တိုကျို အာခိရုနိုမြို့မှာရှိတဲ့ ( မိုနဲရေကန် ) လိုမျိုး စိမ့်ရေကန် ၂ ခု

တိုကျို အာခိရုနိုမြို့မှာရှိတဲ့ ( မိုနဲရေကန် ) လိုမျိုး စိမ့်ရေကန် ၂ ခု
ပုံမှန်အတိုင်း ရှုခင်းတွေ ရှာဖွေနေတာက အလုပ်ဖြစ်တဲ့ စာရေးသူက ဒီတစ်ကြိမ် ( အမှန်တကယ်က လျှို့ ဝှက်ထားချင်တဲ့ တိုကျိုရဲ့ ပုန်းကွယ်နေတဲ့ ရှုခင်းနေရာ ) ကို အားလုံးအတွက် မိတ်ဆက်ပေးပါမယ်။ မိတ်ဆက်ပေးမယ့်နေရာက တိုကျို အာခိရုနိုမြို့မှာ ရှိတဲ့ ( နိဂူးဘုရားကျောင်း ) နဲ့ ( ယာခုမိုဘုရားကျောင်း ) ဖြစ်တယ်။ JR အိစွတ်ခအိချိလိုင်း ( ဟိဂရှိအာဂရုဘူတာ ) မှ လမ်းလျှောက်ရင် ရောက်နိုင်တဲ့နေရာမှာ ရှိပြီး ဒီဘုရားကျောင်း ၂ ခုမှာ ဂိဖုခရိုင်က ( မိုနဲရေကန် ) ကို သတိရစေတဲ့ လှပတဲ့ ရေကန်နဲ့ ငါးကြင်းတွေကို မြင်တွေ့ နိုင်တဲ့ နေရာရှိတယ်။ ဟိဂရှိအာဂဂရုဘူတာထိ ရှင်းဂျူးခုမှ ရထားဖြင့် ၁ နာရီကြာလောက်ဖြင့် စီးသွားနိုင်တာကြောင့် ပိတ်ရက်မှာ မရည်ရွယ်ဘဲ သွားလည်ရင်တောင် အကောင်းဆုံးလျှို့ ဝှက်နေရာဖြစ်တယ်။

လှပတဲ့ စိမ့်ရေတွေပြည့်နေတဲ့ ( နီဂူးဘုရားကျောင်း ရေကန် )

二宮神社
အရင်ဆုံး ပထမတစ်ခုကို မိတ်ဆက်ပေးမှာက ဟိဂရှိအာဂရုဘူတာမှ မိနစ်အနည်းငယ်လမ်းလျှောက်ရတဲ့နေရာမှာ ရှိတဲ့ နီဂူးဘုရားကျောင်းဖြစ်တယ်။ ကြည့်လိုက်ရင် ပုံမှန်ဘုရားကျောင်းလို့ ထင်ရပေမယ့် ဒီဘုရားကျောင်းထဲမှာ အကြံပေးချင်တဲ့ လျှို့ ဝှက်ရှုခင်းနေရာရှိပါတယ်။
二宮神社
နီဂူးဘုရားကျောင်းရဲ့ ဘုရားဖူးလမ်းရဲ့ ကျောက်လှေကားထစ်တွေကို ဆင်းပြီး လမ်းရဲ့ မျက်နှာချင်းဆိုင်ဘက်ကို ဖြတ်သွားလိုက်ရင် ရည်ရွယ်ထားတဲ့ လျှို့ ဝှက်နေရာ ( တိုကျိုရဲ့ နာမည်ကြီး စိမ့်ရေ ၅၇ ခုလက်ရွေးစင် ) မှာ ရွေးချယ်ခံထားရတဲ့ ( နီဂူးဘုရားကျောင်း ရေကန် ) ရှိပါတယ်။
二宮神社
ရေပမာဏပေါများတာကြောင့် ( မခမ်းခြောက်နိုင်တဲ့ရေကန် ) လို့ ခေါ်ကြပြီး နီဂူးဘုရားကျောင်းရဲ့ ရေကန်ဖြစ်တယ်။ ဒီနေရာက စိမ့်ရေက ၊ ယာမာတိုဘုစွန်းက နေရောင်ကျတဲ့အတွက် သောက်ရေအခက်အခဲဖြစ်ပြီး ရေနတ်ဘုရားဖြစ်တဲ့ ခိုခုစွတ်နဲရိစွတ်တာခရှိကို ကိုးကွယ်ထားတဲ့အချိန်မှာ စိမ့်ထွက်လာတဲ့ရေတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ စာရေးသူ မေးမြန်းစုံစမ်းကြည့်တဲ့နေ့ က စိတ်မကောင်းစွာနဲ့ ရာသီဥတုက တိမ်ထူခဲ့ပြီး တိမ်ထူတဲ့ရာသီဥတုဖြစ်ပေမယ့် မြင်တဲ့အတိုင်း လှပပါတယ်။ ရေကန်ရဲ့ ရေကြည်လင်မှုက ဓါတ်ပုံမှတဆင့် တွေ့ မြင်နိုင်တယ်မဟုတ်လား ?
二宮神社
သာယာတဲ့နေ့ ဖြစ်မယ်ဆိုရင် ကြော့ရှင်းလှပစွာ ကူးခတ်နေကြတဲ့ ငါးကြင်းတွေကို ပိုပြီး လှလှပပမြင်ရမှာ မဟုတ်လား။ အမှတ်မထင် ဒီတစ်ကြိမ် စုံစမ်းတာက စမတ်ဖုန်းဖြင့် ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပေမယ့် အဲဒီဟာလဲ ဒီလောက်တောင် ရှင်းရှင်းလင်းလင်းရိုက်နိုင်လောက်တဲ့ ရေရဲ့ ကြည်လင်မှုက မြင့်မားပါတယ်။
【နေရာ】 တိုကျိုတို ၊ အာခိရုနိုမြို့၊ နီဂူး ၁၁၈၉
【လမ်းကြောင်း 】JR အိစွတ်ခအိချိလိုင်း ( ဟိဂရှိအာခိရု ) ဘူတာမှ ၅ မိနစ် လမ်းလျှောက်

လူနေဧရိယာမှာ တိတ်တဆိတ်ရှိနေတဲ့ ( ယာခုမိုဘုရားကျောင်း ) ရဲ့ ယူးစုအိရေကန်

八雲神社
ဒုတိယမြောက် မိတ်ဆက်ပေးမယ့်နေရာက နီဂူးဘုရားကျောင်းရဲ့ ရေကန်မှ ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့ လူနေဧရိယာထဲမှာ တိတ်တဆိတ်ရှိနေတဲ့ ယာခုမိုဘုရားကျောင်းဖြစ်တယ်။ ( ဒီလို နေရာမှာ တကယ့်ကို ရှုခင်းနေရာရှိနေတာလား ? ) လို့ မယုံသင်္ကာဖြစ်လောက်တဲ့ တကယ့်ကို ပုံမှန်လူနေဧရိယာထဲမှာ ရှိတာကြောင့် အမြန်လမ်းလျှောက်သွားရင် အမှတ်မထင် လမ်းကျော်သွားနိင်ပါတယ်။
八雲神社
八雲神社
ယာခုမိုဘုရားကျောင်းရဲ့ကျောင်းဝင်းတွင်းဝင်ပြီး ချက်ချင်း ညာဘက်ခြမ်းမှာ ရည်ရွယ်ထားတဲ့ ယူးစုအိရေကန်ရှိပါတယ်။ နီဂူးဘုရားကျောင်းရဲ့ ရေကန်နဲ့ အတူ ဒီရေကန်လည်း ( တိုကျို နာမည်ကြီး စိမ့်ရေ ၅၇ ခု လက်ရွေးစင် ) မှာ ရွေးချယ်ခံထားရပါတယ်။
八雲神社
နီဂူးဘုရားကျောင်းရဲ့ ရေကန်နဲ့ ယှဉ်ရင် ဒီရေကန်က နည်းနည်းသေးပေမယ့် ရေကန်တစ်ကန်လုံးကို ကြည့်ရှုရလွယ်ကူပြီး ကူးခတ်နေတဲ့ ငါးကြင်းတွေလည်း ရှာတွေ့ ဖို့ လွယ်တာကြောင့် ( မိုနဲရေကန် ) လိုမျိုး ဓါတ်ပုံရိုက်ချင်ရင် ဒီရေကန်ကို အကြံပေးပါတယ်။ ဘယ်သူမှ မရှိတဲ့ ဘုရားကျောင်းဝင်းတွင်းမှာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ လှပတဲ့ရေကန်နဲ့ ကူးခတ်နေတဲ့ ငါးကြင်းတွေကို ကြည့်မယ်ဆိုရင် အချိန်တွေကိုတောင် မေ့သွားနိုင်ပါတယ်။ ယာခုမိုဘုရားကျောင်းရဲ့ ယူးစုအိရေကန်အနီးမှာ ဆာကူရာပင်ကြီး စိုက်ပျိုးထားပြီး နွေဦးရောက်ရင် ရေကန်ကို ဖုံးအုပ်နေအောင် ပွင့်နေတဲ့ ဆာကူရာကို မြင်တွေ့ နိုင်တာကြောင့် ဆာကူရာပန်း ရာသီမှာ လာကြည့်ဖို့ တိုက်တွန်းပါတယ်။
【နေရာ 】ကျိုတိုဖု၊ အာခိရုနိုမြို့၊ နိုဘဲ ၃၁၆
【 လမ်းကြောင်】JR အီစွတ်ခအိချိလိုင်း ( ဟာဂရှိအာခိရု ) ဘူတာမြောက်ဘက်ပေါက်မှ လမ်းလျှောက် ၅ မိနစ်

ဒီတစ်ကြိမ်မိတ်ဆက်ပေးချင်တဲ့ နေရာ ၂ ခုက ပိတ်ရက်မှာတောင် လူတွေ လုံးဝ မရှိတဲ့ လူသိနည်းတဲ့နေရာဖြစ်တယ်။ ဂိဖုခရိုင်ရဲ့ ( မိုနဲ ရေကန် ) လည်း လွန်ခဲ့သော နှစ်များစွာထိ ဒေသခံအနည်းငယ်လောက်သာလွဲရင် မသိကြတဲ့ နေရာဖြစ်ပေမယ့် SNS မှ တဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ နာမည်ကြီးကျော်ကြားတဲ့ လူများကြိုက်နှစ်သက်ကြသော ခရီးသွားနေရာဖြစ်လာခဲ့တယ်။ ဒီနေရာ ၂ ခုလည်း နောက်နှစ်များစွာကျရင် အကယ်၍ မိုနဲရေကန်လိုမျိုး ကျော်ကြားတဲ့နေရာဖြစ်လာပြီး လူတွေ စည်ကားလာနိုင်ပါတယ်။ လူတွေ လုံးဝ မရှိသေးတဲ့ ယခုအချိန်တွင်းမှာ သွားရောက်ကြည့်ရှိထားတာက ပိုကောင်းနိုင်ပါတယ်နော် !

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၅~၆လပိုင်းအတွင်းအကြံပြုချက်