၂၀၀၀မီတာအမြင့်ရှိသော တောင်များဆက်တိုက်ဖြစ်နေသော ဟိုကိုင်းဒိုး၏ (အိုအိုယုခိယာမ) များတွင် ခန်းညားထည်ဝါစွာရှိနေသော ပင်လယ်ရေမျက်နှာပြင်မှ ၁၉၈၄ မီတာရှိသော တောင်ကြား။ အိုအိုယုခိယာမထဲတွင်လည်း တောင်တက်ရတာလွယ်ကူသောတောင်အဖြစ် လူသိများကြပါပြီး ပထမဆုံးအကြိမ်တောင်တက်သူများ၊ မိသားစုနှင့်အတူလာရောက်သူများက အထူးသဘောကျကြပါသည်။ လမ်းခုလတ်တွင် ချစ်စရာကောင်းစွာပွင့်နေကြသော တောင်ပေါ် သစ်ပင်ပန်းမန်များနှင့်လည်း ထိတွေ့ ခံစားနိုင်ပါသည်။ တောင်ထိပ်မှ ငေးမောကြည့်ရှု့ နိုင်သော အိုအိုယုခိယာမ၏ နှင်းတောင်ကြားသည် အလွန်လှပပြီး စကားလုံးများပျောက်ဆုံးသည့်အဆင့်အထိ ဖြစ်ပါသည်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
-
-
ဖွင့်ချိန်
-
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.sounkyo.net/
-
အကောင်းဆုံးအချိန်အခါ
ငါးလပိုင်း, ခြောက်လပိုင်း, ခုနှစ်လပိုင်း, ရှစ်လပိုင်း, ကိုးလပိုင်း, ဆယ်လပိုင်း, ဆယ့်တစ်လပိုင်း
-
အဓိကအချက်
အိုအိုယုခိယာမ၏ မိုမိဂျိသည် ဂျပန်တွင် အစောဆုံးဟုဆိုကြပြီး စက်တင်ဘာလဆန်းတွင် စတင်အရောင်ပြောင်းပါသည်။ အိုအိုယုခိယာမတစ်ခုလုံးကို အရောင်အသွေးစုံလင်စွာ တန်ဆာဆင်ပါက ရင်သပ်ရှု့မောလောက်သော အလှဖြစ်ပါသည်။
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
JR (Kamikawaဘူတာ) မှ Dōhokuဘတ်စ်ကို စီးပြီး (Sōunkyō) အထိ ပျမ်းမျှ၃၀ မိနစ်။