ချိုမြိန်တဲ့ရနံ့ တွေ မှာ ပွေ့ ပိုက်နိုင်တယ်။ မီအဲ ရဲ့ အကြီးဆုံး ၃ ခုဖြစ်တဲ့ ( တရုတ်ဆီးပင် ) ရှုခင်းကို သွားကြည့်ရအောင်

ချိုမြိန်တဲ့ရနံ့ တွေ မှာ ပွေ့ ပိုက်နိုင်တယ်။ မီအဲ ရဲ့ အကြီးဆုံး ၃ ခုဖြစ်တဲ့ ( တရုတ်ဆီးပင် ) ရှုခင်းကို သွားကြည့်ရအောင်
နှစ်စဉ် ၊နွေဦးမှာ ပန်းကြည့်မယ်လို့ ပြောရင် ဆာကူရာဆိုတဲ့ လူတွေက များမယ်လို့ ထင်ပေမယ့် ခြေတစ်လှမ်းဦးတဲ့ တရုတ်ဆီးပင်ကို ပန်းကြည့်မယ်ဆိုရင် ဘယ်လိုလဲ ။
အနီရောင်နဲ့ အဖြူရောင်၊ ပန်းရောင်တွေရှိတဲ့ ဝိုင်းလုံးတဲ့ပုံစံဖြစ်နေတဲ့ တရုတ်ဆီးပန်းတွေက ဆာကူရာပန်းတွေနှင့် ကွဲပြားပြီး ချိုမြိန်တဲ့ ရနံ့ ကို ထုတ်လွှတ်ပေးတာက ထူးခြားချက်ဖြစ်ပါတယ်။
ဒီတစ်ကြိမ် မိတ်ဆက်ပေးမယ့် မီအဲခရိုင်မှာ လူကြိုက်များတဲ့ တရုတ်ဆီးပင် ပန်းခြံနှစ်ခုနှင့် တရုတ်ဆီးပင်နာမည်ကြီးနေရာအဖြစ် သိကြတဲ့ ရာဇဝင်ရှိတဲ့ ဘုရားကျောင်းရှိပါတယ်။
ကြည်လင်တဲ့ ဆောင်းရာသီလေထုထဲမှာ တစ်ပြင်လုံး ပွင့်နေတဲ့ တရုတ်ဆီးပင်ရဲ့ ပန်းကို ခံစားနိုင်မယ့် မီအဲရဲ့ တရုတ်ဆီးပင်ပန်းခြံ ၃ ခုကို မိတ်ဆက်ပေးပါမယ်။

၁ ။ အီနာဘဲမြို့ စိုက်ပျိုးရေးဥယျာဉ်

いなべ市農業公園
မိအဲခရိုင်မြောက်ပိုင်း စူဇုခတောင်တန်းကို မြင်တွေ့ ရတဲ့ ကုန်းမြင့်မှာ ရှိတဲ့ အီနာဘဲမြို့စိုက်ပျိုးရေးဥယျာဉ်က တိုကျိုဒုန်ုးကို ၈ ပိုင်းခွဲထားတဲ့ မြေမှာ အမျိုးအစား ၁၀၀၀ ကျော် အပင်ပေါင်း ၄၀၀၀ ကျော်ရှိတဲ့ တရုတ်ဆီးပင်ကို တစ်မျက်နှာပြင်လုံးကျယ်ပြန့် တဲ့ တိုးခိုင်းဧရိယာ အဆင့်မြင့်ဆုံး ဥယျာဉ်ဖြစ်တယ်။ ( မသေခင် သွားချင်တယ် ! ကမ္ဘာ့ ရှုခင်း ~ ရှင်းဂျပန်ဟန်း ) မှာလည်း မိတ်ဆက်ပေးထားပြီး လူကြိုက်များပါတယ်။
いなべ市農業公園
နှင်းတွေ ကျန်ရှိနေသေးတဲ့ စူဇုခတောင်တန်းကို နောက်ခံရှုခင်းအဖြစ်ထားပြီး အဖြူရောင်၊ အနီရောင် ၊ ပန်းရောင်ရှိတဲ့ တရုတ်ဆီးပန်းတွေက ရောစပ်ချုပ်ထားသလိုမျိုး ပွင့်နေပြီး မျှော်စင်မှ ရှုခင်းက ဧဒင်ပန်းခြံလိုမျိုး ! ခဏလေးပုံရိပ်ထင်ရင်တောင် မမှားနိုင်တဲ့ ရှုခင်းဖြစ်တယ်။ သေချာတာပေါ့ အေးအေးဆေးဆေး တရုတ်ဆီးပန်းပင်တွေကြားမှာ လမ်းလျှောက်ကြည့်ဖို့ တိုက်တွန်းချင်တယ်။
いなべ市農業公園
ပန်းပွင့်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလလယ်မှ မတ်လလယ်မှာ ကျင်းပတဲ့ (တရုတ်ဆီးပန်းပင်ပွဲတော် ) မှာ တရုတ်ဆီးပန်း နဲ့ ဘလူးဘယ်ရီ၊ နှင်းဆီ ၊ သစ်သီးပျိုးပင် စတဲ့ ပျိုးပင်တွေကို ရောင်းချပါတယ်။
【နေရာ 】မီအဲခရိုင်၊ အီနဘဲမြို့၊ ဖူဂျီဝါရချော ခါနအဲ ၃၀၇၁
【ဖွင်ချိန်】၉း၀၀ မှ ၁၆း၀၀
【ဝင်ကြေး 】လူကြီး ( အလယ်တန်းကျောင်းသားနှင့် အထက် ) ၅၀၀ ယန်း၊ မူလတန်းကျောင်းသားနှင့် အောက် ) အခမဲ
【ပိတ်ရက် 】ပိတ်ရက်မရှိ ※ပန်းခြံဂေါက်ကွင်း ၊ စိုက်ပျိုးရေး စားသောက်ဆိုင် ဗုဒ္ဓဟူးနေ့ ပိတ်သည်။
【 တရုတ်ဆီးပင်ပွဲတော် ကျင်းပချိန်】မသတ်မှတ်ရသေး ※ HP တွင် အတည်ပြုပါ။
【လမ်းကြောင်း 】မီအဲခရိုင် ရထားလမ်း ဟိုခုဆဲအိလိုင်း . အာဂဲခိဘူတာမှ အငှားကားဖြင့် ၂၀ မိနစ် ။ မဲအိရှင်းကားလမ်း( ဆဲခိဂဟာရ IC ) မှ ၃၀ မိနစ်
【ဝက်ဆိုဒ် 】http://www.inabe-nougyoukouen.com/

၂ ။ စူဇုခသစ်တောဥယျာဉ်

鈴鹿の森公園
စူဇုခသစ်တောဥယျာဉ်က ၂၀၁၄ ခုနှစ်မှာ စူဇုခတောင်တန်းရဲ့ တောင်ခြေမှာ ဖွင့်လှစ်ခါစ တရုတ်ဆီးပင် ပန်းခြံဖြစ်တယ်။ ( ပျိုးထောင်တဲ့ နည်းပညာ ) ဆိုတဲ့ ဂျပန်ရိုးရာပန်းခြံအနုပညာယဉ်ကျေးမှုကို လက်ဆင့်ကမ်းဖို့ အတွက် တည်ဆောက်ခဲ့တဲ့ သုတေသနစိုက်ပျိုးမှုစိုက်ပျိုးခင်းဖြစ်တယ်။
鈴鹿の森公園
အလွှာများစွာပွင့်တဲ့အမျိုးအစားဖြစ်တဲ့ ခူလဲဟာရှိဒလဲ ကို အဓိကထားပြီး ၁၀ ခုနှစ်ထိ ဂျပန်တစ်နိုင်ငံလုံးမှ စုစည်းထားတဲ့ အပင်ပေါင်း ၂၀၀ ကျော်ရှိတဲ့ ရှိဒလဲတရုတ်ဆီးပင်ကို မြင်တွေ့ နိုင်ပါတယ်။
နာမည်ကြီးလို့ ခေါ်နိုင်တဲ့ လက်မှုပညာရှင်က ပျိုးထောင်ပေးခဲ့တဲ့ ခမ်းနားထည်ဝါတဲ့ ရှိဒလဲတရုတ်ဆီးပင်က အံ့မခန်းပါဘဲ
ဝေးလံတဲ့ ခရူးရှူးကျွန်းမှ သယ်ဆောင်လာတဲ့ သက်တမ်း နှစ် ၁၀၀ ကျော်ရှိတဲ့ ဂျပန်ရှေးကျဆုံးလို့ ပြောနိုင်တဲ့ တရုတ်ဆီးပင်ဟောင်း ( ကောင်းကင်နဂါး ) နဲ့ ( မြေပြင်နဂါး ) စတဲ့ သစ်ပင်ကြီးတွေ တန်းစီရှိနေတဲ့ အနေအထားက စူဇုခသစ်တောဥယျာဉ်မှလွဲပြီး မတွေ့ နိုင်တဲ့ ရှုခင်းဖြစ်ပါတယ်။
鈴鹿の森公園
ကြည့်ချိန်က မတ်လအစမှ အလယ်ဖြစ်တယ်။ ပန်းပွင့်ချိန်တွင်းမှာ မီးထွန်းအလှဆင်ခြင်းတွေ ပြုလုပ်ပြီး ပိုပြီးဆန်းပြားလှပတဲ့ ကမ္ဘာလေးကို လက်တွေ့ သွားလာနိုင်ပါတယ်။
【နေရာ 】မီအဲခရိုင် ၊ စူဇုခမြို့ ရာမမိုတိုချော ၁၅၁ - ၂
【ကျင်းပချိန် 】၂၁၀၈ ခုနှစ် ဖေဖော်ဝါရီလလယ်မှ မတ်လကုန်
【 ကျင်းပသည့်နေ့ ရက် အချိန်】၉း၀၀ မှ ၁၆း၀၀ ( နောက်ဆုံးဝင်ချိန် ၁၅း၃၀ )
【ဝင်ကြေး 】လူကြီး ( အလယ်တန်းကျောင်းသားနှင့်အထက် ) ၅၀၀ ယန်း မှ ၁၅၀၀ ယန်း၊ မူလတန်းကျောင်းသား : တစ်ဝက်ကြေး ၊ မူကြိုကလေး : အခမဲ့※ပွင့်ချိန်အခြေအနေပေါ်မူတည်ပြီး ဝင်ကြေးပြောင်းလဲပါတယ်။
【လမ်းကြောင်း 】JR ခိုးဆိုင်းလိုင်း . ခါစဒိုးဘူတာ မှ အငှားကားဖြင့် ၁၅ မိနစ်၊ တိုးမဲအိခန်းကားလမ်း ( စူဇုခ IC ) မှ ၅ မိနစ်
【ဝက်ဆိုဒ် 】http://www.akatsuka.gr.jp/group/suzuka/

၃ ။ ယူးခိဘုရားကျောင်း

 結城神社
စွတ်မြို့တွင်းမှာ ရှိတဲ့ ယူးခိဘုရားကျောင်းက တစ်နိုင်ငံလုံး သိထားကြတဲ့ တရုတ်ဆီးပင်နာမည်ကြီးနေရာ ကမာကူရခေတ်မှာ ဂိုဒိုင်းဂိုဘုရင်ကိုလိုက်နာပြီး ခမ်းမူခေတ်ရဲ့ ပြုပြင်မွမ်းမံမှုမှာ လုပ်ဆောင်ခဲ့တဲ့ ယူးခိမူနဲဟီရိုကို တည်ထားကိုးကွယ်ပြီး ရှေးတုန်းကတည်းက ဒေသခံမှ သိကျွမ်းရင်းနှီးနေတဲ့ ဘုရားကျောင်းဖြစ်တယ်။
ယူးခိဘုရားကျောင်းက ကံကြမ္မာကို ( ဆက်သွယ်ပေးတယ် ) ဆိုတဲ့ နာမည်နှင့် ဆက်စပ်ပြီး ထိမ်းမြားခြင်းအကျိုးကျေးဇူးတွေ ရရှိတဲ့ ဘုရားကျောင်းအဖြစ်လည်း လူသိများပါတယ်။
 結城神社
ကျောင်းဝင်းတွင်းမှာ တစ်နိုင်ငံလုံးမှာ ဦးဆောင်နေတယ်လို့ ပြောနိုင်တဲ့ အပင်ပေါင်း ၃၀၀ ရှိတဲ့ ရှိဒလဲတရုတ်ဆီးပင်နှင့် အနီရောင်တရုတ်ဆီးပင်၊ အဖြူရောင်တရုတ်ဆီးပင်၊ ရိုးတရုတ်ဆီးပင် စတဲ့ အမျိုးအစား ၁၀ မျိုးရှိတဲ့ အပင် ၈၀ ကျော်စိုက်ပျိုးထားပါတယ်။ ဇန်နဝါရီလကုန်မှ တရုတ်ဆီးပင် ပန်းပွင့်ချိန်က စတင်ပြီး ရှိဒလဲတရုတ်ဆီးပင်က ဖေဖော်ဝါရီလကုန်မှ မတ်လလယ်ထိ ကြည့်ချိန်ကို စတင်ပါတယ်။
 結城神社
ဆန်းပြားတဲ့ တရုတ်ဆီးပင်စင်လည်းရှိပြီး ဖူဂျီနိုပန်းလိုမျိုး ပွင့်နေတဲ့ တရုတ်ဆီးပင်ရဲ့ ပန်းကို ခံစားကြည့်ရှုနိုင်ပါတယ်။
တရုတ်ဆီးပင်ပန်းပွင့်ချိန်မှာ ဘုရားဖူးဧည့်သည်တွေရဲ့ မိသားစုသာယာဝပြောရေးနှင့် ကျန်းမာရေးကို ဆုတောင်းပေးတဲ့ (တရုတ်ဆီးပင်ပန်းပွင့်ပွဲတော် ) ကို ကျင်းပပြီး ၊ ကျောင်းဝင်းတွင်းမှာ စားသောက်တန်းတွေ တန်းစီပြီး လက်ဖက်ဆိုင်တွေမှာ တရုတ်ဆီးပင်ကို ကြည့်ရှုရင်း တရုတ်ဆီးသီးလက်ဖက်ရည်နဲ့ တရုတ်ဆီးသီးမုန့် ကို အရသာမြည်းစမ်းနိုင်ပါတယ်။
【နေရာ 】 မီအဲခရိုင်၊ စွတ်မြို့၊ အိုးအာဇဖူဂျီဟိုး ၂၃၄၁
【အလုပ်ျခိန် 】၉း၀၀ မှ ၁၇း၀၀
【တရုတ်ဆီးပင်ပန်းခြံဝင်ကြေး 】တရုတ်ဆီးပင်ပန်းခြံဝင်ကြေး
【လမ်းကြောင်း】 JR ( စွတ်ဘူတာ ) ခင်းတဲစွတ် ( စွတ်ဘူတာ ) မှ မီအဲဆက်သွယ်ရေးဘတ်စ်ကား ( ယောနဲစွတ်ဖက်သို့  ) ဖြင့် ၁၄ မိနစ်။ ( ယူးခိဘုရားကျောင်း ) ဆင်း
【ဝက်ဆိုဒ် 】https://www.kankomie.or.jp/spot/detail_2924.html
မီအဲခရိုင်ရဲ့ လူကြိုက်များတဲ့ တရုတ်ဆီးပင်နေရာကို မိတ်ဆက်ပေးခဲ့တာဖြစ်တယ်။ မန်းယောရှူးကဗျာမှတ်တမ်းနဲ့ ဟရာခုနင်းအစ်ရှုးမှာ တရုတ်ဆီးပင်ကို ကဗျာစပ်ဆိုတာ များပြီး နာရခေတ်မှာ ပန်းကြည့်မယ်လို့ ပြောရင် ဆာကူရာပန်း မဟုတ်ဘဲ တရုတ်ဆီးပင်ဖြစ်တယ်လို့ ပြောကြပါတယ်။ အေးချမ်းမှုထဲမှာ အေးခဲပြီး ပွင့်နေတဲ့ တရုတ်ဆီးပင်ရဲ့ ပန်းဖြင့် စောစီးဝင်ရောက်လာတဲ့ နွေဦးကို ခံစားကြည့်ကြရအောင် ဘယ်လိုလဲ ။

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်ဆောင်းပါးများစာရင်း

ဒီလအတွင်းလူကြိုက်များဒေသများ

၅~၆လပိုင်းအတွင်းအကြံပြုချက်