အိချိဂါဝမြို့မှာ ဒီလိုရှုခင်းမျိုးက ! ခရီးစဉ်ရဲ့ နောက်ဆုံးချိန်မှာ အကြံပေးချင်တဲ့ နေရာ ၃ ခု

အိချိဂါဝမြို့မှာ ဒီလိုရှုခင်းမျိုးက  ! ခရီးစဉ်ရဲ့ နောက်ဆုံးချိန်မှာ အကြံပေးချင်တဲ့ နေရာ ၃ ခု
တိုကျိုမှာ ခရီးစဉ်နောက်ဆုံးချိန် ၊ အချိန် လုံလုံလောက်လောက်ရှိတဲ့နောက် သင်ဘာလုပ်မလဲ ? ဈေးဝယ်ထွက်မှာလား ? ဒါမှမဟုတ် အစားလျှောက်စားမှာလား? ဘယ်ဟာဖြစ်ဖြစ် အဆင်ပြေပေမယ့် ဒေသခံတွေ အကြံပေးတဲ့ ပုန်းကွယ်နေတဲ့ ဓါတ်ပုံရိုက်ကောင်းတဲ့နေရာကို သွားမယ်ဆို ဘယ်လိုလဲ ?
ဒီတစ်ကြိမ် စာရေးသူအကြံပေးချင်တာက ရှိဘခရိုင် အိချိဂါဝမြို့ဖြစ်တယ်။ နာရီတာ . ဟာနဲတသို့ ၁ နာရီလောက် ၊ တိုကျိုဘူတာမှ ၂၀ မိနစ်နှင့် ခရီးစဉ်နောက်ဆုံးချိန်မှာ အမှတ်မထင် လည်ပတ်နိုင်ဖို့ က အကောင်းဆုံးတည်နေရာဖြစ်တယ်။ အဲဒီလိုမျိုး ရှုခင်း ၃ ခုကို မိတ်ဆက်ပေးပါမယ်။

၁ ။ ဖူဂျီတောင်ရော ကောင်းကင်တာဝါရော လှမ်းမြင်နိုင်တယ် ! အဲဒိုမြစ်ဝှမ်းလွင်ပြင်

江戸川河川敷
အရင်ဆုံးအကြံပေးချင်တာက အဆင့်တစ် မြစ်ဖြစ်တဲ့ အဲဒိုမြစ်ဝှမ်းလွင်ပြင်မှ ရှုခင်း။ သာယာတဲ့နေ့ ဖြစ်ရင် ကောင်းကင်တာဝါနဲ့ တိုကျိုတာဝါ စတဲ့ တိုကျို အမှတ်အသားဖြစ်တဲ့ ခရီးသွားနေရာတွေကို လှမ်းမြင်ရပါတယ်။ ကံကောင်းရင် ဖူဂျီတောင်ကို မြင်တွေ့ နိုင်ကောင်းမြင်တွေ့ နိုင်ပါတယ်။ ဒီနေရာမှာ အစောကထိ ကြီးမားတဲ့ မြို့ကြီးကို မီးတစ်ပွင့်မှာ မထည့်ထားကြည့်ချင်ဘူးလား ။
江戸川河川敷
ပြီတော့ ဒီနေရာ မြစ်ဝှမ်းလွင်ပြင်က နွေရာသီတိုင်း သြဂုတ်လရဲ့ ပထမကြိမ် စနေနေ့ မှာ နာမည်ကြီးတဲ့ အဲဒိုမြစ် မီးပန်းပွဲတော်လည်း ကျင်းပပြီး အဲဒိုမြစ်မှာနေထိုင်ကြတဲ့ လူတွေအတွက်က နားစရာနေရာဖြစ်နေပါတယ်။
【နေရာ 】ရှိဘခရိုင်၊ အိချိဂါဝမြို့ အိချိဂါဝမိနာမီ ၎
【လမ်းကြောင်း 】အိချိဂါဝဘူတာမှ တောင်ဘက်ပေါက် မှ ၁၅ မိနစ် လမ်းလျှောက်

၂ ။ ဘူတာတိုက်ရိုက်လမ်းကြောင်း ! မြေပြင်အထက် ၁၅၀ မီတာ ၃၆၀ ဒီဂရီမှာ ပျော်ရွှင်ခံစားနိုင်မယ့် အခမဲ့မျှော်စင်

無料展望台
အိချိဂါဝါဘူတာ တောင်ဘက်ပေါက်မှာ တိုက်ရိုက်ဆက်သွယ်ထားတဲ့ ( I- link တာဝါအိချိဂါဝါ ၊ အနောက်တာဝါအဆင့်မြင့်အိမ်ယာ ) ဖြစ်တယ်။ အဲဒီက ၄၅ ထပ်မှာ မြေပြင်အထက် ၁၅၀ မီတာ ၊ ၃၆၀ ဒီဂရီ တစ်ပတ်လည်မြင်ကွင်းမှ ခမ်းနားထည်ဝါတဲ့ ရှုခင်းကို ခံစားနိုင်တဲ့ မျော်စင်အဆောက်အဦးဖြစ်တယ်။ ရာသီဥတုသာယာတဲ့နေ့ မှာ ဘိုးစိုးကျွန်းဆွယ်၊ မီအူရကျွန်းဆွယ်တွေထိ လှမ်းမြင်နိုင်ပါတယ်
။ ကောင်းကင်တာဝါနဲ့ ဖူဂျီတောင်တွေက မြင်နိုင်မှာ သေချာပြီး မြို့ပြအဆောက်အဦးအစုလိုက်ကို အသေးစားပုံစံတူအဖြစ် တွေ့ မြင်နိုင်တာကြောင့် ပုံစံတူကမ္ဘာကြီးကို ကြည့်ရှုနေရသလို ဆန်းပြားတဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။
။ ကောင်းကင်တာဝါနဲ့ ဖူဂျီတောင်တွေက မြင်နိုင်မှာ သေချာပြီး မြို့ပြအဆောက်အဦးအစုလိုက်ကို အသေးစားပုံစံတူအဖြစ် တွေ့ မြင်နိုင်တာကြောင့် ပုံစံတူကမ္ဘာကြီးကို ကြည့်ရှုနေရသလို ဆန်းပြားတဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။
【နေရာ 】ချိဘခရိုင်၊ အိချိဂါဝမြို့၊ အိချိဂါဝမိနမိ ၁ - ၁၀ -၁ အနောက်တာဝါ ၄၅ ထပ်
【အလုပ်ချိန် 】၉း၀၀ မှ ၂၂း၀၀ ( ရှုခင်းကြည့်နေရာက ၂၁း၀၀ ထိ )
【ပိတ်ရက် 】လစဉ် ပထမကြိမ် တနင်္လာနေ့  ( ပွဲတော်ဖြစ်တဲ့အခါ နောက်ကြားရက် ) နှင့် နှစ်ကုန် ( ဒီဇင်ဘာလ ၂၉ ရက် မှ ဇန်နဝါရီလ ၃ ရက် )
【ဝင်ကြေး 】 အခမဲ့
【လမ်းကြောင်း 】 JR အိချိဂါဝဘူတာ တောင်ဘက်ပေါက် တိုက်ရိုက်လမ်း
【ဝက်ဆိုဒ် 】http://www.city.ichikawa.lg.jp/eco04/1111000055.html

၃ ။ ရှုခင်းကြည့်ရုံဖြင့် မကျေနပ်ဘူးလား ? ဒါဆိုရင် မာမာတောင် ဂူဟိုးဘုရားကျောင်းဆီသို့ 

真間山弘法寺
နိချိရန်းဗုဒ္ဓဘာသာစာသင်ကျောင်းရဲ့ ပင်မကျောင်းဖြစ်တဲ့ မာမာတောင် ဂူဟိုးဘုရားကျောင်းက သဲ့ခိုန ဆိုတဲ့ လှပတဲ့မိန်းမပျိုလေးရဲ့ ဒဏ္ဍာရီတွေ ပြောဆိုဆင်းသက်လာတဲ့ မြေမှာ တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းဖြစ်တယ်။ သဲ့ခိုနရဲ့ ပုံပြင်က ရှေးအကျဆုံးကဗျာပေါင်းချုပ်ဖြစ်တဲ့ မန်းယောရှူးမှာတောင် ဖွဲ့ ဆိုထားပြီး ယခုထိ လူအများကို ညှို့ ယူဖမ်းစားထားပါတယ်။ အဲဒီလို ဂူဟိုးဘုရားကျောင်းမှာ စာရေးသူ အာရုံရောက်ခဲ့တာက အရှေ့ လှေကားမှာ ရှိတဲ့ ( မျက်ရည်ကျောက်တုံး ) ဖြစ်တယ်။ ဘာကြောင့်များ အမြဲတမ်း စိုစွတ်နေတာလဲဆိုတဲ့ ထူးဆန်းတဲ့ ဒီကျောက်တုံးမှာလည်း သဲ့ခိုနလိုမျိုး ဆိုရိုးစကားတွေ ရှိမယ်ထင်တယ်။ ဆက်ဆက် အဲဒီနေရာလည်း အမှန်တကယ်နေရာမှာ သေချာသွားကြည့်ပါနော်။
真間山弘法寺
အဲဒီလိုမျိုး ဂူဟိုးဘုရားကျောင်းကို သွားစေချင်တဲ့ ရာသီက နွေဦးဖြစ်တယ်။ ကျောင်းဝင်းတွင်းမှာ ရှိတဲ့ သက်တမ်း နှစ် ၄၀၀ ကျော်တယ်လို့ ပြောကြတဲ့ ကိုင်းညွှတ်ကျနေတဲ့ ဆာကူရာ ( ဖူဆဲဟီမဲဆာကူရာ ) နှင့်အတူ အပင်ပေါင်း ၂၀၀ ကျော်ရှိတဲ့ ဆာကူရာတွေ ပွင့်လန်းနေပါတယ်။ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ အံ့မခန်းလှပတဲ့ ဆာကူရာရှုခင်းကို ဓါတ်ပုံအမိအရရိုက်ယူကြမယ်နော်။
【နေရာ 】ချိဘခရိုင် ၊ အိချိဂါဝမြို့၊ မာမာ ၄ - ၉ - ၁
【ဝင်ကြေး 】အခမဲ့
【လမ်းကြောင်း 】 JR အိချိဂါဝဘူတာမှ ၁၅ မိနစ် လမ်းလျှောက်
【ဝက်ဆိုဒ် 】http://mamasan.or.jp/howto.html
မြို့ပြအဆောက်အဦးအစုလိုက်မှာ လမ်းလွဲနေမယ်ဆိုရင် အနည်းငယ်မွန်းကြပ်လာပေမယ့် ယခုထိနေထိုင်လာတဲ့ မြို့ကို အနည်းငယ်အဝေးမှ ကြည့်နိုင်မယ်ဆိုရင် နောက်ထပ်ကွဲပြားတဲ့ စိတ်လှုပ်ရှားမှုတွေရှိကောင်းရှိနိုင်ပါတယ်။ အထူးသဖြင့် ညဝင်ဆည်းဆာ တိမ်တောက်တဲ့ မျက်လှည့်ချိန်ခါရဲ့ မြို့ကြီးက အရမ်းကို ကြည့်မြင်ရတာတန်ဖိုးရှိပါတယ်။ ခရီးစဉ်ပြီးဆုံးပြီးနောက် ကြည်နူးစရာကောင်းတဲ့ အမှတ်တရတွေ ကျန်ရှိပါစေနော်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၉~၁၀လပိုင်းအတွင်းအကြံပြုချက်