ဒေသခံလူတွေလည်း ချီးကျူးဂုဏ်ယူကြတယ် ! ခန်းတိုးရဲ့ ပုန်းကွယ်နေတဲ့ မိုမိဂျိနေရာ ၁၂ ခု လက်ရွေးစင်

ဒေသခံလူတွေလည်း ချီးကျူးဂုဏ်ယူကြတယ် ! ခန်းတိုးရဲ့ ပုန်းကွယ်နေတဲ့ မိုမိဂျိနေရာ ၁၂ ခု လက်ရွေးစင်
ဆောင်းဦးရာသီရဲ့ လက္ခဏာတွေ နက်ရှိုင်းလာတဲ့ ဒီအချိန်မှာ မိုမိဂျိကို မြည်းစမ်းနိင်ဖို့ အတွက် ခရီးထွက်ကြတာက အစဉ်အလာဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ မိုမိဂျိနေရာတွေကို သွားကြည့်ရင် နိုင်ငံ တွင်းပြင်မှ ခရီးသွားဧည့်သည်တွေဖြင့် နေရာတိုင်းမှာ အပြည့်ဖြစ်နေပါတယ်။ ( တစ်နေရာရာမှာ သိပ်ပြီး မသိကြဘဲ ဒေသခံတွေက အကြံပေးကြတဲ့ လျှို့ ဝှက်နေရာ မရှိဘူးလား ) လို့ တစ်ခါလောက် မတွေးမိကြဘူးလား ? အဲဒီမှာ ဒီတစ်ကြိမ်က အားလုံးက အကြံပေးတဲ့ ( ခန်းတိုးရဲ့ ပုန်းကွယ်နေတဲ့ မိုမိဂျိနေရာ ) ကို မိတ်ဆက်ပေးပါတယ်။

၁ ။ ဟာနနုခိလျှိုမြောင် ( အီဘာရခိ )

花貫溪谷
များစွာသော လျှိုမြောင်နဲ့  ရေတံခွန်တွေဖြင့် ဖွဲ့ စည်းထားတဲ့ ဟာနနုခိလျှိုမြောင်ဖြစ်တယ်။ ရှိအိုမိရေတံခွန်ကြိုးတံတားနှင့် တောင်တက်စခန်းချနေရာမှ လျှိုမြောင်ကို လှမ်းမြင်နိုင်ပါတယ်။ ဆောင်းဦးရာသီရောက်ရင် လမ်းလျှောက်လမ်းဖြင့် မြင်နိုင်ပြီး မိုမိဂျိ၊ ဘုနပင် ၊ ကြို့ ပင်တွေက ရောယှက်ပြီး အရောင်အသွေးစုံလင်တဲ့ ရှုခင်းက လျှိုမြောင် ရှိအိုမိရေတံခွန်နဲ့ ဟာနနုခိလျှိုမြောင်မှာ အနီ၊ အဝါ ၊ အစိမ်းရောင်တွေ ရောယှက်နေတဲ့ အရောင်အသွေးစုံလင်တဲ့ဧရိယာကို ဖြစ်ပေါ်စေပြီး ကြည့်ရတာလည်း ဆွဲဆောင်မှုရှိပါတယ်။

နှစ်စဉ် ကြည့်ချိန် :နိုဝင်ဘာလလယ်

၂ ။ အဲအိအန်းဘုရားကျောင်း ( အီဘာရခိ )

永源寺
၁၄၄၆ ခုနှစ်မှာ ဆောက်လုပ်ထားတဲ့ အဲအိအန်းဘုရားကျောင်းက ခေါ်နေကြနာမည် ( မိုမိဂျိဘုရားကျောင်း ) လို့ ခေါ်ကြပြီး အဲဒီနာမည်မှအတွေးအတိုင်း ဆောင်းဦးရာသီမှာ အရမ်းကို ပြောင်မြောက်တဲ့ရှုခင်းကို တွေ့ မြင်နိုင်စေပါတယ်။ ကျောင်းဝင်းတွင်းမှာ တည်ထားကိုးကွယ်တာက အိုခုကုဂျိဒိုင်းဂိုး ကံကောင်းခြင်း နတ်ဘုရား ၇ ပါးမှ တစ်ပါးဖြစ်တဲ့ ဘန်းဇိုင်းတန်ဖြစ်တယ်။ မိုမိဂျိရာသီမှာ မိုမိဂျိသစ်တောနဲ့ ဘန်းဇိုင်းတန်ကို မြင်တွေ့ စေတဲ့ အရောင်ကွဲပြားမှုက လှပပြီး နောက်ထပ် တောင်ကုန်းပေါ်ကို တက်လိုက်မယ်ဆိုရင် ဒိုင်းဂိုးမြို့လေးရဲ့ လမ်းတန်းတွေလည်း လှမ်းမြင်နိုင်ပါတယ်။

နှစ်စဉ် ကြည့်ချိန်:နိုဝင်ဘာလလယ်

၃ ။ ဟိုးရာအိတောင် ( တိုချိဂိ )

 蓬莱山
နီကိုး ဖူတရာတောင်ဘုရားကျောင်းကို ဖွင့်လှစ်ခဲ့တဲ့ ရှောဒိုးဘုန်းကြီးကြောင့် ဘုရားကျောင်းကို တွေ့ ရှိခဲ့တယ်လို့ ပြောကြတဲ့  ဟိုးရာအိတောင်က ( ဂျပန် အကြီးဆုံး အထွတ်အမြတ် ၃ ခု ) မှာ တစ်ခုဖြစ်တဲ့ အထွတ်အမြတ်နေရာဖြစ်တယ်။ လာရောက်လည်ပတ်သူတွေ အများဆုံးရာသီက ဆောင်းဦးရာသီဖြစ်ပြီး လမ်းလျှောက်လမ်းမှာ ဟိုးရာအိတောင်ရဲ့ လှပတဲ့ သဘာဝတရားအပြင် မြစ်နဲ့ သစ်ပင်တွေ ရောယှက်နေတဲ့ ဆောင်းဦးရာသီအရောင်အသွေးကို ပိုင်ပိုင်နိုင်နိုင်ခံစားနိုင်ပါတယ်။ ပြီးတော့ အဆင့် ၃ ဆင့်ဖြစ်နေတဲ့ ရေတံခွန်ဖြင့် ဖွဲ့ စည်းထားတဲ့ အများအခေါ် ( အိမ်မက်ရေတံခွန် ) လည်း အရမ်းကို လှပပြီး ကြည့်ရှုရမယ့်နေရာဖြစ်တယ်။

နှစ်စဉ် ကြည့်ချိန်:အောက်တိုဘာလ ကုန် မှ နိုဝင်ဘာလ အစ

၎ ။ ခါမဲယာမရေကန် ( ချိဘ )

 亀山湖
ဘိုးစိုးကျွန်းဆွယ်ရဲ့ အတွင်းပိုင်းမှာ တည်ရှိပြီး ၁၉၈၀ ခုနှစ်မှာ ခါမဲယာမဆည်တည်ဆောက်မှုကြောင့် ပြုလုပ်ခဲ့တဲ့ လူလုပ်ရေကန်ဖြစ်တဲ့ ခါမဲယာမရေကန်က ချိဘခရိုင်တွင်းမှာ အကြီးဆုံးဆည်ရေကန်ဖြစ်ပြီး မျက်နှာပြင်ဧရိယာက ၁၃ သိန်း ၉ သောင်း စတုရန်းမီတာရှိတယ်။ ရေကန်ဘေးမှာ လမ်းလျှောက်လမ်းနဲ့ ဥယျာဉ်အဆောက်အဦးတွေ ပြင်ဆင်ထားပြီး ရေကန်နဲ့ တောင်ရဲ့ ရှုခင်းကို ခံစားကြည့်ရှုရင်း လမ်းလျှောက်နိင်တဲ့အပြင် ဆာဆာမြစ်တောင်ကြားနှင့် အိနိုမြစ်တောင်ကြားမှ အပျော်စီးလှေနဲ့ သင်္ဘောတွေ စီးနိင်ပါတယ်။ မိုမိဂျိတွေ
 亀山湖
နှစ်စဉ်ကြည့်ချိန်: နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလအစ

၅ ။ ရှင်းအဲဒိုဂါဝဥယျာဉ် (တိုကျို )

 新江戸川公園
ရှင်းအဲဒိုဥယျာဉ်မှ ရှိတဲ့ အလယ်ရေကန်ပါပြီး လျှောက်လမ်းရှိတဲ့ပုံစံပန်းခြံက မဲဂျီရိုးဧရိယာက ခန်းဒမြစ်မှာ ချိုင့်ဝင်နေတဲ့ တောင်စောင်းအနိမ့်အမြင့်တွေကို ကုတ်တွယ်ထားတဲ့ ပန်းခြံဖွဲ့ စည်းပုံဖြစ်ပြီး ( ရေလွှတ်ခြင်း ) ဆိုတဲ့ ပန်းခြံဖွဲ့ စည်းပုံနည်းလမ်းကို သုံးပြီး ရေထည့်ထားပါတယ်။ ပန်းခြံလမ်းလျှောက်လမ်းမှာ ပန်းခြံဖွဲ့ စည်းပုံဦးတည်ချက်နဲ့ မိုမိဂျိကို ခံစားနိုင်ပေမယ့် ဘာဘဲပြောပြော အကြံပေးချင်တာက လှမ်းမျော်ကြည့်ရှုရန်နေရာ ( စာဇန်းက ) မှ မြင်ရတဲ့ ပန်းခြံတွင်းက အရောင်အသွေးစုံလင်တဲ့ မိုမိဂျိရှုခင်းဖြစ်တယ်။

နှစ်စဉ်ကြည့်ချိန်:နိုဝင်ဘာလကုန်မှ ဒီဇင်ဘာလအစ

၆ ။ တိုနိုဂါယတိုဥယျာဉ် ( တိုကျို )

 殿ケ谷戸庭園
တိုနိုဂါယတိုဥယျာဉ်က တိုကျိုမြို့ပန်းခြံအဖွဲ့ အစည်းမှ ကြီးကြပ်နေတဲ့ မြို့တော်ပန်းခြံဖြစ်ပြီး နိင်ငံရဲ့ နာမည်ကြီးအဖြစ် သတ်မှတ်ထားပါတယ်။ သဘာဝပုံစံကို ပြုလုပ်ထားတဲ့ အလယ်ရေကန်ပါပြီး လျှောက်လမ်းရှိတဲ့ပုံစံပန်းခြံအပြင် အပင် ၂၀၀ ကျော် ရှိတဲ့ မိုမိဂျိတွေ ရှိပြီး အဲဒီသစ်ပင်ရှုခင်းတွေက ကြည့်ရကျိုးနပ်ပါတယ်။ ပြီးတော့ မူစရှိနိုရဲ့ ယာမနိုမြက်နဲ့ တိုကျိုရဲ့ နာမည်ကြီး စိမ့်ရေ ၅၇ ခု လက်ရွေးစင်မှာ ရွေးချယ်ခံထားရတဲ့ စိမ့်ရေလည်း ကြည့်ရှုနိုင်ပါတယ်။

နှစ်စဉ်ကြည့်ချိန်:နိုဝင်ဘာလကုန်မှ ဒီဇင်ဘာလအစ

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၁၁~၁၂လပိုင်းအတွင်းအကြံပြုချက်