မိမုရိုတိုဘုရားကျောင်း
- 三室戸寺
- ကျိုတို
ရှိခိုခုခန်နွန်း အလေးအမြတ်နေရာက နံပါတ် ၁၀ ဘုရားကျောင်းဖြစ်တယ်။ နွေဦးရဲ့ ပုံနရိတ်ပန်း၊ တောင်ဇလပ်ပန်း၊ နွေအစရဲ့ အာဂျိဆိုင်းပန်း၊ နွေရဲ့ကြာပန်း၊ ဆောင်းဦးရဲ့ မိုမိဂျိလို့ ဆိုတဲ့ လေးရာသီ လှပတဲ့ပန်းတွေရဲ့ဘုရားကျောင်းအဖြစ် နာမည်ကြီးပါတယ်။ ပင်မကျောင်းဆောင်ရှေ့ က ( ယုန်ရုပ် ) က ကျောက်နဲ့ လုပ်ထားပြီး အမြင့် ၁၅၀ စင်တီမီတာ၊အကျယ် ၉၀ စင်တီမီတာ ကြီးပါတယ်။ ယုန်ရုပ်က ပိုက်ထားတဲ့ အကျယ် ၆၀ စင်တီမီတာ ကျောက်စိမ်းထဲမှာ ကြက်ဥပုံကျောက်ရှိပြီး အဲဒါက ရပ်နေပြီး ဆုတောင်းနိုင်ပါတယ်။ ကဲကောင်းခြင်း လာဘ်ရွင်ခြင်း မြွေနတ်ဘုရား ( အူဂဂျင်း )ရဲ့ ပုံသဏ္ဍာန်ကို ထုလုပ်ထားတဲ့ ( ဟာခုဂျ ) လည်း ရှိပါတယ်။ အူဂဂျင်းနတ်ဘုရားကို ပွတ်သပ်ရင် ကံကောင်းခြင်းနဲ့ လာဘ်ရွင်ခြင်းတွေ ရောက်လာနိုင်ပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
-
-
ဖွင့်ချိန်
၈း၃၀ မှ ၁၆း၀၀
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.mimurotoji.com/
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Keihan ရထားလိုင်း Mimurodoဘူတာ မှ ၁၅ မိနစ် လမ်းလျှောက်
Keiji baipasu Uji Nishi IC မှ ၁၀ မိနစ်