နှစ်သစ်မှာ အရင်ဆုံးလာရောက်ဖူးမျှော်ခြင်းမဟုတ်ပါဘူး။ နှစ်သစ်ရဲ့ ကျိုတိုမှာ ပျော်ရွင်ခံစားချင်တဲ့ ၃ ခု

နှစ်သစ်မှာ အရင်ဆုံးလာရောက်ဖူးမျှော်ခြင်းမဟုတ်ပါဘူး။ နှစ်သစ်ရဲ့ ကျိုတိုမှာ ပျော်ရွင်ခံစားချင်တဲ့ ၃ ခု
ကျိုတိုရဲ့ နှစ်သစ်လို့ ပြောမယ်ဆိုရင် နှစ်ကူး ၃ ရက်မှာ လူပေါင်း ၂၇ သိန်းလောက် လာရောက်လည်ပတ်ကြတယ်လို့ ပြောနိုင်တဲ့ ဖူရှီမိအီနားရိဘုရားကျောင်းနဲ့  ( ပုရစ်လာရောက်ခြင်း ) ဖြင့် နာမည်ကြီးတဲ့ ယာဆာစဘုရားကျောင်းကို မြင်ယောင်လာတဲ့သူတွေ များမယ်မဟုတ်လား ?
အဲဒီလို အရင်ဆုံးလာရောက်လည်ပတ်ခြင်းဖြင့် စည်းကားနေတဲ့ထဲမှာ တစ်ဖက်မှာလည်း အမျိုးမျိုးသော ခမ်းနားကြီးကျယ်တဲ့ အခမ်းအနားတွေ ကျင်းပနေတာဖြစ်တယ်။ ဒီတစ်ကြိမ်က ကျိုတိုနေထိုင်သူ စာရေးသူက နှစ်သစ်ကူးကျိုတိုမှာ ပျော်ရွင်ခံစားချင်တဲ့ ရိုးရာအခမ်းအနားနဲ့ နှစ်သစ်မှာသာ မြည်းစမ်းနိုင်မယ့် ၃ ခုကို မိတ်ဆက်ပေးပါမယ်။

၁ ။ ရှိမိုဂမိုဘုရားကျောင်းမှာ ဟဲအိအန်းခေတ် အကြီးအကဲတွေရဲ့ ခမ်းနားတဲ့ အားကစား ( ဘောလုံးဟာဂျိမဲ ) ကို ကြည့်ရှုခြင်း

下鴨神社
၁ ။ ရှိမိုဂမိုဘုရားကျောင်းမှာ ဟဲအိအန်းခေတ် အကြီးအကဲတွေရဲ့ ခမ်းနားတဲ့ အားကစား ( ဘောလုံးဟာဂျိမဲ ) ကို ကြည့်ရှုခြင်းbr>ပြီတော့ အဲဒီ ရှေးခေတ်ဘောလုံးကစားခြင်းရဲ့ နတ်ဘုရားကို ပူဇော်တဲ့ ရှင်းဟာရုအခမ်းအနား (ဘောလုံးဟာဂျိမဲ ) ကို ဇန်နဝါရီလ ၄ ရက်နေ့ မှာ ရှိမိုဂမိုဘုရားကျောင်းမှာ ကျင်းပပါတယ်။
ဘယ်သူဖြစ်ဖြစ် အခမဲ့ ကြည့်ရှုနိုင်ပေမယ့် အခကြေးပေးရတဲ့ ထိုင်ခုံ ( ၂၀၀၀ ယန်း)လည်း ပြင်ဆင်ထားပါတယ်။
အရမ်းကို လူရှုပ်တာကြောင့် အစခင် ၁ - ၂ နာရီလောက်မတိုင်ခင်မှာ သွားတာက ကောင်းပါတယ်။ ကျင်းပမယ့်ရက်က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ၁၃း၃၀ မှ စတင်ပါမယ်။

၂ ။ ခြောက်ထောင့်ပုံကျောင်းဆောင် ( စတင်ရှင်သန်ခြင်းအခမ်းအနား ) မှာ စိတ်နဲ့ ကိုယ်ကို မြဲမြံစွာ ချည်နှောင်ထားပါ။

六角堂
စီးပွားရေးမြို့မှာတည်ရှိတဲ့ ခြောက်ထောင့်ပုံကျောင်းဆောင်ဖြစ်တဲ့ ချောဟိုးဘုရားကျောင်းဖြစ်တယ်။ ရှောတိုခုမင်းသားကြောင့်ဆောက်လုပ်ခဲ့ပြီး ခါတိုးခါမိုတိုအိခဲဘုန်းကြီးက ဘုန်းကြီးဘဝကို ကျင့်ဆောင်ခဲ့တဲ့ ခြောက်ထောင့်ပုံကျောင်းဆောင်မှာ ဇန်နဝါရီလ ၅ ရက်နေ့  မနက်၊ ဂျပန်တစ်နိုင်ငံလုံးက ညီနောင်များ စုစည်းပြီး ( စတင်ရှင်သန်ခြင်းအခမ်းအနား ) ကို ကျင်းပပါတယ်
ကီမိုနိုလက်ရှည်နဲ့ ရိုးရာစကပ်ရှည်ဖြင့် ညီနောင်များက ပန်းစည်းကို ကိုင်ဆောင်ပြီး ခြောက်ထောင့်ပုံကျောင်းဆောင်မှာ ဖူးမျော်ပူဇော်ကြပြီး တရားလေ့ကျင့်ရေးခန်းမကို မျက်နှာမူထားတဲ့ အခြေအနေက နှစ်သစ်ရဲ့ သင်္ကေတဖြစ်တယ်။ ယခုနှစ်ရဲ့ အားထုတ်ကြိုးပမ်းမှုကို သစ္စာပြုတဲ့ ပုံသဏ္ဍာန်ကို ကြည့်နေမယ်ဆိုရင် စိတ်ရော ကိုယ်ပါ ပေါင်းစည်းထားပါတယ်။ သင်ရော ဘယ်လိုနှစ်သစ်ရဲ့ သစ္စာကို ဆောက်တည်ချင်ပါလဲ ?
六角堂
ခြောက်ထောင့်ကျောင်းဆောင်က ကျန်းမာအသက်ရှည်၊ မီးဖွားလွယ်ခြင်း၊ သားသမီးရတနာ စတဲ့ ကျန်းမာရေးရှုထောင့်မှာ အကျိုးကျေးဇူးရရှိတဲ့ ဘုရားကျောင်းအဖြစ် သိထားကြပါတယ်။ ပျော်ရွှင်ခြင်းရဲ့ သင်္ကေတဖြစ်တဲ့ ခိုငှက်ကို အထူးပြုထားတဲ့ ခိုနတ် နဲ့ ကျောင်းဝင်းတွင်းမှာ သက်တမ်းရှိ ဂျင်ဂိုပင်ကို အသုံးပြုထားတဲ့ အဆောင်လက်ဖွဲ့ တွေလည်း လက်ဆောင်အဖြစ် လူကြိုက်များပါတယ်။
ငန်းတွေ ရေကူးနေတဲ့ ရေကန်လည်းရှိပြီး တကယ့်ကို စီးပွားရေးမြို့ကို ကုစားပေးနေတဲ့ နေရာလို့ ပြောရင်လည်း အပိုပြောတာမဟုတ်ပါဘူး။
【နေရာ 】ကျိုတိုမြို့၊ နာဂါခရောအပိုင်း၊ ရော့ခိုခုဒိုးရိတိုးခါဝဂျိ ဆိုင်းအီရိဆောင် ခိုအဲဇမ်းချော
【ဖူးမျှော်ချိန် 】၆း၀၀ မှ ၁၇း၀၀
【ဖူးမျှော်ခ 】အခမဲ့ ( ကျောင်းဝင်းတွင်းလွတ်လပ်စွာသွားနိုင်သည် )
【လမ်းကြောင်း 】တိုကျိုအစိုးရမြေအောက်ရထား ( ခါရစုမအိုးအိခဲ ) ဘူတာ နံပါတ်၅ ဝင်ထွက်ပေါက် မှ ၃ မိနစ် လမ်းလျှောက်
【ဝက်ဆိုဒ်】http://www.ikenobo.jp/rokkakudo/

ခြောက်ထောင့်ပုံကျောင်းဆောင် မြင်နိုင်တဲ့ရှုခင်း စတားဘတ်သို့  !

京都烏丸六角店
ဒါနဲ့ ခြောက်ထောင့်ပုံကျောင်းဆောင်ဘေးမှာ စတားဘတ်ကော်ဖီဆိုင်ရှိတယ်။
အရှေ့ ဝင်ပေါက်မှဆိုရင် မသိတာကြောင့် အားလုံးက ကျော်သွားပေမယ့် အတွင်းနံရံက မှန်ကာထားပြီး ခြောက်ထောင့်ပုံကျောင်းဆောင်ကို လှမ်းကြည့်နိုင်ပါတယ်။
အရှေ့ ဝင်ပေါက်မှဆိုရင် မသိတာကြောင့် အားလုံးက ကျော်သွားပေမယ့် အတွင်းနံရံက မှန်ကာထားပြီး ခြောက်ထောင့်ပုံကျောင်းဆောင်ကို လှမ်းကြည့်နိုင်ပါတယ်။
【နေရာ 】ကျိုတိုမြို့၊ နာဂါခရောအပိုင်း၊ ရော့ခိုခုဒိုးရိတိုးခါဝဂျိ ဆိုင်းအီရိဆောင် ခိုအဲဇမ်းချော ၂၅၄
【အလုပ်ချိန် 】တနင်္လာမှ သောကြာ ၇း၀၀ မှ ၂၂း၀၀ ၊ စနေ ၊တနင်္ဂနွေ၊ ပွဲတော်ရက် ၈း၀၀ မှ ၂၂း၀၀
【လမ်းကြောင်း 】တိုကျိုအစိုးရမြေအောက်ရထား ( ခါရစုမအိုးအိခဲ ) ဘူတာ နံပါတ်၅ ဝင်ထွက်ပေါက် မှ ၃ မိနစ် လမ်းလျှောက်
【ဝက်ဆိုဒ် 】https://www.starbucks.co.jp/store/search/detail.php?id=880

၃ ။ နှစ်သစ်ကူး အကန့် အသတ် ခါဝါဘာတဒိုးခိရဲ့ ( ပန်းပွင့်ဖတ်ဆန်မုန့် ) ကို စားမယ်။

花びら餅
နောက်ဆုံး တစ်ခု။ နှစ်သစ်ကူးရဲ့ ကျိုတိုကို လာတာကြောင့် အဖြူပဲပုပ်ကို အသုံးပြုထားတဲ့ နှစ်သစ်ကူး အကန့် အသတ်ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ ရိုးရာအချိုမုန့် ( ပန်းပွင့်ဖတ်ဆန်မုန့်  ) ကို စားကြည့်ပါ။
မူရိုမချိခေတ်မှ နန်းတော်ရဲ့ နှစ်သစ်ကူးဟင်းလျာအဖြစ်စားသုံးခဲ့တဲ့ ရိုးရာအချိုမုန့် ဖြစ်ပြီး ယခုချိန်မှာ နှစ်သစ်ကူးမှာ တစ်နိုင်ငံလုံး စားသုံးနိုင်ကြပါတယ်။ ဒါပေမယ့် အခွင့်အရေးရရင် မူလလက်ရာ (ခါဝါဘာတဒိုးခ ) ရဲ့ ( ပန်းပွင့်ဖတ်ဆန်မုန့်  )ကို ဆက်ဆက် စားကြည့်ချင်တယ် !
အတွင်းမှာ ပြားထားတဲ့ အဖြူရောင်ပဲပုတ်နှစ်ကို ထည့်ထားပြီး အခြားမှာအရသာ မမြည်းစမ်းနိုင်တဲ့ ထူးခြားတဲ့ အရသာဖြစ်တယ်။
【နေရာ 】ကျိုတိုဖု ၊ ကျိုတိုမြို့၊ စခရောအပိုင်း၊ ရှိမိုဂမိုမီနာမီနိုဂဂျင်းချော ၂ - ၁၂
【အလုပ်ချိန် 】၉း၃၀ မှ ၁၇း၃၀
【ဖူးမျှော်ချိန် 】၆း၀၀ မှ ၁၇း၀၀
【ပိတ်ရက် 】ဗုဒ္ဓဟူးေ
【လမ်းကြောင်း 】ကျိုတို အစိုးရပိုင် ခါရစုမလိုင်း ခိတယာမဘူတာ ၂မိနစ် လမ်းလျှောက်

ဒီတစ်ကြိမ်က နှစ်သစ်ရဲ့ ကျိုတိုရဲ့ အခမ်းအနားတွေနဲ့ စားစရာတွေကို မိတ်ဆက်ပေးခဲ့တာပါ။ အခြားမှာလည်း များစွာသော အခမ်းအနားတွေ ကျင်းပတာကြောင့် ဆက်ဆက် ရှာကြည့်ပါနော်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၉~၁၀လပိုင်းအတွင်းအကြံပြုချက်