အာရိတာ ကြွေထည်ပန်းခြံ
- 有田ポーセリンパーク
- ဆဂ
အာရိတာကြွေထည်ကို အဓိကထားပြီး ကြီးမားကျယ်ပြန့် တဲ့ ကြွေထည်ဥယျာဉ်ဖြစ်ပြီး ဂျာမနီနိုင်ငံ ဒရီဒန်မြို့မှာရှိတဲ့ ဇဝင်ဂါနန်းတော်ကို ပုံစံယူပြီး ပြခန်းတည်ဆောက်ခဲ့တဲ့ အကြီးမားဆုံးကြည့်စရာနေရာဖြစ်တယ်။ နန်းတော်အတွင်းက ညာဘက်ခြမ်းမှာ ကမ္ဘာ့ရှားပါးကြွေထည်ပစ္စည်းတွေ ခင်းကျင်းပြသထားပြီး ၁၈၇၀ ခုနှစ် ဗီယင်နာကုန်စည်ပြပွဲမှာ ခင်းကျင်ပြသထားတဲ့ ၁၈၂ မီတာရှိတဲ့ ပန်းအိုးကြီးက ကြည့်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်းမှာ အငှားခန်းမဖြစ်ပြီး မင်္ဂလာပွဲတွေမှာ အသုံးပြုကြပါတယ်။ ဒိအပြင် ပန်းချီပုံဖော်ခြင်းနဲ့ လက်ဖြင့်ပုံဖော်ခြင်း စတဲ့ အိုးပုံဖော်တဲ့ လက်တွေ့ လုပ်ငန်းတွေကို လုပ်ကြည့်နိုင်တဲ့ ( ကြွေထည်အလုပ်ရုံ ) နဲ့ အခေါင်းပေါက်ရှည်ရှေးအိုးဖုတ်ဖိုကို ပြန်လည်ပြသထားတဲ့ ( အိုးဖုတ်မီးဖို ) ၊ ရိုးရာအရက်ချက်လုပ်ငန်း အာရိတာအရက်ချက်လုပ်သန်းကို လေ့လာခြင်းတွေ ရှိပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
အခမဲ့ ဝင်ရောက်နိုင်သည်။
-
ဖွင့်ချိန်
နှစ်စဉ် ၉း၀၀ မှ ၂၁း၀၀ * အသုံးအဆောင်ပေါ်မူတည်ပြီး ကွဲပြားသည်။
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.nonnoko.com/app/
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Nishikyūshū ကားလမ်း Hasami Arita IC မှ ၃ မိနစ်ခန့် 
JR ၊ Matsuura လျှပ်စစ်ရထား Arita ဘူတာ မှ ကားဖြင့် ၈ မိနစ်ခန့် ၊