မီစွတ်မီနဲဘုရားကျောင်း
- 三峯神社
- စိုင်းတမ
ချိချိဘုမြို့ရဲ့ ဘုရားကျောင်း ၃ ကျောင်းမှ ၁ ကျောင်းပြီးတဲ့ မိစွတ်မီနဲဘုရားကျောင်းဖြစ်ပါတယ်။ ဘုရားကျောင်းလမ်းဝင်ပေါက်မှာ တစ်နိုင်ငံလုံးမှာ အထူးဆန်းဆုံးဖြစ်တဲ့ အကြီးနဲ့ အသေး ၃ ခု တိုရိအိဂိတ်ပေါက်ကို ရောစပ်ထားတဲ့ မီစွတ်တိုရိအိဂိတ်ပေါက်ကို တည်ဆောက်ထားပါတယ်။ ခန်းတိုးဒေသရဲ့ နာမည်ကြီး စွမ်းအားကြီးနေရာအဖြစ်သိကြတဲ့ မိစွတ်မီနဲဘုရားကျောင်းဖြစ်ပေမယ့် အထူးသဖြင့် အမျိုးသမီးဘုရားဖူးတွေ လာလည်ကြတာက စွတ်ခါအိနတ်ရဲ့ ကျောင်းဆောင်ဖြစ်တဲ့ ယာယီခန်းမဘေးမှာ ရပ်တည်နေတဲ့ ထိမ်းမြားလက်ထက်ခြင်းသစ်ပင်ဖြစ်ပါတယ်။ မိုမိထင်းရှူးပင်နဲ့ ဟိနိုခိထင်းရှူးပင်က အနီးကပ်ရပ်တည်နေပြီး ကိုယ်တိုင်နဲ့ ချစ်တဲ့သူရဲ့ နာမည်ကို ရေးသားထားပြီး လက်ထပ်ထိမ်းမြားဖို့ ဆုတောင်းကြပါတယ်။ ကြီးမားကျယ်ပြန့် တဲ့ ကျောင်းဝင်းအတွင်းမှ မျှော်ဖူးဆောင်ကလည်း ဝင်လည်ရမယ့် နေရာတစ်ခုဖြစ်တယ်။ မရောဟိုးတောင်ထိပ်မှာ ရှိတဲ့ အတွင်းဆောင်ကို လှမ်းမျှော်ဖူးတဲ့ နေရာဖြစ်ပြီး ခူမိုတိုရိတောင် ၊ ရှီရအီဝတောင်၊ မရောဟိုတောင် ၃တောင်ကို လှမ်းကြည့်နိုင်တဲ့ နေရာဖြစ်တယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
အခမဲ့ဖူးမျှော်နိုင်သည်။
-
ဖွင့်ချိန်
တစ်နှစ်ပတ်လုံး ၇း၀၀ မှ ၁၇း၀၀
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.mitsuminejinja.or.jp/
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
-
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Kan'etsu ကားလမ်း Hanazono IC မှ ၂ နာရီ
Seibu ရထားလမ်း Seibuchichibu ဘူတာ မှ ဘတ်စ်ကားဖြင့် ၁ နာရီ ၁၅ မိနစ်ခန့် ၊ Mitsumine ဘုရားကျောင်း ဆင်းပြီး ၁၀ မိနစ်ခန့်  လမ်းလျှောက်