စမ်းခရော့စွန်းမျှော်စင်
- 散居村展望台
- တိုးယာမ၊ကူရိုဘဲ၊တာတဲရာမ
တိုနမိကွင်းပြင်က စမ်းခရောရွာကို လှမ်းမြင်နိုင်တဲ့ အထင်ကရနေရာဖြစ်တယ်။ ခိုင်းနရောလို့ ခေါ်တဲ့ သစ်ပင်ခြံဝင်းနဲ့ ပတ်ထားတဲ့ လယ်အိမ်လေးတွေက ၅၀ မှ ၁၀၀ မီတာလောက် ကွာပြီး ဟိုတစု ဒီတစုရှိနေပါတယ်။ ထွန်ယက်စိုက်ပျိုးခြင်း ၊ မီးဘေးကာကွယ်ခြင်းမှာ အဆင်ပြေမှုရှိတဲ့ ကမ္ဘာ့အထူးဆန်းဆုံးရှုခင်းဖြစ်တယ်။ နေ့ လည်ရဲ့အလှပက ပြောစရာမလိုအောင်လှပြီး နေဝင်ဆည်းဆာချိန်က လယ်ကွင်းရေမျက်နှာပြင်ကို အနီတိမ်တောက်ရောင်တွေ ထင်ဟပ်နေပါတယ်။ ပြီးတော့ လေးရာသီတိုင်းမှာ ရှုခင်းက ပြောင်းလဲပြီး လယ်ကွင်းမှာ ရေတွေ ပြန့် လာတဲ့အချိန်ဆိုရင် လရောင်က ညင်ညင်သာသာလေး လယ်ကွင်းပြင်မှာ လင်းနေပါတယ်။ ဒိပြင် အဝေးမှာက တိုးယာမပင်လယ်အော်၊ ဂျပန်ပင်လယ်တွေကို လှမ်းမြင်ရပါတယ်။ ဆောင်းဦးမှာ အနီးဝန်းကျင်နဲ့ နှင်းလျှောစီးကွင်းမှာ ခိုစုမိုစုပန်းတွေ ပွင်နေကြပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
-
-
ဖွင့်ချိန်
-
-
ပိတ်ရက်
ဒီဇင်ဘာလ မှ မတ်လက နှင်းထူထပ်တဲ့အတွက် ခရိုင်လမ်းက ဆောင်းတွင်းမှာပိတ်ပါတယ်။
-
ဝက်ဘ်ဆိုက်
-
-
အကောင်းဆုံးအချိန်အခါ
ငါးလပိုင်း, ခြောက်လပိုင်း
-
အဓိကအချက်
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Hokuriku ကားလမ်း Tonami IC မှ ၂၀ မိနစ်
JR Tonami ဘူတာ မှ ကားဖြင့် ၂၀ မိနစ်