တယ်။ စွမ်းအင်ကြီးမားတဲ့ နီကိုးတောင်တန်းနဲ့ နန်တိုင်းတောင်တွေရဲ့ ရှုခင်းနဲ့ ရေကန်ဘေးကို ဆေးခြယ်ထားတဲ့ မိုမိဂျိတွေကို ခံစားနိုင်မယ့် လူကြိုက်များတဲ့ နာမည်ကြီး ရှုမျှော်ခင်းဒေသဖြစ်တယ်။

ရေကန်ကမ်းစပ်က ခါအဲဒဲပင်နဲ့ အူရုရှိပင် ၊ ဘုနပင် ၊ မီဇုနာရ စတဲ့ အနီရောင်နဲ့ အဝါရောင် မိုမိဂျိတွေက ရေမျက်နှာပြင်မှာ ရောင်ပြန်ထင်ဟပ်နေတဲ့ ပုံစံကို ကြည့်ရင်း အေးအေးဆေးဆေး ကန်ဘေးမှာ လမ်းလျှောက်နိုင်မယ့် ( ချူးဇမ်းဂျိရေကန် လှေခရီးစဉ် ) ကိုလည်း သွားကြည့်စေချင်တယ်။ ပတ်ဝန်းကျင်မှာ ခဂန်းရေတံခွန်နဲ့ အီရိုဟတောင်ကုန်း စတဲ့ မိုမိဂျိနာမည်ကြီးနေရာလည်း တည်ရှိနေတာကြောင့် မက်မက်မောမော ဆောင်းဦးရှုခင်းတွေကို ခံစားပျော်ရွင်ကြရအောင်။

၇ ။ တာတဲယာမကောင်းကင်ကြိုးလိုင်း ( ဖူဂျီတောင် ) ) ရွေ့ လျားနေတဲ့ မျှော်စင်မှာ ပန်နိုရားမား မိုမိဂျိမြင်ကွင်းကို ပျော်ရွင်ခံစားမယ်။

立山ロープウェイ
ဘူတာကြားမှာ ထောင်ထားတဲ့ တိုင်တွေ တစ်တိုင်မှ မရှိဘဲ ( တစ်ကြိုးတည်းကောင်းကင်ကြိုးလိုင်း ) အဖြစ် ဂျပန်နံပါတ်တစ် အရှည်ရှိတဲ့ တာတဲယာမကောင်းကင်ကြိုးလိုင်းဖြစ်တယ်။。

( ဒိုင်းခန်းဘိုးဘူတာ ) နဲ့ ( ခူရိုးဘဲဒိုင်းယာဘူတာ ) ရဲ့ အကြား ၁.၇ ကီလိုမီတာ ကို မျက်စိအောက်မှာ ကျယ်ပြန့် တဲ့ မျက်နှာတစ်ပြင်လုံးရှိတဲ့ မိုမိဂျိကို ပိုင်ပိုင်နိုင်နိုင်ခံစားရင်း ၇ မိနစ်ကြာ ကောင်းကင်ခရီးစဉ်ကို ခံစားပျော်ရွင်နိုင်ပါတယ်။ ဘာကြောင့် တိုင်တွေ မရှိတာလဲဆိုရင် ဒီဧရိယာက နှင်းထုတွေ များပြီး ပြိုကျသွားရင် တိုင်တွေ ရောပါသွားနိုင်တဲ့အတွက်ကြောင့်ထင်တယ်။ အဲဒီအတွက်ကြောင့် ပန်နိုရားမား မိုမိဂျိရှခင်းကို မျက်စိတစ်ဆုံး အကာအကွယ်မရှိ ခံစားပျော်ရွှင်နိုင်ပါတယ်။


အထက်ဖော်ပြပါ အောက်တိုဘာလမှာ သွားချင်တဲ့ရှုခင်းနေရာ ၇ ခု လက်ရွေးစင်ဖြစ်ပါတယ်။ ခရီးသွားရာသီက ယခုချိန်ကလွဲပြီး မမြင်နိုင်တဲ့ ရှုခင်းကို ဆက်ဆက်သွားရောက်လည်ပတ်ကြည့်ပါနော်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၁၁~၁၂လပိုင်းအတွင်းအကြံပြုချက်