မားသားစားကျက်ကွင်းပြင်
- マザー牧場
- ချိဘ
ကျယ်ပြန့် တဲ့ မြေနေရာတွင်းမှာ နွားနဲ့ သိုး၊ အာပါကာသိုး စတဲ့ များစွာသော တိရိစ္ဆာန်တွေ ရှိပြီး နွားနို့ လက်တွေ့ ညှစ်ခြင်းအတွေ့ အကြုံနဲ့ မြင်းစီးခြင်းအတွေ့ အကြုံတွေ စတဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့ နိုင်မယ့် အခမ်းအနားပွဲတွေ ကျင်းပပါတယ်။ လေးရာသီတိုင်းမှာ လှပတဲ့ပန်းတွေ ပွင့်ကြပြီး ပန်းကောက်တာနဲ့ အရသာစမ်းကြည့်တာတွေကို ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီး သိုးသားကင်ဟင်းလျှာနဲ့ နို့ ရေခဲမုန့် စတဲ့ အစားအသောက်ကောင်းတွေလည်း ပြည့်နှက်နေပါတယ်။ စိတ်ကြိုက်ရနိုင်တဲ့ နွားနို့ နဲ့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတွေက လက်ဆောင်အတွက် အကောင်းဆုံးပစ္စည်းတွေ ဖြစ်တယ်။ ချားရဟပ်ဘီးကြီးနဲ့ ဘန်းဂျိအမြင့်ခုန်ခြင်း၊ ကျေးလက်အိမ်နဲ့ ရွက်ဖျင်တဲစခန်းချနေရာတွေလည်း တွဲဆက်ဆောက်လုပ်ထားတာကြောင့် တည်းခိုပြီး အေးအေးဆေးဆေး ကွင်းပြင်အတွင်းကို လျှောက်လည်နိုင်ပြီး မိသားစုနဲ့ အတူလာသူတွေအတွက် အကောင်းဆုံးဖြစ်တယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
အတူလိုက်ပေးတဲ့ ခွေးက တစ်ကောင် ၆၀၀ ယန်း
-
ဖွင့်ချိန်
တစ်နှစ်ပတ်လုံး ၉း၃၀ မှ ၁၆း၃၀ ( စနေ၊ တနင်္ဂနွေ ၉း၀၀ မှ ၁၇း၀၀ ) ဒီဇင်ဘာလ မှ ဇန်နဝါရီလ ၁၀း၀၀ မှ ၁၆း၀၀ ( စနေ၊ တနင်္ဂနွေ ၉း၃၀ မှ ၁၆း၀၀ )
-
ပိတ်ရက်
ခါမဲယာမ ယာစုရဂိခန်းမဆောင်က အပတ်စဉ် ဗုဒ္ဓဟူးနေ့ 
-
ဝက်ဘ်ဆိုက်
http://www.motherfarm.co.jp.e.acb.hp.t...
-
အကောင်းဆုံးအချိန်အခါ
နှစ်လပိုင်း, သုံးလပိုင်း, လေးလပိုင်း, ငါးလပိုင်း, ခြောက်လပိုင်း, ခုနှစ်လပိုင်း, ရှစ်လပိုင်း, ကိုးလပိုင်း, ဆယ်လပိုင်း, ဆယ့်တစ်လပိုင်း
-
အဓိကအချက်
-
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Tateyama ကားလမ်း Kisaradzu minami IC မှ ၃၀ မိနစ်ခန့် 
JR Sanukimachi ဘူတာ မှ ဘတ်စ်ကားဖြင့် ၂၀ မိနစ်ခန့် ၊ Mazā စာကျက်ကွင်းပြင် ဆင်းပြီး လမ်းလျှောက်ချက်ချင်းရောက်သည်။