အရှေ့ အနောက် ၁၈ ကီလိုမီတာ ၊ တောင်မြောက် ၂၅ ကီလိုမီတာ၊ တစ်ပတ်လည် ၁၀၀ ကီလိုမီတာခန့် ရှိတဲ့ ကမ္ဘာ့အကြီးဆုံးလို့ ဝင့်ကြွားနေတဲ့ အာဆိုချိုင့်ဝှမ်းအတွင်းမှာ ယခုလက်ရှိလည်း မီးခိုးငွေ့ တွေ ထွက်နေတဲ့ မီးတောင်ရှင်ရှိတယ်။ တိုးယာမဘတ်စ်ကားရဲ့ နောက်ဆုံးမှတ်တိုင်မှ ကောင်းကင်လိုင်း ထွက်ပြီး အနိမ့်မြင့် ၁၀၈ မီတာကို လိုအပ်ချိန် ၄ မိနစ်ဖြင့် ချိတ်ဆက်ထားတယ်။ ကမ္ဘာမှာ ပထမဆုံး မီးတောင်ရှင်မှာ ချိတ်ဆက်ထားတဲ့ကောင်းကင်လိုင်းဖြစ်တာကြောင့် သွားနေချိန်တွင်း မီးတောင်ဝကို အနီးမှ မြင်နိုင်ပါတယ်။ ※ ဒြါ့ပင် လက်ရှိမှာ မီးတောင်လှုပ်ရှားမှုက ဆက်ဖြစ်နေတာကြောင့် မီးတောင်ဝနား သွားတာကို တားမြစ်ထားပါတယ်။ သဘာဝတိုင်း လှိုင်းထနေတဲ့ မြက်ခင်းပြင်အလှနဲ့ အခိုးထွက်နေတဲ့မီးတောင်ရဲ့ ဆွဲဆောင်အားရှိတဲ့ပုံသဏ္ဍာန်ကို စိတ်ချရတဲ့နေရာကနေ လည်ပတ်ကြရအောင်။ ※အရှေ့ဘက် မီးတောင်ကြည့်နေရာသို့ လမ်းကြောင်း ( ရှိဒိုးဆမ်းစုအိခိုင်းလိုင်း )က ခူမမိုတိုငလျှင်ဒဏ်ကြောင့် ပျက်စီးသွားပြီး အစိုးရအာဆိုဆဲအိချောနန်းနိုခဝင်ပေါက်မှ ဆမ်းစုအိခိုင်း အကြားအကုန် အသွားအလာပိတ်ထားပါတယ်။ ( ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် ယခု )
-
နေရပ်လိပ်စာ
-
ဝင်ကြေး
-
-
ဖွင့်ချိန်
ကောင်းကင်လိုင်းဖွင့်ချိန်
မတ်လ ၂၀ ရက် မှ အောက်တိုဘာလ ၃၁ရက် ၈း၃၀ မှ ၁၈း၀၀
နိုဝင်ဘာလ ၁ရက် မှ နိုဝင်ဘာလ ၃၀ရက် ၈း၃၀ မှ ၁၇း၀၀
ဒီဇင်ဘာလ ၁ရက် မှ မတ်လ ၁၈ ရက် ၉း၀၀ မှ ၁၇း၀၀
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.asocity-kanko.jp/ja/top/
-
အကောင်းဆုံးအချိန်အခါ
ကိုးလပိုင်း, ဆယ်လပိုင်း, ဆယ့်တစ်လပိုင်း
-
အဓိကအချက်
စက်တင်ဘာလကုန်မှ နိုဝင်ဘာလအစက လှပတဲ့ မိုမိဂျိနဲ့ စုစုခိမြက်ခင်းပြင်ကြီးကို မြင်နိုင်ပါတယ်။ ညအိပ်ခရီးနေရာနဲ့ မြင်းစီးကွင်း ၊ ပြတိုက်တွေက အနီးနားမှာ ရှိပါတယ်။ မီးတောင် အနီးမှာ ရေပူစမ်းအများကြီးရှိတာက ပျော်စရာကောင်းတာထဲက တစ်ခုပါ။
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Shū-san Basu Aso kakō( Aso ဘူတာ ) မှ စီးပြီး (Asoyamanichi ဘူတာ ) ဆင်း ( ၃၅မိနစ်ခန့် )
Kyūshūsankōbus kyūshūōdan ဘတ်စ်ကား ( kumamotoဘူတာ ) မှ စီးပြီး (asoဘူတာ ) ဆင်း ( ကြိုတင်စနစ် ၁၀၀ မိနစ်ခန့်  )
( aso ဘူတာ ) မှ ( asonichiဘူတာ ) ထိ အငှားကားဖြင့် ၄၀ မိနစ်ခန့် 