ယောရှိမိနဲဘုရားကျောင်း
- 善峯寺
- ကျိုတို
၁၀၂၉ ခုနှစ်မှာ ဂန်းစမ်းအကြီးအကဲက တည်ဆောက်ခဲ့ပါတယ်။ ရှိခိုခု ၃၃ နေရာမှာ နံပါတ် ၂၀ ဘုရားကျောင်းအဖြစ် ဘုရားဖူးဧည့်သည်များလာရောက်လည်ပတ်ကြပါတယ်။ နိချိတောင်ရဲ့ အလယ်ပိုင်းမှာ တည်ရှိပြီး ကျိုတိုမြို့တွင်းကို လှမ်းမျော်ကြည့်နိုင်တဲ့ ကျောင်းဝင်းအတွင်းမှ မြင်တွေ့ ရတာက လှပတဲ့ ရှုခင်းပါ။ ကျောင်းဝင်းက ၃ သောင်းစတုရန်းမီတာကျယ်ပြန့် ပြီး သက်တမ်း နှစ်ပေါင်း ၃၀၀ ကျော်ရှိတဲ့ ရှိဒလဲဆာကူရာပင်ကြီးများကို အစပြုပြီး ယာမဆာကူရာနဲ့ စိုးမဲအိယောရှိနိုဆာကူရာ၊ အာဂျိဆိုင်းပန်း၊ မိုမိဂျိပင်တွေနဲ့  အမျိုးပေါင်း များစွာသော ပန်းပင်တွေ ရှိပြီး လေးရာသီတိုင်းကို ပန်းရောင်တွေ ချယ်မှုန်းထားတာကို ခံစားကြည့်ရှုနိုင်ပါတယ်။ ပြီးတော့ အမြင့် ၂ မီတာ အရှည် ၃၇ မီတာကျော်တဲ့ လမ်းကြောင်းရှည်လျှားပြီး နဂါးပုံသဏ္ဍာန်ဖြစ်နေတဲ့ ( နဂါးထင်းရှူးပင် ) က သဘာဝကပေးတဲ့ လက်ဆောင်အဖြစ် ရှိနေပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
-
-
ဖွင့်ချိန်
-
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.yoshiminedera.com/index.html
-
အကောင်းဆုံးအချိန်အခါ
လေးလပိုင်း, ခြောက်လပိုင်း, ခုနှစ်လပိုင်း, ဆယ့်တစ်လပိုင်း, ဆယ့်နှစ်လပိုင်း
-
အဓိကအချက်
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Kyōtojūkan ကားလမ်း Ōharano IC မှ ၁၅ မိနစ်ခန့် 
JR Mukōmachi ဘူတာ မှ ဘတ်စ်ကားဖြင့် ၃၀ မိနစ် ၊ Yoshimine ဘုရားကျောင်း ဆင်းပြီးနောက် ၈ မိနစ် လမ်းလျှောက်