ဆဲအိမဲအိဘုရားကျောင်း
- 晴明神社
- ကျိုတို
အကြားအမြင်ဆရာအဖြစ် နာမည်ကြီးတဲ့ အာဘဲနိုဆဲအိမဲအိခိုးကို ကိုးကွယ်ပါတယ်။ ဆဲအိမဲအိခိုးကျောင်းဆောင်ရဲ့ မြေနေရာဖြစ်တဲ့နေရာမှာ ရှိပြီး ၁၀၀၇ ခုနှစ် အိချိဂျောဘုရင်က အဲဒီအကျိုးကျေးဇူးတွေကို အမှတ်တရတည်ထားကိုးကွယ်ခဲ့တယ်လို့ ပြောကြပါတယ်။ ကျောင်းဝင်းတွင်းမှာ ပြင်းထန်တဲ့ရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ ဆဲအိမဲအိရေတွေ စမ့်ထွက်နေတဲ့ ( ဆဲအိမဲအိရေတွင်း ) နဲ့  ဆဲအိမဲအိခိုးက တံတားအောက်မှာ နတ်အမှတ်အသားမြှုပ်နှံထားတယ်ဆိုတဲ့ ( ခရူးအိချိဂျောမိုဒိုရုတံတား ) ကို ပြန်လည်ပြုပြင်ထားတာကို တွေ့ နိုင်ပါတယ်။ ပြီးတော့ အွန်းမရောလမ်းမှာ ရှိတဲ့ ဘေးကင်းအဆောင်အဖြစ်ပေးထားတဲ့ ငါးထောင့်ကြယ်ပွင့်က တူညီတဲ့ ဘုရားကျောင်းအမှတ်အသားအဖြစ် ပင်မကျောင်းဆောင်နဲ့ တိုရိအိဂိတ်ပေါက်မှာ တပ်ဆင်ထားပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
အခမဲ့ ဖူးမျှော်နိင်သည်။
-
ဖွင့်ချိန်
တစ်နှစ်ပတ်လုံး ၉း၀၀ မှ ၁၈း၀၀ * နှစ်သစ်မှာ ၀၀း၀၀ ဂိတ်ဖွင့်သည်။
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.seimeijinja.jp/
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Meishin အဝေးပြေးကားလမ်း Kyōto Minami IC မှ ၂၀ မိနစ်ခန့် 
JR Kinkinihon ရထားလမ်း . Shieiမြေအောက်ရထား Kyōto ဘူတာ မှ ဘတ်စ်ကားဖြင့် ၃၀ မိနစ်ခန့် ၊ အိချိဂျောမိုတိုဟချိ ဆဲအိမဲအိဘုရားကျောင်းရှေ့ ဆင်းပြီး ၂ မိနစ် လမ်းလျှောက်