နှစ်တစ်နှစ်ကို အဆုံးသတ်ဖို့  ! ဒီဇင်ဘာလမှာ မြင်ချင်တဲ့ ရှုခင်း ၇ ခု လက်ရွေးစင်

နှစ်တစ်နှစ်ကို အဆုံးသတ်ဖို့  ! ဒီဇင်ဘာလမှာ မြင်ချင်တဲ့ ရှုခင်း ၇ ခု လက်ရွေးစင်
ချမ်းအေးမှုက ပြောင်းလဲမြင့်တက်လာတဲ့ ဒီဇင်ဘာလ။ ကြည်လင်သန့် စင်တဲ့ လေထုထဲမှာ နွေးထွေးစွာ ထွန်းလင်းနေတဲ့ မီးအလင်းရောင် နဲ့ တဖျတ်ဖျတ်လင်းနေတဲ့ မီးထွန်းအလှဆင်ခြင်း စတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ရှုခင်းကို မြင်တွေ့ ရဖို့ လည်း သင့်တော်ကောင်းမွန်တဲ့ ရာသီဖြစ်တယ်။ ဒီ့အပြင် ဖြူဖွေးနေတဲ့ နှင်းရှုခင်းနဲ့ ဆောင်းရာသီကလွဲပြီး မပွင့်တဲ့ ပန်းတွေ စတဲ့ ဒီဇင်ဘာလမှာ သွားစေချင်တဲ့ ရှုခင်းနေရာတွေကို ပြောပြပါမယ်။ ကြိုးစားအားထုတ်ခဲ့တဲ့ တစ်နှစ်တာကို အကောင်းဆုံးရှုခင်းတွေ ကြည့်ရှုခံစားရင်း အဆုံးသတ်ကြမယ်။

၁ ။ ( ကျိုတို / အာရရှိတောင် ပန်းမီးအိမ်လမ်း ) ဆန်းပြားတဲ့ ကျိုတိုဆောင်းအဝင် ရာသီအလိုက်သင်္ကေတများ

ကျိုတိုလို့ ပြောလိုက်ရင် နွေဦးဆာကူရာနဲ့ ဆောင်းဦး မိုမိဂျိပုံရိပ်တွေရှိပေမယ့် ဆောင်းရာသီအဝင် မီးထွန်းအလှဆင်မှုကလည်း အလွတ်မခံနိုင်ပါဘူး။ ဒီဇင်ဘာလ ၈ ရက်မှ စတင်ကျင်းပတဲ့ ( အာရရှိတောင်မီးအိမ်လမ်း ) ဆိုတာက အာရရှိတောင်၊ မတ်စောက်တဲ့ဧရိယာမှာ ရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းကြောင်းတွေရှိတဲ့ မြို့လေးကို ကွင်းပြင်မီးအိမ်တွေရဲ့ အလင်းရောင်တွေက ထွန်းလင်းနေစေပြီး ဆန်းပြားလှပတဲ့ ကျိုတိုညလေးကို ဖြစ်ပေါ်စေပါတယ်။
竹林の小径
အာရရှိတောင်မီးအိမ်လမ်းမှာ လူကြိုက်အများဆုံးနေရာက ( ဝါးရုံတောလမ်းလေး ) ပါ။ နေ့ လည်ရဲ့ စိမ်းစိုလှပတဲ့ ဝါးရုံတောနှင့် ကွဲပြားတဲ့ အလင်းရောင်နဲ့ အရိပ်တွေရဲ့ ထင်ရှားလှပနေတဲ့ ဝါးရုံတောရဲ့ အလှကို ပိုပြီး အားပေးထောက်ပံ့ထားပါတယ်။
渡月橋
အာရရှိတောင် ရဲ့ နာမည်ကြီးနေရာ ( တိုဂဲစွတ်တံတား ) လည်း မီးထွန်းအလှဆင်ထားပါတယ်။ ရွှေဝါရောင် တိုဂဲစွတ်တံတား နဲ့ ခရမ်းပြာရောင် ထွန်းလင်းတောက်ပနေတဲ့ တောင်တောင်တွေက အိုးအိမြစ် ရေမျက်နှာပြင်မှာ ပုံရိပ်ထင်နေပြီး ပန်းချီကားတစ်ချပ်လိုပါဘဲ။ ရာသီချိန်တွင်းက ပတ်ဝန်းကျင်က ဘုရားကျောင်းတွေရဲ့ အထူးလာရောက်လည်ပတ်ခြင်းနဲ့ မီးထွန်းအလှဆင်ခြင်းတွေလည်း ပြုလုပ်ပါတယ်။ နေ့ လည်ချိန်နှင့် ခံစားမှုအရသာကွဲပြားတဲ့ ဆောင်းညရဲ့ ကျိုတိုကို လည်ပတ်ကြည့်ရအောင်။
【နေရာ 】ကျိုတိုဖု ကျိုတိုမြို့၊ ယူးခရောအပိုင်း၊ စိုင်းခရောအပိုင်း၊ ဆာဂနိုလျှောက်လမ်း၊ တန်းလူးဘုရားကျောင်းပတ်ဝန်းကျင် ဝါးရုံတော လမ်း၊ ဟိုးလင်းဘုရားကျောင်းမှ တိုဂဲစွတ်တံတားပတ်ဝန်းကျင်၊ အခြား ဘုရားကျောင်း၊ သမိုင်းဝင်အဆောက်အဦးများ
【အချိန် 】၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက် မှ ၁၇ ရက်
【မီးထွန်းချိန် 】 ၁၇း၀၀ မှ ၂၀းး၃၀
【ဝက်ဆိုဒ် 】http://www.hanatouro.jp/arashiyama/

၂ ။ ( ဟော်ကိုင်းဒိုး / နှင်းရေခဲကွင်းပြင်) ဆောင်းရာသီဆိုရင် သဘာဝပုံရိပ်တွေက ဆွဲဆောင်နေပါတယ်။

သစ်ပင်တွေမှာ ရေခဲပန်းတွေ ပွင့်နေသလို မြင်တွေ့ ရနိုင်တဲ့ နှင်းရေခဲ။ လေထုထဲမှာ ရှိတဲ့ ရေမှုန်နဲ့ နှင်းတွေက သစ်ပင်တွေရဲ့ ကိုင်းတွေမှာ အေးခဲကပ်ညှိပြီး ဆောင်းရာသီမှာသာရှိတဲ့ လှပတဲ့ပုံရိပ်တွေဖြစ်တယ်
霧氷テラス
အဲဒီလှပတဲ့ နှင်းရေခဲတွေကို မြင်နိုင်တာက အမြင့် ၁၀၈၈ မီတာမှာ ရှိတဲ့ ( နှင်းရေခဲကွင်းပြင် ) ဖြစ်တယ်။ နောက်ဆုံးရာသီရဲ့ နှင်းရေခဲဖြစ်ပေါ်တည်ရှိမှုနှုန်းက ၆၀ ရာခိုင်နှန်းဖြစ်ပြီး လေထုက ကြည်လင်သာယာတဲ့နေ့ မှာ အပြာရောင်ကောင်းကင်အောက်မှာ အံ့မခန်းလှပတဲ့ ဟိတာကတောင်တန်းနဲ့ နှင်းရေခဲရှုခင်းကို ခံစားကြည့်ရှုနိုင်ပါတယ်။
霧氷テラス
▲ကွင်းပြင်ထိ ကောင်းကင်ကြိုးလိုင်းဖြင့် ၁၃ မိနစ်ကြာ လေဟာပြင်ထဲမှာ လမ်းလျှောက်ခြင်း။ နေရောင်ခြည်ကျရောက်နေပြီး တစ်လက်လက်တောက်ပနေတဲ့ နှင်းရေခဲတွေရဲ့ ဆန်းကြယ်မှု !
ဒီအပြင် ဒီဇင်ဘာလ ၁ရက်နေ့ မှ ၂၅ ရက်ထိ အချိန်သတ်မှတ်ထားပြီး နှင်းရေခဲကွင်းပြင်ရဲ့ မီးထွန်းပွဲကို လုပ်ဆောင်ပါတယ်။ အလင်းရောင်တောက်ပနေတဲ့ နှင်းရေခဲရှုစားမှုက ပြောစရာမလိုအောင်လှပပြီး ည မှာ စိန်မှုန်ကြဲထားသလို ကြုံတွေ့ ရမှာဖြစ်ပြီး ဆောင်းရာသီရဲ့ သဘာဝတရားက ပြုလုပ်ပေးတဲ့ ရှုခင်းကို မြင်တွေ့ ရမှာနော်။
【နေရာ 】ဟော်ကိုင်းဒိုး ယူးဖူးစွတ်မြို့နယ်၊ ရှိမူခါ့ပူရွာတွင်း တိုမမူဟိုရှီနိုအပန်းဖြေစခန်း တိုမမူဧရိယာအတွင်း
【ကောင်းကင်ကြိုးလိုင်းအသွားအပြန်စီးခ 】လူကြီး ၂၂၀၀ ယန်း ၊ မူလတန်းကျောင်းသား ၁၃၀၀ ယန်း
【အချိန်】၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ရက် မှ ၂၀၁၈ ခုနှစ် ဧပြီလ ၃ ရက်
*ရာသီဥတုအခြေအနေအရ ကောင်းကင်ကြိုးလိုင်း ပိတ်ချိန်တွေ ရှိပါတယ်။
【အချိန် 】( နေ့ ) ၈း၀၀ မှ ၁၅း၀၀ ၊ ( ညမီးထွန်းချိန် ) ၁၆း၀၀ မှ ၁၈း၃၀ ( ဒီဇင်ဘာလ ၁ရက် မှ ၂၅ ရက် )
【ရည်ရွယ်ချက် 】 ဟိုရှီနိုအပန်းဖြေစခန်း၊ တိုမမူအတွင်း အဆောက်အဦးတွင် တည်းခိုသူ၊ နေ့ ချင်းပြန် နှစ်မျိုးလုံး သုံးနိင်သည်။
【ဝက်ဆိုဒ် 】https://www.snowtomamu.jp/winter/ski/muhyo/

၃ ။ ( မီအဲခရိုင် / နာဘနာကျေးရွာ ) နွေးထွေးတဲ့ မီးလုံးအလင်းရောင်ကြိုးတန်းထားတဲ့ အလင်းရောင်ပန်းခြံ

なばなの里
ဒီနှစ်မှာ ၁၄ နှစ်မြောက်ကို ကြိုဆိုပြုလုပ်တဲ့ နာဘနာကျေးရွာ မီးထွန်းအလှဆင်ပွဲတော်။
なばなの里
အလင်းရောင်မီးဆလိုက်ထိုးခြင်း စတာတွေကို လုံးဝ မသုံးဘဲ မီးလုံးတွေချည်းဖြင့် ပြုလုပ်ထားတဲ့ နိုင်ငံတွင်းမှာ အဆင့်မြင့်ဆုံး အလင်းရောင်ပန်းခြံဖြစ်တယ်။
なばなの里
တစ်ခုချင်းစီက ချစ်စရာကောင်းတဲ့ ပန်းပုံစံလုပ်ထားတဲ့ မီးလုံးတွေကို အရှည်အလျား ၂၀၀ မီတာရှိတဲ့ နွေးထွေးပြီး ချစ်စရာကောင်းတဲ့ အလင်းရောင်ဥမင်ကို ဆက်သွယ်ထားပါတယ်။ ဒီဇင်ဘာလရဲ့ ကြည်လင်သာယာတဲ့ ညလေထုထဲမှာ နူးညံ့နွေးထွေးမှုတွေ ဖုံးလွှမ်းနေတဲ့ အချိန်လေးကို ကုန်ဆုံးနိုင်ပါတယ်။ မီးထွန်းအလှဆင်ချိန်က ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၄ ရက် မှ ၂၀၁၈ ခုနှစ် မေလ ၆ ရက်နေ့ ထိ။

၎ ။ ( ခါရုအိဇာဝ / ခရစ္စမတ်ဖယောင်းမီးည ) ဖယောင်းတိုင်မီးအိမ်ဖြင့် ချယ်မှုန်းထားတဲ့ ကြည်လင်နွေးထွေးတဲ့ည

クリスマスキャンドルナイト
လက်ရှိက နွေရာသီအပန်းဖြေစခန်းနဲ့ ခရီးသွားမြို့အဖြစ် သိကြတဲ့ ခါရုအိဇာဝဖြစ်ပေမယ့် အဲဒီခါရုအိဇာဝကို နွေရာသီအပန်းဖြေစခန်းအဖြစ် ကျယ်ပြန့်စွာသိလာကြတဲ့ အကျိုးကျေးဇူး ဖြစ်လာတာက ကနေဒါလူမျိုးတစ်ယောက်ဖြစ်တဲ့ သာသနာပြုဆရာဖြစ်တယ်။ ပြီးတော့ ရှေးကတည်းက ခရစ်ယာန်ဘာသာယဉ်ကျေးမှုက ရှင်သန်တဲ့ ခါရုအိဇာဝမြို့ဖြစ်ပြီး တိုင်းရှောခေတ် ၁၀ နှစ်ကျော်ကြာ၊ များစွာသောလူတွေက စိတ်ဖြေသိမ့်ရာဘုရားကျောင်းက ခါရုအိဇာဝတာကဟာရဘုရားကျောင်းဖြစ်တယ်။
クリスマスキャンドルナイト
၂၀၁၇ ခုနှစ်ရဲ့ ခရစ္စမတ်က ( အလင်းရောင်) ကို ခေါင်းစဉ်ထားပြီး ဘုရားကျောင်းရှေ့ သစ်တောမှာ မရေတွက်နိင်တဲ့ ဖယောင်းတိုင်မီးအိမ်တွေဖြင့် ထွန်းလင်းနေပြီး အမြင့် ၆ မီတာ ရှိတဲ့ ထင်းရှူးပင်ရဲ့ အလင်းရောင်က ဆောင်းညကို ချစ်စရာကောင်းအောင် လွှမ်းခြုံထားပါတယ်။
クリスマスキャンドルナイト
သစ်တောအလယ်မှာ လှပတဲ့ အလင်းရောင်တွေ ထွန်းလင်းနေတဲ့ ( အလင်းရောင်လမ်းဆုံ ) က ပေါ်ထွက်နေပါတယ်။ အေးချမ်းတဲ့ လေထုအောက်မှာ စိတ်ကူးယဉ်ဆန်တဲ့ အလင်းရောင်ထုတ်ဖော်မှုမှာ ပွေ့ ပိုက်ကြည့်ကြမလား။
【နေရာ 】 နာဂါနိုခရိုင်၊ ခါရုအိဇာဝမြို့၊ ဟိုရှိနို
【ကာလ 】၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက် မှ ၂၄ ရက်ရဲ့ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ နှင့် ဒီဇင်ဘာလ ၂၅ ရက်
【အချိန် 】( မီးထွန်းအလှဆင်ခြင်း နှင့် အလင်းရောင်လမ်းဆုံ ) ၁၈း၃၀ မှ ၂၁း၀၀ ၊ ( မီးအိမ်လမ်း ) ၁၈း၃၀ မှ ၂၁း ၀၀
【ဝက်ဆိုဒ် 】https://www.karuizawachurch.org/

၅ ။ ( ဖူခုအိခရိုင် / အဲချိဇမ်းကမ်းခြေ ) ခမ်းနားလှပတဲ့ ထုထည်ကြီးမားတဲ့ ကျောက်ကမ်းပါးနှင့် ဥပေါက်ပန်းရှုခင်း

越前海岸
မြင့်တက်လာတဲ့ ကမ်းခြေကြောင့် ယောင်္ကျားဆန်တဲ့ ထုထည်ကြီးမားတဲ့ ကျောက်ကမ်းပါးက ထူးခြားချက်ဖြစ်တဲ့ ဖူခုအိခရိုင်မှာရှိတဲ့ အဲချိဇမ်းကမ်းခြေဖြစ်တယ်။ ဒီဇင်ဘာလ မှ ဇန်နဝါရီလထိ အဲဒီခမ်းနားလှပတဲ့ ကမ်းခြေလိုင်းတလျှောက်မှာ ဥပေါက်ပန်းလို့ ခေါ်တဲ့ လှပတဲ့ အဖြူရောင်ပန်းတွေ ပွင့်နေပါတယ်။
越前海岸
▲ဂျပန် နေဝင်ဆည်းဆာ ၁၀၀ လက်ရွေးစင်မှာ ရွေးချယ်ခံထားရတဲ့ အဲချိဇမ်းအငူ
ဂျပန် နေဝင်ဆည်းဆာ ၁၀၀ လက်ရွေးစင်မှာ ရွေးချယ်ခံထားရတဲ့ အဲချိဇမ်းအငူ

၆ ။ ( ဟော်ကိုင်းဒိုး / ရေခဲမြို့ ( ရေခဲရွာ ) ) ယခုနှစ်လည်း ဆန်းပြားလှပတဲ့ရေခဲမြို့က ထွက်ပေါ်လာပါပြီ

アイスヴィレッジ
စ်စဉ်နှင်းကျတဲ့ရာသီရောက်ရင် ဟော်ကိုင်းဒိုးရဲ့ ယူးဖုစွတ်မြို့နယ်၊ရှိမူခါ့ပုရွာမှာ ပေါ်ထွက်လာတဲ့ ရေခဲမြို့ ( ရေခဲရွာ ) ဖြစ်တယ်။ ၃.၂ စတုရန်းမီတာရှိတဲ့ မြေမှာ ၁၂ လုံးရှိတဲ့ ရေခဲခန်းမ နဲ့ ရေခဲပြင်တွေ တည်ဆောက်ထားပြီး ရေခဲပေါ်က အတွေ့ အကြုံကို ပျော်ရွင်ခံစားချင်တဲ့ လူများဖြင့် စည်ကားနေပါတယ်။
アイスヴィレッジ
အဲဒီထဲမှာ ဒီကမ္ဘာလေးရဲ့ အမှတ်အသားလို ဖြစ်နေတာက အားလုံးက ရေခဲတွေဖြင့် လုပ်ထားတဲ့ ( ရေခဲဘုရားကျောင်း ) ဖြစ်တယ်။ ဆက်ကြောင်းမရှိတဲ့ ရေခဲ တစ်ချပ်တည်းမှာ ( လူနှစ်ယောက်ရဲ့ စစ်မှန်တဲ့ စိတ်ကို မဖြတ်တောက်နိုင်အောင်ပေါင်းစည်းထားမယ် ) ဆိုတဲ့ စိတ်ကူးယဉ်ဆန်တဲ့ စကားလုံးကို ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ ဘုရားကျောင်းဖွင့်ချိန်က ၂၀း၀၀ မှ ၂၂း၀၀ ထိ။
アイスヴィレッジ
▲အခမ်းအနားပြီးနောက်မှာ ဇနီးမောင်နှံအသစ်လေးကို ဂုဏ်ပြုခြင်းအဖြစ် မီးပန်းတွေ လွှတ်တင်ကြပါတယ်။
အခြားမှာလည်း ရေခဲကွင်းပြင်မှာ အရက်ကို မြည်းစမ်းနိုင်မယ့် ( ဘားအိုက်ဝူး ) နဲ့ ရေခဲကမ္ဘာရဲ့ နေထိုင်မှုကို ခံစားနိုင်မယ့် ( ရေခဲဟိုတယ် ) စတဲ့ အရမ်းမိုက်တဲ့ ထုတ်လုပ်မှုတွေ အပြည့်ပါဘဲ။ ဆန်းပြားလှပတဲ့ ရေခဲမြို့မှာ လည်ပတ်ကစားကြမယ်နော်
【နေရာ 】ဟော်ကိုင်းဒိုး၊ ယူးဖုစွတ်မြို့နယ်၊ရှိမူခါ့ပုရွာတွင်း တိုမမူဟိုရှိနိုအပန်းဖြေစခန်း၊ တိုမမူဧရိယာအတွင်း
【ဝင်ကြေး 】ဝင်ကြေး ၅၀၀ ယန်း ( ဟိုရှိနိုအပန်းဖြေစခန်း၊ တိုမမူဇ တာဝါ ၊ ရိဇုနာလယ်တိုမမူ တည်းခိုသူများ အခမဲ့)
【ကာလ 】၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် မှ ၂၀၁၈ ခုနှစ် မတ်လ လယ်*ရာသီဥတုအရ ပြောင်းလဲမှုရှိတယ်။
【အချိန် 】၁၇း၀၀ မှ ၂၂း၀၀ ( နောက်ဆုံးဝင်ချိန် ၂၁း၃၀ )
【ရည်ရွယ်ချက် 】ဟိုရှီနိုအပန်းဖြေစခန်း၊ တိုမမူအတွင်း အဆောက်အဦးတွင် တည်းခိုသူ၊ နေ့ ချင်းပြန် နှစ်မျိုးလုံး သုံးနိင်သည်။
*အချိန်၊ အခကြေးငွေ ၊ ကြိုတင်အကြောင်းကြားခြင်းက အကြောင်းအရာပေါ်မူတည်ပြီး ကွဲပြားသည်။
【ဝက်ဆိုဒ် 】https://www.snowtomamu.jp/special/icevillage/

၇ ။ ( နာဂါနိုခရိုင်/ ရှိဘုရေပူစမ်း ) ကျောက်သားအသွင်အပြင် ပြည့်နှက်နေတဲ့ ရေပူစမ်းမြို့မှာ အပြင်ရေချိုးခန်းတွေလည်ပတ်ခြင်း

渋温泉
မြေမျက်နှာပြင်ကို တူးလိုက်ရင် ချက်ချင်းရေပူတွေထွက်လာမယ်လို့ ပြောနိုင်လောက်အောင် ရေပူအရင်းအမြစ်က များတဲ့ ရှိဘုရေပူစမ်းဖြစ်တယ်။ အဲဒီအတွက် မြို့ထဲက နေရာတိုင်းမှ ရေနွေးငွေ့ တွေ ထွက်နေပြီး ရေပူစမ်းမြို့ရဲ့ ခံစားချက်ကို ထွက်ပေါ်စေပါတယ်။ ကျောက်သားလမ်းမှာ တိုင်းရှောခေတ်နဲ့ ရှောဝခေတ်ဦးပိုင်းမှ ကျန်ရှိနေတဲ့ သစ်သားအဆောက်အဦးတွေက တန်းစီနေပြီး ၊ အတိတ်ကိုလွမ်းဆွတ်စရာကောင်းတဲ့ ခံစားချက်သွင်ပြင်တွေ ပြည့်နှက်နေတဲ့လမ်းကို ကီမိုနိုပေါ်မှာ အပေါ်ခြုံလွှာကို ဝတ်ဆင်ပြီး လမ်းလျှောက်ကြည့်ရတာလည်း ဆန်းပြားတဲ့အရာဖြစ်ပါတ
渋温泉
ရှိဘုရေပူစမ်းမှာ ဒေသခံတွေက နေ့ စဉ်အသုံးပြုတဲ့ အပြင်ရေချိုးခန်း ( စုပေါင်းဘုံရေပူစမ်း ) က ကိုးခုရှိပြီး တည်းခိုသူတွေလည်း လွတ်လပ်စွာသွားလာနေပါတယ်။ အသီးသီး ရေပူအရင်းအမြစ် ၊ အကျိုးသက်ရောက်မှုကွဲပြားတဲ့ ရေပူကို ဆုတောင်းမေတ္တာပို့ သတဲ့ ပုဝါမှာ တံဆိပ်ရိုက်နှိပ်ရင်း လည်ပတ်ကြည့်ကြမယ်။ ၉ ခုရှိတဲ့ အပြင်ရေချိုးခန်းလည်ပတ်ခြင်းကို လွတ်လပ်စွာ သွားလာတာက ဒေသခံတွေနဲ့ တည်းခိုသူတွေ ဖြစ်တယ်။ အေးအေးဆေးဆေး တည်းခိုပြီး ရှိဘုရေပူစမ်းရဲ့ ဆွဲဆောင်မှုမှာ စောင့်ဆိုင်းကြည့်ရှုကြည့်ပါ။

ဒီဇင်ဘာလမှာ သွားစေချင်တဲ့ ရှုခင်းနေရာ ၇ ခုကို ပြောပြခဲ့တာပါ။ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်လကို အကောင်းဆုံးရှုခင်းတွေဖြင့် စွမ်းအားတွေ ပြန်ပြည့်ပြီး ကျန်းမာပျော်ရွင်စွာ နောက်နွေဦးကို ကြိုဆိုနိုင်ဖို့ အတွက်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၅~၆လပိုင်းအတွင်းအကြံပြုချက်