ခဲဟိဘုရားကျောင်း
- 氣比神宮
- ဖုခုအိ
နှစ်ပေါင်း၁၃၀၀ကျော် သမိုင်းအစဉ်အလာရှိခဲ့ပါတယ်။ ၁၆၄၅ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ အမြင့် ၁၁ မီတာရှိတဲ့ အိုးတိုရိအိဂိတ်ပေါက်က နာရခရိုင်ရဲ့ ခါစုဂဘုရားကျောင်း၊ ဟီရိုရှီးမားခရိုင်ရဲ့ အီစွတ်ခုရှိမဘုရားကျောင်းတွေနဲ့ အတူ ဂျပန်နိုင်ငံရဲ့ သစ်ဖြင့်ပြုလုပ်သောအကြီးဆုံး အိုတိုရိအိဂိတ်ပေါက် ၃ ခု မှာ တစ်ခုဖြစ်ပြီး နိုင်ငံ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပါတယ်။ မာစွတ်အိုဘရှောသူတော်စင်လည်း ( အိုခူနိုဟိုစိုခရီးစဉ် ) ရဲ့ လမ်းတထောက်နားခဲ့တဲ့နေရာဖြစ်ပြီး ကျောင်းဝင်းတွင်းမှာလည်း ဘရှောသူတော်စင်ရဲ့ ရုပ်ပုံနဲ့ ကျောက်တိုင်ကို တွေ့ နိုင်ပါတယ်။ ကျောင်းတွင်းမှာ စမ့်ထွက်နေတဲ့ သန့် စင်တဲ့ရေ ( သက်တော်ရှည်ရေ ) က အနာရောဂါကင်းရှင်းစေတယ်လို့ ပြောကြပါတယ်။ စွမ်းအင်ရှိတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။