ခင်းတိုခိတောင်
- 金時山
- ယာမာနာရှီ
ဟခိုးနဲ ဂိုင်းလင်းတောင်ရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး အမြင့် ၁၂၁၃ မီတာရှိပါတယ်။ အဲဒိုခေတ်ထိ ( အိနိုဟနတောင် ) လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ပိုင်းကာလတွေမှာ အာရှိဂါရတောင်ရဲ့ ခင်းတာရောသူရဲကောင်းလို့ နာမည်ကြီးတဲ့ ဆာခတခင်းတိုခိဒဏ္ဍာရီပုံပြင်ကို ဒီဝန်းကျင်မှာ ဇာတ်လမ်းလုပ်ပြီးတဲ့နောက်မှာ ( ခင်းတိုခိ ) ဆိုတဲ့ နာမည်ကို အသုံးပြုလာခဲ့ပါတယ်။ တောင်ထိပ်မှ ရှုမျှော်ခင်းက မျက်စိတစ်ဆုံးမြင်ရတဲ့ အာရှိနိုရေကန်နဲ့ ဆမ်းဂိုခုလွင်ပြင်ရဲ့ ရှုခင်းနဲ့  ဖူဂျီတောင်ကို အစပြုတဲ့ တန်းဇာဝတောင်တန်းဒေသ၊ တောင်ဘက် အက်စ်တောင်တန်း၊ အိဇုနိုတောင် စတဲ့ ၃၆၀ ဒီဂရီ ပန်နိုရားမားမြင်ကွင်းကျယ်ကို လှည့်ပတ်ကြည့်နိုင်ပါတယ်။ တောင်တတ်ခရီးစဉ်က အာရှိဂါရတောင်ကြားမှ အာရှိနိုရဲတိုက်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ အိနိုဟနခံတပ်ကို ဖြတ်သန်းသွားတဲ့ ခရီးစဉ်ဖြစ်တယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
-
-
ဖွင့်ချိန်
-
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://shizuoka-guide.com/english/inde...
-
အကောင်းဆုံးအချိန်အခါ
လေးလပိုင်း, ငါးလပိုင်း, ခြောက်လပိုင်း, ခုနှစ်လပိုင်း, ရှစ်လပိုင်း, ကိုးလပိုင်း, ဆယ်လပိုင်း, ဆယ့်တစ်လပိုင်း
-
အဓိကအချက်
ဖူဂျီတောင်နဲ့ အာရှိနိုရေကန်ကို လှမ်းမြင်နိုင်တဲ့ တောင်ဖြစ်တယ်။
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
JR Ashigara ဘူတာ မှ ကားဖြင့် ၃၀ မိနစ်ခန့် 
Tōmei အဝေးပြေးလမ်း Gotenba IC မှ ၃၅ မိနစ်ခန့် 