နှစ်ကုန်မှာ ကျိုတိုကို သွားမယ်ဆိုရင် ? ဒေသခံတွေအကြံပေးကြတဲ့ ပျော်ရွင်ခံစားနိုင်မယ့်နည်းလမ်း ၃ ခု

နှစ်ကုန်မှာ ကျိုတိုကို သွားမယ်ဆိုရင် ? ဒေသခံတွေအကြံပေးကြတဲ့ ပျော်ရွင်ခံစားနိုင်မယ့်နည်းလမ်း ၃ ခု
မိုမိဂျိတွေလည်း နောက်ဆုံးချိန် ရောက်ရှိပြီး ခရီးသွားဧည့်သည်တွေက အရင်ထက် လျှော့နည်းလာတဲ့ ဒီဇင်ဘာလရဲ့ ကျိုတိုဖြစ်တယ်။ ဒီကာလက မြို့တော်ဟောင်းရဲ့ ခမ်းနားတဲ့နှစ်သစ်ချိန်ခါ သွင်ပြင်နှင့် စွဲမက်ဖွယ်ကောင်းတဲ့ ခရစ္စမတ်ပွဲတော် မီးထွန်းအလှဆင်ခြင်းကို တစ်ချိန်တည်းမှာ ခံစားပျော်ရွင်နိုင်တဲ့ အမှန်တကယ် အရမ်းကို လူသိနည်းတဲ့ ရာသီချိန်လေးဖြစ်တယ်။
ဒီတစ်ကြိမ်က ကျိုတိုမှာ နေထိုင်တဲ့ စာရေးသူက အကြံပြုလိုက်တဲ့ ဆာကူရာရော မိုမိဂျိရော မရှိတဲ့ နှစ်ကူးကျိုတိုရဲ့ ပျော်ရွင်ခံစားနိုင်မယ့်နည်းလမ်း ၃ခုကို မိတ်ဆက်ပေးပါမယ်။

၁ ။ ( ခိတနိုတန်းမန်းဂူးဘုရားကျောင်း ) မှာ နှစ်သစ် ကံကောင်းခြင်းလက်ဆောင် ကံကောင်းခြင်းဆီးသီးကို ရယူမယ်။

北野天満宮
တရုတ်ဆီးသီးကို အရမ်းကြိုက်နှစ်သက်တဲ့ စုဂဝါရနို မိချိဇာနဲခိုးကို ကိုးကွယ်တဲ့ ခိတနိုတန်းမန်းဂူးဘုရာကျောင်းက ကျိုတိုရဲ့ တရုတ်ဆီးသီးနာမည်ကြီးနေရာဖြစ်တယ်
နွေဦးမှာက ဆာကူရာထက်အရင် ခြေတစ်လှမ်းဦးတဲ့ နွေဦးကို ရှာဖွေဖို့ အတွက် များစွာသော လူတွေက ကျောင်းဝင်းတွင်း လာရောက်ကြတယ်။ အဲဒီ တရုတ်ဆီးသီးကို ဘုန်းကြီး၊ ယောဂီနဲ့ ဘုရားကျောင်းဝန်ထမ်းတွေက အားလုံးကို စုစည်းပြီး အခြောက်လှမ်းပြီး နှစ်ဝက်လောက်ဖြင့် နှစ်ကူး ကံကောင်းခြင်းလက်ဆောင် ( ကံကောင်းခြင်းဆီးသီး ) ကို အထမြောက်အောင်မြင်သွားပါတယ်။
北野天満宮
ဒီ ကံကောင်းခြင်းဆီးသီးက နှစ်သစ်မှာ ရေနွေး သို့ မဟုတ် လက်ဖက်ရည်မှာ ထည့်သောက်ကြပါတယ်။ ဟဲအိအန်းခေတ်နောက်ပိုင်း စတင်ခဲ့တဲ့ အလေ့အထဖြစ်ပြီး အဲဒီခေတ်က ဧကရာဇ်က ရောဂါဖြင့် လဲနေတဲ့အချိန် တရုတ်ဆီးသီးပါတဲ့ လက်ဖက်ရည်ကို သောက်ပြီးနောက် ချက်ချင်း ပြန်လည်ကောင်းမွန်လာတာကြောင့် နှစ်သစ်မှာ ဒီလက်ဖက်ရည်ကို သောက်သုံးလာခဲ့တာဖြစ်တယ်။
စ်သစ်ကို စတင်ဖို့ က တစ်နှစ်လုံး ရောဂါကင်းရှင်းခြင်းနဲ့ ကံကောင်းခြင်းကို ဆုတောင်းပြီး ခိတနိုတန်းမန်းဂူးဘုရားကျောင်းရဲ့「ကံကောင်းခြင်းဆီးသီး」ပါဝင်တဲ့ လက်ဖက်ရည်ဖြင့် စတင်လိုက်ကြမလား ? ဆီးသီးရောင်းချချိန်က ဒီဇင်ဘာလ ၁၃ ရက် ၈း၃၀ မှ ဒီဇင်ဘာလ ၂၅ ရက်ထိဖြစ်ပြီး ကုန်သွားတာနဲ့ ချက်ချင်း ရပ်နားပါမယ်။
【နေရာ 】 ကျိုတိုမြို့၊ ဂျောခရောအပိုင်း ဘာခုရိုချော ၊ ခိတနိုတန်းမန်းဂူးဘုရားကျောင်း ရုံးခန်း
【လမ်းကြောင်း 】 JR ကျိုတိုဘူတာ မှ ဘတ်စ်ကား ( ၅၀ . ၁၀၁ စနစ် ) ၃၀ မိနစ် ၊ ခိတနိုတန်းမန်းဂူးဘုရားကျောင်းရှေ့  ဆင်းပြီး ရောက်ပြီး
【ဘုရားဖူးချိန် 】၅း၃၀ မှ ၁၇း၃၀
【ဝင်ကြေး 】အခမဲ့
【ဝက်ဆိုဒ် 】http://www.kitanotenmangu.or.jp/

၂ ။ နှစ်ကုန် သင်္ကေတ ( ရှီမအိတန်းဂျင်း ) ( ရှီမအိဂူးဟိုး ) ရဲ့ ဘုရားကျောင်းပွဲတော် ၂ ခု ကို ပျော်ရွင်ကြည့်ရှုမယ်။

終い天神
အစောက မိတ်ဆက်ပေးခဲ့တဲ့ ခိတနိုတန်းမန်းဂူးဘုရားကျောင်း၊ စုဂဝါရနို မိချိဇာနဲခိုးရဲ့ မွေးနေ့ နဲ့ သေဆုံးရက် က နှစ်ကျောင်းလုံးမှာ ၂၅ ရက်ဖြစ်တာကြောင့် လစဉ် ၂၅ ရက်နေ့ မှာ ဘုရားကျောင်းပွဲတော်ကို ကျင်းပပါတယ်။ ဒီဇင်ဘာလ ၂၅ ရက် က ( ရှီမအိတန်းဂျင်း ) လို့ ခေါ်ပြီး တစ်နှစ်လုံးကာကွယ်စောင့်ရှောက်ပေးမှုအတွက် သိုက်သိုက်မြိုက်မြိုက်ကျင်းပပါတယ်။ ဘုရားကျောင်းလမ်းမှာ ဈေးဆိုင်တန်းတွေ များစွာရှိပြီး တန်ဆာဆင်မှုတွေ စတဲ့ နှစ်သစ်ကူး ပစ္စည်းတွေကို ရောင်းချတဲ့ ဆိုင်တွေ အများကြီး ! အချိန်ကာလက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ၅း၃၀ မှ ၂၁း၀၀ လောက်ကို စီစဉ်သတ်မှတ်ထားပါတယ်။
終い天神
( ရှီမအိတန်းဂျင်း : ခိတနိုတန်းမန်းဂူးဘုရာကျောင်း )
【နေရာ 】ကျိုတိုမြို့၊ ဂျော ဂျောခရောအပိုင်း ဘာခုရိုချော ၊ ခိတနိုတန်းမန်းဂူးဘုရားကျောင်း ရုံးခန်း
【လမ်းကြောင်း 】JR ကျိုတိုဘူတာ မှ ဘတ်စ်ကား ( ၅၀ . ၁၀၁ စနစ် ) ၃၀ မိနစ် ၊ ခိတနိုတန်းမန်းဂူးဘုရားကျောင်းရှေ့  ဆင်းပြီး ရောက်ပြီး
【ဝက်ဆိုဒ် 】http://www.kitanotenmangu.or.jp/
ပြီးတော့ နောက်ထပ် ဘုရားကျောင်းပွဲတော် တစ်ရက်က ဒီဇင်ဘာလ ၂၁ရက်နေ့ တိုးဂျိဘုရားကျောင်းရဲ့ ( ရှီမအိခိုးဘိုး ) ဖြစ်တယ်။ နှစ်သစ်ကူးပစ္စည်းတွေက ပြောစရာမလိုအောင်များပြားပြီး ရှေးဟောင်းပစ္စည်းနဲ့ ရှေးအဝတ်တွေထိ ဆိုင်ပေါင်း ၁၀၀၀ လောက် တန်းစီရှိနေပြီး မထင်မှတ်ဘဲ ပစ္စည်းကောင်းတွေလည်း ရှာတွေ့ နိုင်ပါတယ်။
終い弘法
ကျိုတိုမှာသာလျှင် နှစ်သစ်ကူး ခံစားချက်ကို မြည်းစမ်းနိုင်ဖို့ အတွက် ဆက်ဆက် လှမ်းလာခဲ့ပါနော်။
( ရှီမအိခိုးဘိုး : တိုးဂျိဘုရားကျောင်း )
【အချိန်ကာလ 】၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် ၈း၀၀ မှ ၁၆း၀၀


၃ ။ ဒီနေရာက အမှန်တကယ် ကျိုတို ? အနုပညာမြောက် မီးထွန်းအလှဆင်ခြင်းတွေ လွှမ်းခြုံထားသလိုပါဘဲ။


ロームイルミネーション

ကျိုတိုနဲ့ မီးထွန်းအလှဆင်ခြင်း။ အဲဒီလောက်ထိ ဆက်စပ်မှုမရှိပေမယ့် မိုမိဂျိ မီးထွန်းအလှဆင်ခြင်းကို မရှုံးနိုင်လောက်တဲ့ လှပတဲ့ ရှုခင်းကို ကြည့်ရှုနိုင်ပါတယ်။ အကြံပေးချင်တဲ့ မီးထွန်းအလှဆင်ခြင်းက ၂ ခု ရှိတယ်။ ပထမ တစ်ခုက ရိုးမုရုံးချုပ် အနီးနားမှာ ကျင်းပတဲ့ ( ရိုးမု မီးထွန်းအလှဆင်ခြင်း ၂၀၁၇ ) ဖြစ်ပါတယ်။ အမှတ်အသားသစ်ပင်ဖြစ်နေတဲ့ လုံးဝိုင်းတဲ့ ယာမမိုမိုသစ်ပင်က ခရစ်စတယ်ရောင်စုံမီးလင်းနေတာ အရမ်းချစ်စရာကောင်းပါတယ်။ အဲဒီအပြင် ဆက်သွားရင် မဲတာဆဲခိုအိအာသစ်ပင်တန်းရဲ့ အလင်းရောင်ဥမင် ! ၈ သိန်း ၆ သောင်းရှိတဲ့ မီးသီးတွေကို အသုံးပြုထားတယ်လို့ ပြောပါတယ်။

【နေရာ 】ကျိုတိုဖု ကျိုတိုမြို့ ၊ ယူးခရောအပိုင်း၊ ဆိုင်းအင်းမီဇိုးစခိချော ၂၁
【လမ်းကြောင်း 】 JR ကျိုတိုဘူတာမှ အိချိဘတ်စ်ကား ( ဆိုင်းအိုးဂျိဟာနယချော ) ဘတ်စ်ကားမှတ်တိုင်ဆင်း ၅ မိနစ် လမ်းလျှောက်
【ဖွင့်ချိန်】၂၀၁၇ ၁၁ လပိုင်း ၂၄ ရက်မှ ၂၀၁၇ ၁၂ လပိုင်း ၂၅ ရက်နေ့အထိ
【မီးထွန်းချိန် 】၁၆း၄၅ မှ ၂၂း၀၀ ( စနေ ၊တနင်္ဂနွေလည်း မီးထွန်းမယ့်အစီအစဉ် )
【ဝင်ကြေး 】အခမဲ့
【ဝက်ဆိုဒ် 】http://www.rohm.co.jp/web/japan/illumination


京都府立植物園

နောက်ထပ်တစ်ခု အကြံပြုချင်တာက ( ကျိုတို အစိုးရပိုင်ရုက္ခဗေဒဥယျာဉ် ) ရဲ့ မီးထွန်းအလှဆင်ပွဲ ! ပန်းခြံတွင်းက သစ်ပင်တွေနဲ့ ပန်းလမ်းနဲ့ မှန်လုံအိမ်တွေက အလင်းရောင်ဖြင့် ချယ်မှုန်းထားက အရမ်းကို ဆန်းပြားပြီး စိတ်ကူးယဉ်ဆန်နေပါတယ်။ တိတ်ဆိတ်တဲ့ အမှောင်ထဲမှာ ပေါ်နေတဲ့ အမြင့် ၂၀ မီတာရှိတဲ့ တိုးခအဲဒဲသစ်ပင်က ပန်းချီကမ္ဘာထဲ မျက်စိလည်ရောက်သွားသလို အံ့သြဆန်းကြယ်တဲ့ ပုံရိပ်တွေကို မြင်ယောင်မိပါတယ်။
မြို့ဟောင်းရဲ့ ရိုးရာဆိုင်ရာ နှစ်ကုန်ရဲ့ သင်္ကေတဆိုတဲ့ အနုပညာမြောက် မီးထွန်းအလှဆင်ခြင်းဖြစ်ပြီး နေ့ တစ်နေ့ ကို ကုန်ဆုံးကြည့်ကြရအောင်နော်။

【နေရာ 】 ကျိုတိုဖု ကျိုတိုမြို့ ၊ ယူးခရောအပိုင်း၊ ရှိမိုဂမိုဟန်းဂိချော
【လမ်းကြောင်း 】မြေအောက်ရထား ခါရဆာဝလိုင်း ( ခိတယာမ ) ဆင်း ၊ ၁၀ မိနစ် လမ်းလျှောက်
【ကျင်းပချိန် 】၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်
【မီးထွန်းချိန် 】၁၇း၃၀ မှ ၂၀း၀၀ ( ဝင်ချိန် ၁၉း၃၀ ထိ )
【 ဝင်ကြေး】 လူကြီး ၂၀၀ ယန်း၊ အထက်တန်းကျောင်းသား ၁၅၀ ယန်း ၊ အလယ်တန်းကျောင်းသားနှင့်အောက် အခမဲ့
【ဝက်ဆိုဒ်】http://www.pref.kyoto.jp/plant/

အထက်ဖော်ပြပါ နှစ်ကုန် ကျိုတိုရဲ့ ပျော်ရွင်ခံစားနိုင်မယ့်နည်းလမ်း ၃ ခုကို ပြောပြခဲ့ပါတယ်။ အမြဲတမ်းနှင့် ကွဲပြားတဲ့ ကျိုတိုမြို့ကို ဆက်ဆက် လာရောက်ကြည့်ပါနော်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

フォトコンテスト結果発表

ဒီလအတွင်းလူကြိုက်များဒေသများ

၁၁~၁၂လပိုင်းအတွင်းအကြံပြုချက်