အနည်းငယ် ဆောင်းဦးရောက်ခဲ့ပြီ ! နိုဝင်ဘာလမှာ သွားချင်တဲ့ ရှုခင်းနေရာ ၇ ခု လက်ရွေးစင်

အနည်းငယ် ဆောင်းဦးရောက်ခဲ့ပြီ ! နိုဝင်ဘာလမှာ သွားချင်တဲ့ ရှုခင်းနေရာ ၇ ခု လက်ရွေးစင်
ခန်းတိုးဒေသကို အစပြုပြီး တစ်နိုင်ငံလုံးအတိုင်းအတာ မိုမိဂျိ အကောင်းဆုံးရာသီကို ကြိုဆိုတဲ့ နိုဝင်ဘာလ။ သင့်ရဲ့ ပတ်ဝန်းကျင်မှာလည်း သိသိသာသာ ဆောင်းဦးရဲ့ သင်္ကေတတွေကို ခံစားမိနိုင်မှာ သေချာပါတယ်။ အေးချမ်းတဲ့ ဆောင်းရာသီကို မရောက်ခင်၊ ဒီချိန်လေးရဲ့ ခရီးသွားရာသီကို အားလုံးလည်း ဘယ်လိုကုန်ဆုံးကြပါသလဲ ? ဒီတစ်ကြိမ်က ကြိုတင်မစီစဉ်ထားရသေးတဲ့ သင်တို့ အတွက် အကြံပေးချင်တဲ့ နိုဝင်ဘာလမှာ ပျော်ရွင်ခံစားစေချင်တဲ့ ရှုခင်းနေရာ ၇ ခု ကို ရွေးချယ်တင်ပြလိုက်ပါတယ်။

၁ ။ ( မဲအိဂဲစွတ်ဘုရားကျောင်း ( ကမာကူရ ) ) ပြတင်းပေါက်အဝိုင်းမှာ ငေးမောနေမိတဲ့ ကမာကူရ မိုမိဂျိ နာမည်ကြီးနေရာ

明月院
မဲအိဂဲစွတ်ဘုရားကျောင်းလို့ ပြောရင် ( မဲအိဂဲစွတ်ဘုရားကျောင်း အပြာရောင် ) လို့ ချစ်စနိုးခေါ်ကြပြီး လူသိများတဲ့ အာဂျိဆိုင်းဘုရားကျောင်းအဖြစ် နာမည်ကြီးပေမယ့် အမှန်က မိုမိဂျိရာသီချိန်မှာလည်း အရမ်းလှပပါတယ်။

明月院

ဒီနေရာက လူခေါ်များတဲ့ ( ဥာဏ်ပွင့်ပြတင်းပေါက် ) ။ ပန်းခြံက မိုမိဂျိကို ဖြတ်တောက်ထားတဲ့ ပြတင်းပေါက်အဝိုင်းက ဘယ်ချိန်ဖြစ်ဖြစ် ကြည့်ရှုချင်စရာကောင်းတဲ့ အလှဖြစ်တယ်။ ဒီပြတင်းပေါက်အဝိုင်းက ဥာဏ်ပညာနဲ့ စိတ်နှလုံး၊ စကြာဝဠာ စတာတွေကို အဝိုင်းပုံစံဖြင့် ဖော်ပြခဲ့တဲ့ အရာလို့ ပြောပါတယ်။ တိတ်ဆိတ်ငြိမ်သက်မှုထဲ ၊ ဖျာပေါ်မှာ ထိုင်ပြီး အေးအေးဆေးဆေး ဆောင်းဦးကို ပိုင်းဖြတ်ပြီး ဒီပြတင်းပေါက်နှင့် မျက်နှာချင်းဆိုင် ကြည့်ပြီးတော့ ။

【နေရာ 】ခါနာဂါဝခရိုင် ကမာကူရမြို့ ၊ ယာမာနိုအူချိ ၁၈၉
【ဝင်ကြေး 】အထက်တန်းကျောင်းသားနှင့် အထက် ၅၀၀ ယန်း၊ မူလတန်း အလယ်တန်းကျောင်းသား ၃၀၀ ယန်း
【အလုပ်ချိန် 】 ၈း၃၀ မှ ၁၇း၀၀ ( ဇွန်လ ) ၊ ၉း၀၀ မှ ၁၆း၀၀ ( အခြား )
【ပိတ်ရက် 】 မရှိ ※ စစ်ဆေးချိန်အရ ပိတ်ရက်ရှိသည်။
【ဝက်ဆိုဒ် 】https://www.city.kamakura.kanagawa.jp/kamakura-kankou/meisho/07meigetuin.html

၂ ။ ( အိုးတဂူရိုးဥယျာဉ် ( တိုကျို ) ) လွယ်ကူစွာ ခံစားကြည့်ရှုနိုင်တဲ့ အိုဂိခုဘို မိုမိဂျိပန်းခြံ

大田黒公園
တိုကျိုရဲ့ မြို့ထဲမှာ ဒီလောက်တောင်လှပတဲ့ မိုမိဂျိကို ကြည့်ရှုနိုင်မယ့် လျှို့ ဝှက်နေရာရှိပါတယ်။ ဒီနေရာက အိုဂိခုဘိုဘူတာ မှ ၁၀ မိနစ် လမ်းလျှောက်ရတယ်ဆိုတဲ့ အကောင်းဆုံးလမ်းကြောင်းရှိတဲ့ အိုးတဂူရိုးဥယျာဉ်ဖြစ်တယ်။ ဥယျာဉ်လို့ ပြောပေမယ့် ကလေးကစားစရာပစ္စည်းတွေ ထားရှိတဲ့ ကလေးဥယျာဉ်မဟုတ်ဘဲ အလယ်မှာရေကန်ရှိပြီး ပတ်လမ်းရှိတဲ့ ဂျပန်ပန်းခြံဖြစ်ပါတယ်။ အရင်က ဒီဥယျာဉ်က ဂီတဝေဖန်သူဟောင်း အိုးတဂူဂိုးမိုတိုးရဲ့ နေအိမ်မြေနေရာမှာ တည်ဆောက်ထားတာပါ။ ဆောင်းဦးကို ရောက်ရင် အိုးတဂူရိုးရဲ့ အလုပ်ခန်း ဖြစ်တဲ့ အမှတ်တရခန်းမဆောင် ပတ်ဝန်းကျင်နဲ့ ကျောက်ဖျာနဲ့ ရောကန်တွေမှာ နီရဲနေတဲ့ မိုမိဂျိတွေ ဖုံးလွှမ်းနေပြီး ရှုခင်းနဲ့ မိုမိဂျိတွေရဲ့ ပေါင်းစပ်မှုကို ခံစားနိုင်ပါတယ်။

大田黒公園

တ်ပေါက်ကို ဝင်လိုက်တာနဲ့ ရွှေဝါရောင်ဂျင်ဂိုပင်တန်းက ဆီးကြိုနေပါတယ်။ အိုးတဂူရိုးဥယျာဉ်က အဝါရောင်နဲ့ အနီရောင် မိုမိဂျိကို တစ်ချိန်တည်း မြင်တွေ့ နိုင်တဲ့ လောဘတက်လောက်တဲ့ နေရာလည်း ရှိပါတယ်။ မိုမိဂျိကြည့်ချိန်က နိုဝင်ဘာလကုန်မှ ဒီဇင်ဘာလ အစထိ။ အခမဲ့ဝင်ရောက်နိုင်တဲ့အတွက် အနီးနားမှာ မရည်ရွယ်ဘဲ ဆောင်းဦးအရသာကို မြည်းစမ်းချင်တဲ့အချိန် ဆက်ဆက်လာကြည့်ပါနော်။

【နေရာ 】စွတ်ဂိနမိအပိုင်း၊ အိုဂိခုဘို ၃ ချောမဲ ၃၃ ဘန်း ၁၂ ဂေါ
【ဝင်ကြေး 】အခမဲ့
【အလုပ်ချိန် 】၉း၀၀ မှ ၁၇း၀၀ ( ဝင်ချိန် ၁၆း၃၀ ထိ )
【ပိတ်ရက် 】နှစ်ကုန် နှစ်စ ( ဒီဇင်ဘာလ ၂၉ ရက် မှ ဇန်နဝါရီလ ၁ ရက် )
【ဝက်ဆိုဒ် 】http://www.hakone-ueki.com/sub/

၃ ။ ( ခါနဇာဝ ၂၁ ရာစုအနုပညာပြတိုက် ( ခါနဇာဝ ) ) မျက်မှောက်ခေတ် အနုပညာ ကမ္ဘာထဲ ဝင်ပြီး အနုပညာရပ်ရဲ့ ဆောင်းဦးကို ခံစားခြင်း

金沢21世紀美術館
အနုပညာရပ်ရဲ့ ဆောင်းဦးမှာ ကိုက်ညီတာက များစွာသော မျက်မှောက်ခေတ်အနုပညာကို သိမ်းဆည်းထားတဲ့ ၂၁ ရာစု အနုပညာပြတိုက်။ အဝိုင်းပုံ မှန် အဆောက်အဦး ထဲက အခန်းတိုင်းရဲ့ ကျယ်ပြန့် တဲ့နေရာကို သုံးထားတဲ့ တပ်ဆင်ပြသတဲ့ အနုပညာဖန်တီးမှုတွေ ရှိနေပါတယ်။ အနီးနားက အမျိုးမျိုးသော ရှုထောင့်မှ ပစ္စည်းတွေကို ကြည့်ရှုတာ ဓါတ်ပုံရိုက်တာတွေကို လွတ်လပ်စွာ လုပ်ဆောင်နိင်ပါတယ်။
金沢21世紀美術館
အသေပြသထားတဲ့ ပစ္စည်းဖြစ်တဲ့ ( ရေကူးကန် ) က အရမ်ကောင်းတဲ့ ဓါတ်ပုံရိုက်စရာနေရာဖြစ်တယ်။ ရေကန်ထဲဝင်တာ အပြင်ကကြည့်တာတွေ လုပ်ပြီး ကိုယ် ကိုယ်တိုင်ရဲ့ အနုပညာကို ဓါတ်ပုံရိုက်ယူကြည့်ရအောင်။ ပြတိုက်မှ ဂျပန်အကြီးဆုံးနာမည်ကြီးပန်းခြံ ၃ ခု ရဲ့ ထိက မီးပွိုင့်ကို ဖြတ်လိုက်ရင် ရောက်ပါပြီ။ ဆောင်းဦးရဲ့ ခါနာဇာဝမှာ အနုပညာနှင့် သမိုင်းကြောင်းကို လည်ပတ်ကြည့်ကြမလား။

၎ ။ ( ရှီရိုးစခိရေပူစမ်း ( ဟရောဂို ) ) ကီမိုလို ဝတ်ပြီး ခံစားချက်သွင်ပြင်တွေ ပြည့်နှက်နေတဲ့ ရေပူစမ်းမြို့ကို လည်ပတ်မယ်။


城崎温泉

တခါတလေ ဆောင်းရာသီရဲ့ သင်္ကေတကို ခံစားနိုင်မယ့် နိုဝင်ဘာလ ။ ရေပူစမ်းကို ကြိုက်နှစ်သက်တဲ့သူတွေ များလာပါတယ်။ ခန်းစိုင်းဒေသရဲ့ နာမည်ကျော်ကြားတဲ့ ရေပူအဖြစ် နာမည်အရမ်းကြီးတဲ့ ရှီရိုးစခိရေပူစမ်းက နှစ်လိုဖွယ်ရှိတဲ့ ၇ ခုရှိတဲ့ အပြင်ရေပူစမ်းကို လည်ပတ်တဲ့ ( အပြင်ရေပူစမ်းလည်ပတ်ခြင်း ) က နာမည်ကြီးအရာတစ်ခု ဖြစ်လာပါတယ်။ ကီမိုလိုရဲ့ အပေါ်မှာ ခြုံလွှာကို ဝတ်ဆင်ပြီး ခုံဖိနပ်စီးပြီး တဂွပ်ဂွပ်ဖြင့် ဖွင့်ထားတာ ၁၃၀၀ နှစ် သက်တမ်းရှိတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ ရေပူစမ်းတွေကို လည်ပတ်ကြမယ်။

城崎温泉

မမေ့နိုင်လောက်အောင်ပါဘဲ ၊ ဆောင်းဦးနဲ့ ဆောင်းရာသီရဲ့ ရှီရိုးစခိရေပူစမ်းရဲ့ ပျော်စရာကာင်းတဲ့အရာလို့ ပြောရင် ဂျပန်ပင်လယ်ရဲ့ လတ်ဆတ်တဲ့ ဂဏန်းဖြစ်တယ်။ နိုဝင်ဘာလ ၆ ရက်နေ့ မှ တားမြစ်ချက်ကို ရုပ်သိမ်းပါတယ်။ ရေပူစမ်းမှာ နွေးနွေးထွေးထွေးဖြစ်သွားပြီးနောက် အရသာရှိလှတဲ့ ဂဏန်းကို အားရပါးရစားပြီး ဂျပန်အရက်ကို အဝသောက်ပြီး အကောင်းဆုံး လူ့ စည်းစိမ်ပါပဲနော်။

၅ ။ ( ခိုဘဲ နူနိုဘိခိ ဆေးဖက်ဝင်သစ်ပင်ပန်းခြံ / ကောင်းကင်ကြိုးလိုင်း ( ဟရောဂိုးခရိုင် ) ) ဆောင်းဦးအရောင်သွေးတွေ ချယ်မှုန်းထားတဲ့ တောင်နဲ့ ခိုဘဲရဲ့ မြို့လေးကို လှမ်းးမျှော်ကြည့်ရင်း


神戸布引ハーブ園

အမျိုးအစား ၂၀၀ အပင်ပေါင်း ၇၅၀၀၀ ရှိတဲ့ ပန်းပင်နဲ့ ဆေးပင်နဲ့ ၊ အဲဒီဆေးပင်ကို အသုံးပြုထားတဲ့ အရည်အသွေးမြင့်အစားအစာနဲ့ လက်ဖက်ရည်ကို ခံစားသုံးဆောင်နိုင်မယ့် ဂျပန်အဆင့်မြင့် ဆေးဖက်ဝင်ပန်းခြံဖြစ်တယ်။ ဒီပန်းခြံရဲ့ ဆွဲဆောင်အားက ဆေးဖက်ဝင်ပင်များသာ မကပါဘူး။ ဆောင်းဦးရောက်လာရင် အပင် ၅၀၀ လောက်ရှိတဲ့ အိရိုဟမိုမိဂျိကို အစပြုပြီး ယာမဇာကူရာနဲ့ ယာမဟာဇဲ စတဲ့ အရောင်စုံ သစ်ပင်တွေ အံ့မခန်းဖြစ်နေတဲ့ မိုမိဂျိရှုခင်းကို ပြုလုပ်ပေးထားပါတယ်။

http://www.kobeherb.com/

၆ ။ ( ခူဝယာမဘုရားကျောင်း ( ကျိုတို ) ) ၁၃၀၀ နှစ်ကျော် သမိုင်းကြောင်းရှိတဲ့ ဘုရားကျောင်းဟောင်းက မိုမိဂျိတွေကို ချစ်တယ်။


鍬山神社

ခူဝယာမဘုရားကျောင်းက ဟဲအိအန်းခတ်မှာ ပြုစုလုပ်ဆောင်ခဲ့တဲ့ ( အန်းဂိအစိုးရ ဘုရားကျောင်းစာရင်း ) မှာ မှတ်တမ်းဝင်ခဲ့ပြီး ၁၃၀၀ နှစ်ကျော် သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ ဘုရားကျောင်းဟောင်းဖြစ်တယ်။ ရှေးကတည်းက မိုမိဂျိ နာမည်ကြီးနေရာအဖြစ် သိထားကြပြီး နိုဝင်ဘာလအစမှ အပင် ၁၀၀၀ ရှိတဲ့ မိုမိဂျိက ကျောင်းဝင်းတွင်းမှာ လှပတဲ့ ဟင်္သာပြဒါးရောင်ကို ချယ်မှုန်းထားပါတယ်။

鍬山神社

နိုဝင်ဘာလ ၁၁ ရက်နေ့  ၁၇း၀၀ နာရီမှ မိုမိဂျိပွဲတော်ကို ကျင်းပပြီး တရုတ်နိုင်ငံရဲ့ နှစ်ကြိုးတပ် တူရိယာပစ္စည်း ( နိခို ) ရဲ့ ကပွဲလေးကို ခံစားနိုင်ပါတယ်။ ကျောင်းဟောင်းရဲ့ ခမ်းနားတဲ့ လေထုထဲမှာ နိုခိုရဲ့ သွင်ပြင်ကြွယ်ဝတဲ့ အသံတွေ ဖုံးလွှမ်းနေတဲ့ မိုမိဂျိတွေကို ချစ်လာတဲ့ ကောင်းချီးပေးတဲ့အချိန်ခါဖြစ်လာပါတယ်။

【နေရာ 】ကျိုတိုဖု ၊ ခါမဲအိုခမြို့၊ ခါမိယောတချော ခါမိခါခိအူချိ ၂၂ - ၂
【ဝင်ကြေး 】၃၀၀ ယန်း ( နိုဝင်ဘာလ လယ် ) မူလတန်းကျောင်းသားနှင့်အောက် အခမဲ့ 
【ဝက်ဆိုဒ် 】http://www.kuwayama-jinjya.jp/

၇ ။ ခိုတိုး စမ်းဇမ်း ဆိုင်းမျောဘုရားကျောင်း ( ရှိဂခရိုင် ) ဥရောပ CNNမှာ ရွေးချယ်ခံထားရတဲ့ မိုမိဂျိနဲ့ ဆာကူရာ ကို တစ်ချိန်တည်း ခံစားနိုင်မယ့် ဘုရားကျောင်း


西明寺

အမေရိက သတင်းအထူးထုတ်လွှင့်မှုအစီအစဉ် CNN ရဲ့ အထူးစုစည်းမှု ( ဂျပန်ရဲ့ အလှပဆုံး နေရာ ၃၁ ခု လက်ရွေးစင် ) မှာလည်း ရွေးချယ်ခံထားရပြီး ရှိဂခရိုင်ရဲ့ ခိုတိုး စမ်းဇမ်းဆိုင်းမျောဘုရားကျောင်းဖြစ်တယ်။ နိုဝင်ဘာလလယ်မှ နိုဝင်ဘာလကုန်ထိ ဘုရားကျောင်းဝင်းတွင်းက မိုမိဂျိနဲ့ ခါအဲဒဲတွေက အရောင်ပြောင်းနေတဲ့ အံ့မခန်း မိုမိဂျိရှုခင်းကို ခံစားနိုင်ပါတယ်။ ဒီအပြင် ဆိုင်းမျောဘုရားကျောင်းရဲ့ ကြည့်ရမှာက မိုမိဂျိတင် မကပါဘူး၊ ဆောင်းဦးမှ နွေဦးထိ ပန်းပွင့်ပြီး ဆောင်းရာသီ ဆာကူရာရဲ့ အမျိုးအစား တစ်မျိုးဖြစ်တဲ့ ( ဖူဒန်းဆာကူရာ ) ကလည်း ကြည့်ရမယ့်အရာဖြစ်ပါတယ်။

西明寺

နိုဝင်ဘာလရဲ့ မိုမိဂျိရာသီက ဒီလို ဖူဒန်းဆာကူရာပန်းလည်း ကြည့်ရမယ့်အချိန်ကို ကြိုဆိုနေပါတယ်။ ဖူဒန်းဆာကူရာက စုမဲအိယောရှိနိုလိုမျိုး ခမ်းနားကြီးကျယ်တဲ့ ပန်းမျိုးမဟုတ်ဘဲ ၊ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ အဖြူရောင်ပန်းတွေ ပွင့်ပါတယ်။ အေးချမ်းတဲ့လေထုကို အံတုပြီး ပွင့်လန်းနေတဲ့ ဖူဒန်းဆာကူရာနဲ့  အံ့မခန်းတဲ့ မိုမိဂျိကို အတူခံစားကြည့်ပါနော်။ ပြီးတော့ ကျိုတိုမှာလည်း ( ဆိုင်းမျောဘုရားကျောင်း ) ဆိုတဲ့ နာမည်တူရှိတာကြောင့် သွားတဲ့အခါ သတိထားပါနော်။


နိုဝင်ဘာလရဲ့ အကြံပေးချင်တဲ့ ရှုခင်းနေရာဖြစ်ပါတယ်။ နေ့ ရော ညပါ အေးခဲနေတဲ့ နေ့ တွေလည်း များတာကြောင့် ခန္ဓာကိုယ်ကို ဂရုစိုက်ပြီး များစွာသော ဆောင်းဦးရှုခင်းတွေကို သွားရောက်ကြည့်ရှုကြည့်ပါနော်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၆~၇လပိုင်းအတွင်းအကြံပြုချက်