နှင်းတွေကျရင် လည်ပတ်ချင်တယ် ! ဆောင်းဦးရဲ့ ကမာကူရ ရှုခင်း ၄ ခု လက်ရွေးစင်

နှင်းတွေကျရင် လည်ပတ်ချင်တယ် ! ဆောင်းဦးရဲ့ ကမာကူရ ရှုခင်း ၄ ခု လက်ရွေးစင်
မြို့တွင်းမှာ စိတ်လက်ပေါ့ပါးစွာ သွားနိုင်တဲ့ ရှုခင်းဒေသဖြစ်တဲ့ ကမာကူရဖြစ်တယ်။ ပူနွေးတဲ့ ရာသီဥတုရှိတဲ့ အရမ်းကြီးနှင်းမကျနိုင်တဲ့ နေရာဖြစ်ပေမယ့် နှင်းကျတဲ့နေ့ က အမြဲတမ်းလို စည်းကားနေတာတွေ ငြိမ်သက်ပြီး တိတ်ဆိတ်အေးဆေးစွာ လမ်းလျှောက်နိုင်ပါတယ်။
ချော်မလဲနိုင်တဲ့ လည်ရှည်ဘွတ်ဖိနပ်ကို စီးပြီး ခြေလှမ်းတွေကို ဂရုပြုပြီး နှင်းကျတဲ့နေ့ ရဲ့ ကမာကူရကို လျှောက်လှမ်းကြမလား ?

ဒီတစ်ကြိမ်က အဲဒီလို ကမာကူရရဲ့ ရှုခင်း ၄ ခုကို ပြောပြပေးပါမယ်။

၁ ။ မြောက်ပိုင်း ကမာကူရ အန်းခခုဘုရားကျောင်း

円覚寺
အရှေ့ မျက်နှာစာမှာ ပင်လယ်၊ အနောက်ဘက်ကို လှည့်ကြည့်မယ်ဆိုရင် တောင်တွေ ဝန်းရံထားတဲ့ ကမာကူရက အဲဒီရှုပ်ထွေးတဲ့ မြေပြင်အနေအထားနှင့်သင့်တော်တဲ့ တိုက်ခိုက်ရခက်ခဲတဲ့ ခေတ်လယ်ပိုင်းမှာ ဟိုးဂျောအူဂျိ ဆိုတဲ့ ဆာမူရိုင်းရဲ့ မျိုးနွယ်တစ်စုကြောင့် ကမာကူရအစိုးရအုပ်ချုပ်မှုကို ဖွင့်လှစ်ခဲ့ပါတယ်။
円覚寺
အန်းခခုဘုရားကျောင်းရဲ့ ထူးခြားချက်က ကမာကူရခေတ်မှာ ကျယ်ပြန့် လာတာကို မြင်နိုင်တဲ့ ဇမ်းဗုဒ္ဓဘာသာရဲ့ လွမ်းမိုးမှုကို ကောင်းကောင်း ဖော်ပြနိုင်ခဲ့တဲ့ တန်ဆာမဆင်နိုင်တဲ့ အလှနှင့် ခမ်းနားသပ္ပါယ်မှုကို တွဲဖက်ပြင်ဆင်ထားတဲ့ ကျောင်းဝင်းဖြစ်တယ်။ တိတ်ဆိတ်စွာ ကျဆင်းစုပုံနေတဲ့ နှင်းက ဘုရားကျောင်းရဲ့ သွင်ပြင်ကို သိသာထင်ရှားစေပါတယ်။
လေးရာသီပတ်လုံး လှပတဲ့ အန်းခခုဘုရားကျောင်းဖြစ်တယ်။ နိုဝင်ဘာလကုန်မှာ ကံကောင်းရင် ဒီလိုလှပတဲ့ နှင်းနဲ့ မိုမိဂျိရဲ့ ပေါင်းစည်းမှုလည်း မြင်တွေ့ နိုင်ပါတယ်။

၂ ။ စွတ်ရုအိုခ ဟာဂျီမန်းဂူးဘုရားကျောင်း

鶴岡八幡宮
ခူရဟာဂျီမန်းဂူးဘုရားကျောင်း ၊ ဟာဂျီမန်းစမ စတဲ့ နာမည်နှင့် ရင်းနှီးကြပြီး တကယ့်ကို ကမာကူရရဲ့ အဓိကလိုဖြစ်နေတဲ့ ဒီဘုရားကျောင်းက ခေတ်လယ်ပိုင်းမှ ကမာကူရ ဆာမူရိုင်းရဲ့ အစောင့်အရှောက်နတ်ဘုရားအဖြစ် လေးစားကြည်ညိုခြင်းကို ရရှိခဲ့ပါတယ်။
အမှန်က စွတ်ရုဂအိုခ ဟာဂျီမန်းဂူးဘုရားကျောင်းက မီးဘေးဒဏ်ကြောင့် တစ်ကြိမ်လောင်ကျွမ်းခဲ့တာကို သိကြပါသလား ? ယခုက ကျွန်တော်တို့ တွေ မြင်တွေ့ နေရတာက ပြန်လည်တည်ထောင်ပေးခဲ့တဲ့ မီနမိုတိုနို ယောရိတိုမို စစ်သေနာပတိရဲ့ အကျိုးကျေးဇူးကြောင့်ဖြစ်တယ်
鶴岡八幡宮

ပြီးတော့ သူက ပြန်လည်တည်ထောင်မှုကို ဆောင်ရွက်ပြီးနောက် ပြုလုပ်ခဲ့တဲ့ ( နတ်ဘုရားပင့်ဆောင်ခြင်းအခမ်အနား ) ဖြစ်ပြီး လက်ရှိခေတ်မှာလည်း ကျင်းပနေတဲ့ အခမ်းအနားက ( တည်ထားကိုးကွယ်မှုအထိမ်းအမှတ်ပွဲတော် ) ဖြစ်တယ်။ အမှောင်ထဲ၊ မီးပုံစင်မှာ ပုံရိပ်ပြန်နေပြီး နတ်ကချေသည်ရဲ့ ဖြေးညင်းစွာ ကပြဖြေဖျော်မှုက အရမ်းလှပြီး တနေရာရာက ရင်နင့်နေတဲ့ ခံစားမှုကို ခံစားရပါတယ်။
ဒီနေရာက ဘုရားကျောင်းလမ်းနဲ့  အဲဒီမှာ တွဲဆက်နေတဲ့ အိုးမြို့လမ်းလေးမှာ လမ်းလျှောက်သွားပြီး စားသောက်နိုင်တဲ့ ဆိုင်လေးတွေလည်း အပြည့်ပါဘဲ။ ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ နူးညံ့ကြွပ်ရွနေတဲ့ ခိုရိုချိအကြော်မုန့် နဲ့ လမ်းလျှောက်ရင်း အေးခဲလာတဲ့ ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ ပဲနီဟင်းချို၊ အရက်ချိုဖြင့် စိတ်ရော ကိုယ်ပါ နွေးထွေးသွားစေပါတယ်

၃ ။ နိချိရန်းဗုဒ္ဓဘာသာ မျောဟွန်းဘုရားကျောင်း


妙本寺

မျောဟွန်းဘုရားကျောင်းက ကမာကူရဘူတာရဲ့ အရှေ့ ဘက်ပေါက်မှ လမ်းလျှောက်သွားရင် ၈ မိနစ်ဖြင့်ရောက်တဲ့ သွားလာရကောင်းမွန်တဲ့ ဘုရားကျောင်းဖြစ်တယ်။ အထူးသဖြင့် လေးရာသီတိုင်း မြင်တွေ့ နိုင်တဲ့ သွင်ပြင်တွေက ဆွဲဆောင်မှုရှိပြီး နွေဦးက ဆာကူရာနှင့် ခိုင်းဒိုးပန်း၊ နွေ အစ မှာ ပိုးစုန်းကြူး၊ ဆောင်းဦးမှာ မိုမိဂျိတွေနှင့် ဂျပန်ရိုးရာရဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားကြည့်ရှုနိုင်ပါတယ်။
အဲဒီလိုမျိုး ရှုခင်းတွေထဲမှာ ဆောင်းရာသီမှာ ရောက်လာတဲ့ နှင်းတွေက နောက်ထပ် ထူးခြားမှုတစ်ခုပါ။ အေးချမ်းတိတ်ဆိတ်ဝန်းကျင်ထဲမှာ နှင်းတွေ တန်ဆာဆင်ထားတဲ့ လမ်းကို လျှောက်လှမ်းရတဲ့ စည်းစိမ်က ဒီရာသီမှလွဲရင် မမြည်းစမ်းနိုင်ပါဘူး။ အေးခဲနေတဲ့ လေထုထဲမှာ ဘုရားဖူးသွားနိုင်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ရင်ဆိုင်နိုင်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။

【နေရာ 】ခါနာဂါဝါခရိုင် ၊ ကမာကူရမြို့၊ အိုးမချိ ၁ - ၁၅ - ၁
【အလုပ်ချိန် 】 ၉း၀၀ မှ ၁၇း၀၀
【ဝင်ကြေး 】အခမဲ့
【ဝက်ဆိုဒ် 】http://www.myohonji.or.jp/

၎ ။ ကမာကူရဘူရားကြီး ခိုးတိုခုဘုရားကျောင်း


鎌倉大仏殿 高徳院

ကမာကူရရဲ့ သင်္ကေတလို့ လည်း ပြောနိုင်တဲ့ ဘုရားကြီးရှိတဲ့ ခိုးတိုခုဘုရားကျောင်းဖြစ်တယ်။ နှင်းတွေဖြင့် တန်ဆာဆင်ထားတဲ့ ဒီပုံသဏ္ဍာန်က အမြဲတမ်းထက် ပိုပြီး ခမ်းနားထည်ဝါတဲ့ သွင်ပြင်ဖြစ်ပါတယ်။
ကမာကူရခေတ်ရဲ့ သမိုင်းမှတ်တမ်းဖြစ်တဲ့ ( အာကဇွတ်မခါခါမိ ) ၊ ၁၇၇၉ ခုနှစ်မှာ မှတ်တမ်းပြုစုထားတဲ့ ခရီးသွားလမ်းညွန်ဖြစ်တဲ့ ( စမ်းတိုးယူးရန်းခိုခိုရိုဇရှိ ) စတဲ့ အမျိုးမျိုးသော စာအုပ်တွေမှာ ဒီဘုရားကြီးက ရေသားဖော်ပြခြင်းခံထားရပါတယ်။ငလျှင်နဲ့ ဆူနာမီ စတဲ့ သဘာဝဘေးဒဏ်တွေကို ကြံကြံခံကျော်လွှားပြီး ဒီမြေကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ ဘုရားကြီးဖြစ်ပါတယ်။ ကမာကူရ လည်ပတ်ခြင်းခရီးစဉ် အဆုံးသတ်မှာ သွားရောက်လည်ပတ်ကြည့်ကြမလား။



နှင်းတန်ဆာဆင်ထားတဲ့ ကမာကူရက လုံးဝကို သွင်ပြင်ပြောင်းလဲသွားပြီး နောက်ထပ် မတူညီတဲ့ ခံစားပျော်ရွှင်မှုကို ပေးပါတယ်။ လူစည်ကားမှုတွေက တည်ငြိမ်အေးဆေးသွားပြီး ကံကောင်းရင် ဒီလှပတဲ့ ရှုခင်းကို တစ်ယောက်တည်း သိမ်းပိုက်နိုင်လောက်ပါတယ်။


ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၇~၈လပိုင်းအတွင်းအကြံပြုချက်