အဲနိုရှိမဘုရားကျောင်း
- 江島神社
- ကာမာကူရ
ဂျပန်နိုင်ငံရဲ့ ဘန်းစိုင်းတန်းနတ်ဘုရားကို ကိုးကွယ်တဲ့ ဘုရားကျောင်း ၃ ကျောင်းထဲမှ တစ်ကျောင်းဖြစ်ပြီး အဲနိုကျွန်းအတွင်းမှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်းဖြစ်တယ်။ အဲနိုရှိမဘုရားကျောင်းရဲ့ သမိုင်းကြာင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၅၂ ခုနှစ်မှ စတင်ခဲ့ပါတယ်။ တည်ထားကိုးကွယ်တဲ့ နတ်ဘုရားက ညီအစ်မသုံးဖော်နတ်ဖြစ်ပြီး အိုခုစွတ်ကျောင်းဆောင်၊ နာခစွတ်ကျောင်းဆောင်၊ ဟန်းစွတ်ကျောင်းဆောင် သုံးကျောင်းမှာ အသီးသီးတည်ထားကိုးကွယ်တယ်။ ကမာကူရခေတ်မှာ စစ်နတ်ဘုရားအဖြစ် ကိုးကွယ်ခဲ့ကြပေမယ့် အဲဒိုခေတ်ရဲ့ အေးချမ်းတည်ငြိမ်တဲ့ လောကအတိုင်း အနုပညာ၊ ဂီတ၊ အသိဥာဏ်ပညာနတ်ဘုရားအဖြစ် သက်ဝင်ယုံကြည်ခဲ့ကြပါတယ်။ လက်ရှိခေတ်မှာလည်း ပင်လယ်နဲ့ ရေနတ်ဘုရား၊ ပျော်ရွှင်မှုနဲ့ ကျောက်မြတ်ရတနာနတ်ဘုရား၊ အနုပညာလမ်းကြောင်းတိုးတတ်မှုနတ်ဘုရားအဖြစ် ယုံကြည်ကြပြီး လူများစွာက ဖူးမျှော်ဖို့ လာရောက်ကြပါတယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
အခမဲ့ဖူးမျှော်နိုင်သည်( ဘန်းတန်းကျောင်းဆောင်က လူကြီး ၁၅၀ ယန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသား ၁၀၀ ယန်း၊ မူလတန်းကျောင်းသား ၅၀ ယန်း )
-
ဖွင့်ချိန်
လွတ်လပ်စွာဖူးမျှော်နိုင်သည်။
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://enoshimajinja.or.jp/
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
-
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Yokohamashin လမ်း Totsuka လမ်းဖြတ်သန်းခကောက်ခံဌာန မှ ၃၀ မိနစ်ခန့် 
Oda အမြန်ရထားလမ်း Katase enoshima ဘူတာ မှ ၁၅ မိနစ်ခန့်  လမ်းလျှောက်၊