ဟီတာချီကမ်းနားဥယျာဉ်ပဲမဟုတ်ပါဘူး ! အီဘာရခိမှာ အကြံပေးချင်တဲ့ ရှုခင်းနေရာ ၇ ခု လက်ရွေးစင်

ဟီတာချီကမ်းနားဥယျာဉ်ပဲမဟုတ်ပါဘူး ! အီဘာရခိမှာ အကြံပေးချင်တဲ့ ရှုခင်းနေရာ ၇ ခု လက်ရွေးစင်
မြို့နယ်ခရိုင် ဆွဲဆောင်အားအဆင့်မှာ ၄ နှစ်ဆက်တိုက်အောက်ဆုံးဆင့်မှာ ရောက်ရှိနေတဲ့ ( ဆွဲဆောင်မှု မရှိတဲ့ မြို့နယ်ခရိုင် ) အဖြစ် နာမည်မြင့်တက်လာတဲ့ ကိစ္စတွေများလာတဲ့ အီဘာရခိခရိုင်ဖြစ်တယ်။ အဲဒီလို အီဘာရခိခရိုင်ရဲ့ လူကြိုက်များတဲ့ ရှုခင်းနေရာလို့ ပြောရင် နွေဦးရဲ့ နဲမိုဖီလာပန်း၊ ဆောင်းဦးရဲ့ ခိုခီအာပင်ဖြင့် နာမည်ကြီးတဲ့ ဟီတာချီကမ်းနားဥယျာဉ်ဖြစ်ပေမယ့် အမှန်က အခြားမှာလည်း ဆွဲဆောင်မှုရှိပြီး အံ့သြစရာကောင်းတဲ့ ရှုခင်းနေရာတွေ များစွာရှိတာကို သိကြပါလား?

ဒီတစ်ကြိမ်က ပုန်းကွယ်နေတဲ့ ဆွဲဆောင်အားတွေ ပြည့်လျှံနေတဲ့ အီဘာရခိခရိုင်ရဲ့ ရှုခင်းနေရာတွေကို မိတ်ဆက်ပေးပါမယ်။

ဟာနနုခိလျှိုမြောင်

花貫渓谷
အီဘာရခိခရိုင်ရဲ့ လူကြိုက်များတဲ့ မိုမိဂျိနေရာဖြစ်တဲ့ ဟာနနုခိလျှိုမြောင်ဖြစ်တယ်။ လျှိုမြောင်မှာ ချိတ်ဆက်ထားတဲ့ ကြိုးတံတားမှာ တွေ့ မြင်နိုင်ပြီး အရောင်အသွေးစုံလင်တဲ့ မိုမိဂျိဥမင်က ဧကန်မုချ လှပတဲ့ရှုခင်းဖြစ်တယ်။

【နေရာ 】အီဘာရခိခရိုင် တာကဟဂိမြို့ ၊ အိုနိုရှိနိုက်
【ဝက်ဆိုဒ် 】http://www.takahagi-kanko.jp/page/page000028.html

ခါဂျိမဂျင်းဂူး ၊ မိတာရရှိရေကန်

御手洗池
ဂီဖုခရိုင် ဆဲခိမြို့မှာ ရှိတဲ့ မိုနဲရေကန်က လွန်ခဲ့သောနှစ်ပေါင်းများစွာမှ လူကြိုက်အရမ်းများခဲ့ပေမယ့် အီဘာရခိခရိုင်ရဲ့ ခါဂျိမဘုရားကျောင်းတွင်းမှာ ရှိတဲ့ မိတာရရှိရေကန်လည်း မိုနဲရေကန်ကို မရှုံးနိမ့်တဲ့ အလှတွေကို ပိုင်ဆိုင်ထားပါတယ်။ ရေကန်ထဲမှာ ပေါ်နေတဲ့ တိုရိအိဂိတ်ပေါက်နဲ့ အဲဒီအောက်မှာ ပြာလင်းနေတဲ့ ရေကန်မှာ ငါးကြင်းတွေ လှပကြော့ရှင်းစွာ ကူးခတ်နေတဲ့ ပုံသဏ္ဍာန်က ဆန်းကြယ်ပြီး ကြည့်ရှုရမယ့်အရာဖြစ်တယ်။

【နေရာ 】အီဘာရခိခရိုင် ခါဂျိမမြို့ ခရူးချူး ၂၃၀၆ - ၁
【အီဘာရခိခရိုင် ခါဂျိမမြို့ ခရူးချူး ၂၃၀၆ - ၁】ဘုရာဖူးချိန် : ၂၄ နာရီပတ်လုံး ဖူးနိုင်သည်။
【ပိတ်ချိန် 】 တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ
【ဝက်ဆိုဒ် 】http://kashimajingu.jp/

အူရှိခုဘုရားကြီး

牛久大仏
အီဘာရခိခရိုင် အူရှိခုမြို့မှာ ရှိတဲ့ အူရှိခုဘုရားကြီးဖြစ်တယ်။ ကြီးမားတဲ့အရွယ်အစားက စုစုပေါင်းအရှည် ၁၂၀ မီတာရှိတယ်။ ကြေးညိုဖြင့် ပြုလုပ်ထားသော ရပ်တော်မူရုပ်ပွားတော်အဖြစ် ကမ္ဘာ့ အကြီးဆုံးဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘုရားကြီးအတွင်းပိုင်းက ၅ လွှာတည်ဆောက်ထားတဲ့ ပြပွဲခန်းမဖြစ်ပြီး မြေပြင်အထက် ၈၅ မီတာ အမြင့်မှာ ရှိတဲ့ မျှော်စင်မှ ရာသီဥတုသာယာတဲ့နေ့ မှာ ဖူဂျီတောင်နဲ့ ကောင်းကင်တာဝါကို မြင်နိုင်ပါတယ်။

【နေရာ 】အီဘာရခိခရိုင် အူရှိခုမြို့ ခုနိုချော ၂၀၈၃
【ဝင်ကြေး 】ဘုရားကြီးအတွင်းပိုင်းအပါအဝင် နေရာအားလုံး ( အတွဲလိုက်လျှော့ဈေး )လူကြီး ( အလယ်တန်းကျောင်းသားနှင့်အထက် ) ၈၀၀ ယန်း၊ ကလေး ( ၄ နှစ်မှ မူလတန်းကျောင်းသား ) ၄၀၀ ယန်း

【အလုပ်ချိန် 】 ကြားရက် ၉း၃၀ မှ ၁၇း၀၀ / စနေ၊ တနင်္ဂနွေ၊ ပွဲတော်ရက် ၉း၃၀ မှ ၁၇း၃၀ ( မတ်လမှ စက်တင်ဘာလ )
      ကြားရက် ၉း၃၀ မှ ၁၆း၃၀ / စနေ၊ တနင်္ဂနွေ၊ ပွဲတော်ရက် ၉း၃၀ မှ ၁၆း၃၀( အောက်တိုဘာလမှ ဖေဖော်ဝါရီလ )
【ပိတ်ရက် 】ပိတ်ရက်မရှိ
【ဝက်ဆိုဒ် 】https://daibutu.net/

လူးဂျင်းကြိုးတံတားကြီး

竜神大吊橋
အီဘာရခိခရိုင်ရဲ့ အိုခုခုဂျိခရိုင်သဘာဝပန်းခြံမှာ ရှိတဲ့ လူးဂျင်းကြိုးတံတားက စုစုပေါင်းအရှည် ၃၇၅ မီတာရှိပြီး ခြေကျင်လျှောက်သူသီးသန့် သုံးတံတားအဖြစ် ဟွန်းရှူးကျွန်းမှာ တတိယမြောက်အရှည်ဆုံးဖြစ်တယ်။ ဆောင်းဦးမှာ လှပတဲ့မိုမိဂျိတွေ မြင်နိုင်တဲ့အတွက် များစွာသော ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ကြပါတယ်။ ဘန်းဂျီအမြင့်ခုန်ချခြင်းပြုလုပ်နိုင်တဲ့နေရာအဖြစ် လူကြိုက်များတာကြောင့် ဂျပန်နံပါတ်တစ် အမြင့် ၁၀၀ မီတာမှ ဘန်းဂျီအမြင့်ခုန်ချခြင်းကို တစ်ကြိမ်လောက် စိန်ခေါ်ကြည့်ကြမလား ?

【နေရာ 】အီဘာရခိခရိုင် ဟီတာချီအိုးတမြို့၊ ခဲဂနိုချော ၂၁၃၃ - ၆
【အကြေးငွေ 】တစ်ဦးစီ လူကြီး ၃၁၀ ယန်း / ကလေး ( မူလတန်း၊ အလယ်တန်ကျောင်းသား ) ၂၁၀ ယန်း
    အဖွဲ့ လိုက် လူကြီး ( ၃၀ နှစ်အထက် ) ၂၁၀ ယန်း / ကလေး (မူလတန်း၊ အလယ်တန်ကျောင်းသား ) ၁၉၀ ယန်း
【အလုပ်ချိန် 】၈း၃၀ မှ ၁၇း၀၀
【ဝက်ဆိုဒ် 】http://ohtsuribashi.ryujinkyo.jp/

အဲအိဂန်းဘုရားကျောင်း

永源寺
အများခေါ်ကြတဲ့ ( မိုမိဂျိဘုရားကျောင်း ) လို့ ခေါ်ကြတဲ့ အဲအိဂန်းဘုရားကျောင်းက အဲဒီနာမည်အတိုင်း ဆောင်းဦးရောက်ရင် လှပတဲ့ မိုမိဂျိတွေကို တွေ့ မြင်နိုင်တဲ့ လူကြိုက်များတဲ့ နေရာဖြစ်တယ်။ မိုမိဂျိကြည့်ချိန်က နှစ်စဉ် နိုဝင်ဘာလအစ မှ အလယ်မှာ ကျောင်းဝင်းတွင်းမှာ အပြည့်ဖုံးလွှမ်းနေတဲ့ အနီရောင်နဲ့ အဝါရောင်မိုမိဂျိတွေက အသက်ရှုမှားလောက်အောင် လှပါတယ်။

【နေရာ 】အီဘာရခိခရိုင် ခူဂျိမြို့နယ်၊ ဒိုင်းဂိုးချော အိုးအာဇဒိုင်းဂိုး၁၅၇၁
【ဝက်ဆိုဒ် 】http://www.daigo-kanko.jp/?page_id=36

ဟီတာချီနိုခူနိ အီဇုမိုဘုရားကျောင်း

常陸国出雲大社
အီဇုမိုဘုရားကျောင်းလို့ ကြားရင် ရှိမနဲခရိုင်ကို တွေးမိတဲ့သူတွေ များတယ် မဟုတ်လား။ အမှန်က အီဘာရခိခရိုင်မှာလည်း အီဇုမိုဘုရားကျောင်းရှိတာ သိကြလား ? အီဘာရခိခရိုင် ခါစမိမြို့မှာ ရှိတဲ့ ဟီတာချီနိုခူနိ အီဇုမိုဘုရားကျောင်းက ရှိမနဲခရိုင်ရဲ့ အီဇုမိုဘုရားကျောင်းရဲ့ ဂုဏ်ခွဲတွေ စုစည်းထားတာဖြစ်တယ်။ ရှိမနဲခရိုင်ရဲ့ အီဇုမိုဘုရားကျောင်းနှင့်အတူ ဒီနေရာကလည်း ထိမ်းမြားခြင်းအတွက် အကျိုးရှိတဲ့ ဘုရားကျောင်းဖြစ်တာကြောင့် စိတ်ဝင်စားတဲ့သူတွေ လုပ်ခဲ့တဲ့အချိန်က ဆက်ဆက် သွားရောက်ဖူးမျှော်ပြီး အဲဒီအကျိုးသက်ရောက်မှုကို အတည်ပြုကြည့်ပါ။

【နေရာ 】အီဘာရခိခရိုင် ခါစမိမြို့ ဖူခုဟာရ ၂၀၀၁
【အလုပ်ချိန် 】၈း၀၀ မှ ၁၇း၀၀ ( ဂိတ်ပိတ်ချိန် )
【ဝက်ဆိုဒ် 】http://izumotaisha.or.jp/

အာမဘိခိခန်နွန်းဘုရားကျောင်း

雨引觀音
မီးဖွားရလွယ်ကူခြင်းနဲ့ စောင့်ရှောက်ခြင်းတွေမှာ အကျိုးကျေးဇူးတွေရရှိတယ်လို့ ပြောကြတဲ့ အာမဘိခိခန်နွန်းဘုရားကျောင်းဖြစ်တယ်။ ကျောင်းဝင်းတွင်းမှာ အမျိုးအစား ၁၀ မျိုးလောက်ရှိပြီး အပင် ၃၀၀၀ လောက်ရှိတဲ့ အာဂျိဆိုင်းပန်းတွေ စိုက်ပျိုးထားပြီး နှစ်စဉ် ဇွန်လမှာ ကျင်းပတဲ့ ( အာမဘိခိခန်နွန်းအာဂျိဆိုင်းပွဲတော် ) က များစွာသော လာရောက်ကြည့်ရှုသူတွေဖြင့် စည်ကားပါတယ်။

【နေရာ 】အီဘာရခိခရိုင် ဆာကူရာဂါဝမြို့၊ ဟွန်းခိ ၁
【အလုပ်ချိန် 】၈း၃၀ မှ ၁၇း၀၀ ( ဂိတ်ပိတ်ချိန် )
【ပိတ်ရက် 】ပိတ်ရက်မရှိ
【ဝက်ဆိုဒ် 】http://www.amabiki.or.jp/



အထက်ဖော်ပြပါ အီဘာရခိခရိုင်ရဲ့ ရှုခင်းနေရာ လက်ရွေးစင် ၇ ခုဖြစ်ပါတယ်။ အီဘာရခိခရိုင်မှာ ဒီတစ်ကြိမ် မိတ်ဆက်ပေးခဲ့တဲ့ နေရာတွေအပြင် နောက်ထပ် ထူးခြားကောင်းမွန်တဲ့နေရာတွေ အများကြီးရှိတာကြောင့် လက်တွေ့ သွားရောက်ပြီး ပုန်းကွယ်နေတဲ့ ဆွဲဆောင်မှုတွေကို မြည်းစမ်းကြည့်


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁~၂လပိုင်းအတွင်းအကြံပြုချက်