ဆောင်းတွင်းရဲ့ ဂီဖုသို့  ! ဆန်းပြားတဲ့ ရေခဲအနုပညာ ( ရေခဲရေတံခွန် ) ရှုခင်း ၄ ခု

ဆောင်းတွင်းရဲ့ ဂီဖုသို့  ! ဆန်းပြားတဲ့ ရေခဲအနုပညာ ( ရေခဲရေတံခွန် )  ရှုခင်း ၄ ခု
တာကာယာမနဲ့ ရှီရဂါဝမြို့ဖြင့် နာမည်ကြီးတဲ့ ဂီဖုခရိုင်ဖြစ်တယ်။ အထူးသဖြင့် ဆောင်းရာသီက ရေပူစမ်းနဲ့ နှင်းလျှောစီးခြင်းပြုလုပ်တဲ့ နည်းလမ်းတွေ အများကြီးလို့ ထင်ပေမယ့် အမှန်က ဆောင်းရာသီကလွဲပြီး မကြည့်နိုင်တဲ့ ( ရေခဲရေတံခွန် ) တွေက အများကြီးရှိတဲ့ ဧရိယာဖြစ်တယ်။
( ရေခဲရေတံခွန်) ဆိုတာက အပူချိန် ရေခဲအမှတ်အောက်ကျဆင်းတဲ့ ဒေသမှာ ကြည့်နိုင်တဲ့ ( ရေခဲနေတဲ့ ရေတံခွန် ) ဖြစ်တယ်။ ဂီဖုခရိုင်က အဲဒီလိုမျိုးရေခဲရေတံခွန်နဲ့ ရေခဲတိုင်တွေက ဆောင်းတွင်းရဲ့ ပြယုဂ်ဖြစ်နေတဲ့ ဧရိယာတွေက အများကြီးရှိပါတယ်။ ဧရိယာတစ်ခုစီမှာ ရေခဲပွဲတော်အခမ်းအနားတွေ ကျင်းပပါတယ်။

ဒီတစ်ကြိမ်က ဆန်းပြားလှပတဲ့ ရေခဲကမ္ဘာနှဲ့ မီးထွန်းပွဲတော်ကို ခံစားပျော်ရွှင်နိုင်မယ့် ရေခဲနေရာ ၄ ခုကို မိတ်ဆက်ပေးပါမယ်။

၁ ။ ရှင်းဟဲအိရေပူစမ်း တာရုမ ခနဲခိုအိုရိမီးထွန်းပွဲ

အမြင့် ၄၀ မီတာ ရှိတဲ့ ကျောက်ဆောင်ကြားမှာ စီးဆင်းနေတဲ့ အိုခုအိတရဲ့ နာမည်ကြီးရေ . တယရုမရေက စီးဆင်းနေတဲ့ ( တာရုမရေတံခွန် ) ဖြစ်တယ်။
ရှင်းဟဲအိရေပူစမ်းရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ် ဆောင်းရာသီမှာ (တာရုမ ခနဲခိုအိုရိမီးထွန်းပွဲ ) ကို ကျင်းပပါတယ်။
新平湯温泉
တာမရုရေတံခွန်ရဲ့ ရေခဲရေတံခွန်က ဒီလိုမျိုး ရေခဲတိုင်ခံတပ်ကြီးလိုမျိုး စွမ်းအင်တွေ ရှိပါတယ်။ ညအခါ မီးထွန်းအလှဆင်ထားတဲ့ ရှုခင်းက နေရာတိုင်းမှာ မှော်ပဉ္စလက်ဆန်တဲ့ ခံစားချက်ကို ခံစားစေပါတယ်။
ပြီးတော့ အထူး အခမ်းအနား ( တာရုမဒဏ္ဍာရီ ) ချိန်မှာ သစ်ပင်တွေမှာ ရေလောင်းပြီး အေးခဲစေတယ်ဆိုတဲ့ လုပ်ဆောင်မှုကို အကြိမ်ကြိမ်ပြုလုပ်ပေးတဲ့ ( ရေခဲ အော့ဂျက် အိုက်ဘား ) ကို ဖွင့်ထားပါတယ်။ အချိုရည်နဲ့ နွေးထွေးစေတဲ့ အစားအသောက်တွေကို သုံးဆောင်နိုင်ပါတယ်။ အထူးအခမ်းအနား (တာရုမဒဏ္ဍာရီ ) က ၂၀၁၈ ခုနှဏ် ဇန်နဝါရီလ ၂၆ ရက် မှ ၂၈ ရက် ၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၄ရက်နေ့ ၊ စက်တင်ဘာလ မှ နိုဝင်ဘာလ ( ၂၀း၀၀ မှ ၂၁း၃၀ ) ကျင်းပပါမယ်။
新平湯温泉
ဒေသတွင်းက တာရုမခန်းမတွင်းမှာ အရောင်းဝယ်ကောင်းမွန်ခြင်း၊ အိမ်တွင်းဘေးကင်းလုံခြုံခြင်း စတာတွေကို ဆုတောင်းပေးတဲ့ ( အဲမမြို့ ) ရဲ့ ရောင်းချခြင်းနဲ့ ကံကောင်းခြင်းကို ဆုတောင်းတဲ့ ရှင်းဟဲအိရေပူစမ်းမှာသာရရှိတဲ့ ( ဂေါ်အန်းဆာစွတ် ) ရောင်းချခြင်းလည်း ပြုလုပ်ပါတယ်။
ဝယ်ယူခဲ့တဲ့ ( ဂေါ်အန်းဆာစွတ် ) က ကွင်းပြင်တွင်းမှာ ရှိတဲ့ ရှင်းဟဲအိရေပူရဲ့ စွမ်းအင်နေရာ ( မိုးဇုမို ကျောင်းဆောင်) နဲ့ တာရုမမင်းသမီးရုပ်ထုရှိတဲ့ စမ်းဘိုးဥမင်တွင်းမှာ တန်ဆာဆင်နိုင်တဲ့ အခမ်းအနားရဲ့ ပျော်စရာကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်
【နေရာ 】ဂီဖုခရိုင် တာကာယာမမြို့ ၊ အိုခုဟိဒရေပူစမ်းမြို့ ၊ ဟိတိုးအဲဂနဲ ( ရှင်းဟဲအိရေပူစမ်း )
【ကျင်းပမည့်နေရာ 】ရှင်းဟဲအိရေပူစမ်း ရှင်စူးအိပန်းခြံ ( တာရူမရေတံခွန် ဧရိယာ )
【ကျင်းပမည့်နေရက်】၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန် မှ ၂၀၁၈ ခုနှဏ် ဖေဖော်ဝါရီလ ကုန် ( ၁၇း၀၀ မှ ၂၁း၃၀ )
【ဝင်ကြေး 】အခမဲ့
【လမ်းကြောင်း】JR ( တယကာယာမဘူတာ ) မှ နိုးဟိဘတ်စ်ကား ရှင်းဟိုတာခသို့ ၇၅ မိနစ် စီးပြီး ( ရှင်းဟဲအိရေပူစမ်း ) ဆင်းပြီးနောက် ၅ မိနစ် လမ်းလျှောက်
【ဝက်ဆိုဒ်】http://shinhirayuonsen.com/lightup/

၂ ။ အာခိဂါမိရေပူစမ်း ရေခဲမှတ်အောက် သစ်တောမီးထွန်းပွဲ

秋神温泉
ဟိဒတာခတောင်မှ ဘတ်စ်ကားဖြင့် ၁ နာရီ စီးရပါတယ်။ အွန်းတာခဲတောင်ခြေရှိ အမြင့် ၁၀၂၆ မီတာ ရှိတဲ့ တောင်ပေါ်ရွာလေးမှာ ရှိတဲ့ ( ရေခဲမှတ်အောက်သစ်တော) ဖြစ်တယ်။
၎ စတုရန်းမီတာ ရှိတဲ့ ရေခဲသစ်တောကို ပြုလုပ်ထားပြီး ညအခါ မီးထွန်းပွဲတော်ကို အစပြုပြီး ပြဇာတ်နဲ့ ဈေးပွဲတော် စတဲ့ အမျိုးမျိုးသော ပွဲတွေ ကျင်းပပြီး နှစ်ပေါင်း ၃၀ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတဲ့ လူကြိုက်များတဲ့ အခမ်းအနားဖြစ်တယ်။
秋神温泉
အထဲမှာ လူကြိုက်များတာက ( ရေခဲပွဲတော် ) မှာ ကျင်းပတဲ့ အေးခဲနေတဲ့ ဆပ်ပြာပူဖောင်းဖြစ်တယ်။ ရေခဲအမှတ်အောက် ၁၀ ဒီဂရီအောက်ရှိတဲ့ ပြင်းထန်တဲ့ အေးခဲမှုကို အသုံးပြုပြီး ပုံမှန်ဆိုရင် ကွဲသွားတဲ့ ဆပ်ပြာပူဖောင်းတွေကို အေးခဲထားတဲ့ ပုံသဏ္ဍာန်ကို မြင်တွေ့ နိုင်ပါတယ်။
လေထုထဲမှာ ချစ်စရာကောင်းစွာ ပျံသန်းနေတဲ့ ဆပ်ပြာပူဖောင်းနှင့် အနီ၊ လိမ္မော်၊ အပြာ၊ အစိမ်းရောင်ချယ်မှုန်းထားတဲ့ ရေခဲတွေ ယှက်သန်းနေတဲ့ ရှုခင်းက အိမ်မက်ကမ္ဘာလို မျိုး ဆန်းပြားလှပပါတယ်။ အထူးအခမ်းအနား( ရေခဲပွဲတော် ) က နှစ်စဉ် ဖေဖော်ဝါရီလ ဒုတိယပတ် စနေနေ့ ( ၁၆း၀၀ မှ ၂၁း၀၀ ) မှာ ကျင်းပပါမယ်။
秋神温泉
【နေရာ 】ဂီဖုခရိုင်၊တာကာယာမမြို့၊ အာစဟိချော ခူရုမိကျွန်း ၃၅၅
【ကျင်းပမည့်နေရာ 】အာခိဂါမိရေပူစမ်း ရေခဲမှတ်အောက်သစ်တော
【ကျင်းပမည့်နေရက် အချိန်】၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ရက် ( တနင်္လာနေ့ . ပွဲတော်ရက် ) မှ မတ်လ ၃၁ရက်နေ့ ( စနေနေ့ )
【ဝင်ကြေး 】အခမဲ့
【လမ်းကြောင်း 】JJR ( တာကာယာမဘူတာ ) မှ အာခိဂါမိရေပူစမ်းသို့  ဘတ်စ်ကားဖြင့် ၁ နာရီ ( အာခိဂါမိရေပူစမ်း ) ဆင်းပြီးနောက် လမ်းလျှောက်
【ဝက်ဆိုဒ် 】http://hyotenkanomori.com/

၃ ။ ဖူကုဂျိရေပူစမ်း အပြာရောင်ဒါရု မီးထွန်းပွဲ

အခမ်းအနားရဲ့ နာမည်လည်းဖြစ်တဲ့ ( အပြာရောင်ဒါရု ) ဆိုတာက ဖူကုဂျိရေပူစမ်းရဲ့ တောင်တွင်းမှာရှိတဲ့ ဖူကုဂျိနံရံမှ အရောင်ထွက်နေတဲ့ ရေတွေက အေးခဲပြီးနောက် အပြာရောင်ရေခဲတိုင်လိုမျိုးမြင်တွေ့ နိုင်တဲ့ ပုံရိပ်တွေကို ပြောတာဖြစ်တယ်။ လက်တွေ့ ရှိတဲ့ အပြာရောင်ဒါရုက တောင်တွင်း နက်ရှိုင်းတဲ့ အတွင်းပိုင်းနေရာကလွဲပြီး မမြင်တွေ့ နိုင်တဲ့ သဘာဝပုံရိပ်တွေ ဖြစ်ပြီး ဖူကုဂျိရေပူစမ်းမှာ ရေပူစမ်းမြို့ရဲ့ သစ်ပင်တွေမှာ မှုတ်ထုတ်ထားခြင်းပြုလုပ်ပြီး အပြာရောင်ဒါရုကို ထပ်မံဖြစ်ပေါ်နေတာပါ။
 福地温泉
နေ့ ခင်းပိုင်းမှာ အပြာဖျော့ရောင် ရေခဲလိုက်ကာက နူးညံ့သိမ်မွေ့ မှုထဲမှာ သန်မာကြီးမားတဲ့ စွမ်းအင်ကို ခံစားနိုင်ပြီး ည မီးထွန်းပွဲတော်မှာ ဆန်းပြားတဲ့ ရှုခင်းအဖြစ်သို့ ပြောင်းလဲသွားပါတယ်။
ပြီးတော့ အပြာရောင်ဒါရုရဲ့ အနောက်ဘက်မှာ လမ်းလျှောက်လမ်းဖြစ်ပေါ်နေပြီး အနီးကပ် ရေခဲရဲ့ စွမ်းအင်ကို ခံစားနိင်တဲ့ ( ရေခဲလျှောက်လမ်း မီးထွန်းအလှဆင်ခြင်း ) နဲ့ ၊ ဇာတိမြေရိုးရာခြင်္သေ့အကကို ကပြတဲ့ ( ဟန်းဘဲတိုရိ ) စတဲ့ အခမ်းအနားလည်း ကျင်းပပါတယ်။ အထူးအခမ်းအနား ( အပြာရောင်ဒါရု ရေခဲလျှောက်လမ်း မီးထွန်းပွဲ ) က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ ၁၄ ရက် ( ၁၉း၃၀ မှ ၂၁း၀၀ ) ၊ အထူးအခမ်းအနား ( ဟန်းဘဲတိုရိ ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် မှ ၁၂ ရက်နေ့ ( ၂၀း၃၀ မှ `.. ) ကျင်းပပါမယ်။
【နေရာ 】ဂီဖုခရိုင် ၊ တာကာယာမမြို့၊ အိုခုဟိဒရေပူစမ်းမြို့ ၊ ဖူကုဂျိရေပူစမ်း
【ကျင်းပမည့်နေရာ】ဖူကုဂျိရေပူစမ်း ဖူကုဂျိရေပူစမ်း ဘတ်စ်ကားမှတ်တိုင်အနီး
【ကျင်းပမည့်နေရက် အချိန်】၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်မှ ၂၀၁၈ ခုနှစ် မတ်လကုန် ( ၁၇း၀၀ မှ ၂၂း၀၀ )
【ဝင်ကြေး 】အခမဲ့
【လမ်းကြောင်း 】JR တာကာယာမလိုက်း ( တာကာယာမဘူတာ ) မှ ( ရှင်းဟိုဒါကရေပူစမ်းသို့  ) ဘတ်စ်ကားဖြင့် ၁ နာရီ ၁၀ မိနစ်
【ဝက်ဆိုဒ် 】http://www.okuhida.or.jp/archives/3003

၎ ။ ဟီရယူးရေပူစမ်း ဟီရယူးရေတံခွန် ရေခဲပွဲတော်

 平湯温泉
ကျဆင်းမှုအမြင့် ၆၄ မီတာ ၊ အကျယ် ၅ မီတာ ရှိတဲ့ ဟီရယူးရေတံခွန်က ဟိဒ အကြီးဆုံး ရေတံခွန် ၃ ခု နှင့် ဂျပန်ရေတံခွန် ၁၀၀ မှာ ရွေးချယ်ခံထားရတဲ့ နာမည်ကြီးရေတံခွန်ဖြစ်တယ်။ အဲဒီခမ်းနားတဲ့ ရေတံခွန်စီးဆင်းမှုက အရမ်းအေးတဲ့အချိန်ရောက်လာရင် ကြီးမားတဲ့ ရေခဲတိုင်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။
မြင့်မားတဲ့ ကျောက်ဆောင်မှ မြေပြင်ကို ထိုးသွင်းနေသလိုမျိုး ရှည်လျှားတဲ့ ရေခဲတိုင်ဖြစ်တယ်။ စီးကျနေတဲ့ ရေရဲ့ စွမ်းအင်ကို ပိတ်လိုက်တဲ့ ပြင်းထန်စွာအေးချမ်းတဲ့ ရှုခင်းက အချိန်ကို ရပ်ထားပြီး တိတ်ဆိတ်တဲ့ နေရာကို မျက်စိလည်ရောက်သွားသလို ခံစားမှုနှင့် သဘာဝရဲ့ ပြင်းထန်မှု၊ လှပမှုတွေကို နောက်ထပ်မှတ်သားနိင်စေပါတယ်။
平湯温泉
မြင့်မားတဲ့ ကျောက်ဆောင်မှ မြေပြင်ကို ထိုးသွင်းနေသလိုမျိုး ရှည်လျှားတဲ့ ရေခဲတိုင်ဖြစ်တယ်။ စီးကျနေတဲ့ ရေရဲ့ စွမ်းအင်ကို ပိတ်လိုက်တဲ့ ပြင်းထန်စွာအေးချမ်းတဲ့ ရှုခင်းက အချိန်ကို ရပ်ထားပြီး တိတ်ဆိတ်တဲ့ နေရာကို မျက်စိလည်ရောက်သွားသလို ခံစားမှုနှင့် သဘာဝရဲ့ ပြင်းထန်မှု၊ လှပမှုတွေကို နောက်ထပ်မှတ်သားနိင်စေပါတယ်။
【နေရာ 】တာကာယာမမြို့၊ အိုခုဟိဒရေပူစမ်းမြို့၊ ဟီရယူး
【ကျင်းပမည့်နေရာ】ဟီရယူးရေပူစမ်း ( ဟီရယူးရေတံခွန် ) နှင့် ( ဟီရယူးရေပူစမ်းဒေသတွင်း )
【 ကျင်းပမည့်နေရက် အချိန်】၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ( မီးထွန်းပွဲက ၁၈း၀၀ မှ ၂၁း၀၀ )
【ဝင်ကြေး】အခမဲ့
【လမ်းကြောင်း】JR တာကာယာမဘူတာ မှ နိုးဟိဘတ်စ်ကား ရှင်းဟိုတာကသို့  ( ရေတံခွန်ဝင်ပေါက် . စခန်းချနေရာ ) ဆင်းပြီးနောက် ၁၅ မိနစ် လမ်းလျှောက်
【ဝက်ဆိုဒ် 】http://www.okuhida.or.jp/archives/3131
ရေခဲနဲ့ အလင်းရောင်တွေ ရောယှက်နေတဲ့ ဆောင်းရာသီ ရှုခင်းက လှပပြီး ဘယ်နေရာဖြစ်ဖြစ် မတည်မြဲတဲ့ ခံစားချက်ကို လက်ခံသိရှိရပါတယ်။ အဲဒီလို စိတ်ခံစားမှုဖြစ်လာရင် ဆောင်းရာသီကန့် သတ်ချက်ဆိုတဲ့ အဓိကပြောချင်တဲ့ အရာတွေ ရှိကောင်းရှိနိုင်ပါတယ်။
အအေးဒဏ်ကာကွယ်မှုတွေ သေချာလုပ်ပြီး ရေခဲကမ္ဘာထဲကို သွားကြရအောင်နော်။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၁၁~၁၂လပိုင်းအတွင်းအကြံပြုချက်