စိုင်းမရောဘုရားကျောင်း
- 西明寺
- ရှိဂ ဘီဝခို
ကမာကူရခေတ်မှာ ဆောက်လုပ်ထားတဲ့ ပင်မခန်းမဆောင်နဲ့ သုံးဆင့်မျှော်စင်ဘုရားက သံတစ်ချောင်းတောင် မသုံးဘဲ ဂျပန်ဗိသုကာစစ်စစ်ဖြင့် ဆောက်လုပ်ထားပြီး နိုင်ငံအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ မိုမိဂျိနေရာအဖြစ် သိကြပြီး အပင် ၁၀၀၀လောက်ရှိတဲ့ ဂါအဲဒဲ့မိုမိဂျိက အနီရောင်တောက်နေတဲ့ ပုံစံတွေနဲ့ လွှမ်းမိုးထားပါတယ်။ ပြီးတော့ ဆောင်းဦးမှ နွေဦး ထိ ပွင့်တဲ့ ( ဖူဒန်းဆာကူရာ ) ရှိပြီး မိုမိဂျိနဲ့ ဆာကူရာကို တချိန်တည်းခံစားနိုင်တဲ့ အဖိုးတန်ဘုရားကျောင်းဖြစ်ပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
လူကြီး ၅၀၀ယန်း
လူလတ်ပိုင်း ၃၀၀ ယန်း
ကလေး ၁၀၀ ယန်း
-
ဖွင့်ချိန်
၈း၀၀ မှ ၁၇း၀၀
နိုင်ငံအမွေအနှစ် သုံးဆင့်မျှော်စင်ဘုရားအတွင်း နံရံမျက်နှာပြင် သီးခြားဖွင့်ချိန် ( မိုးရွာချိန် ပိတ်သည် )
နွေဦးရာသီ ဧပြီလ ၈ ရက်မှ မေလ ၈ ရက်
ဆောင်းဦး နိုဝင်ဘာလ ၈ ရက်မှ နိုဝင်ဘာလ ၃၀ ရက်
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
https://en.biwako-visitors.jp/
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
နိတန်းဂိတ်ပေါက် အရှေ့ ညာဘက်မှာ ( ဖူးဖူစုဂိ ) လို့ ခေါ်တဲ့ နှစ် ၁၀၀၀ သက်တမ်းရှိ ထင်းရှူးပင်ရှိပါတယ်။ အရင်က နှစ်ပင်ရှိတဲ့ သစ်ပင်က ချိတ်ဆက်ပြီး တစ်ပင်ဖြစ်သွားတာကြောင့် ကံကောင်းခြင်း၊ ကလေးဆုတောင်းခြင်း၊ ကလေးမီးဖွားလွယ်ခြင်းတွေရဲ့ နတ်သစ်ပင်လို့ သတ်မှတ်ထားကြတယ်။
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
JR Biwako လိုင်း ( Kawase ဘူတာ ) မှ Kayaharaလိုင်း ဘတ်စ်ကား မှာ စီးပြီး ( Kanaya ) ဘတ်စ်ကားမှတ်တိုင်မှာ ဆင်းပြီးနောက် ၂၀ မိနစ် လမ်းလျှောက်
Tōkaidō ကျဉ်ဆန်ရထား ( Yonehara ဘူတာ ) မှ ၃၀ မိနစ်ခန့် 
Ōmi ရထားလမ်း ( Amako ဘူတာ ) မှ ၁၂ မိနစ်ခန့် 