လူးရန်းခေါင်းလောင်း
- 龍恋の鐘
- ကာမာကူရ
အဲနိုကျွန်းရဲ့ တာစွတ်နိုတောင်ကုန်း သဘာဝသစ်တောချစ်သူတောင်ကုန်းတစ်နေရာမှာ ရှိပြီး နံပါတ်နှစ် လှိုဏ်ဂူမှာ တည်ရှိတဲ့ ကုန်းမြင့်ဖြစ်တယ်။ ဆာဂမိပင်လယ်အော်ကို လှမ်းမြင်ရတဲ့ လှပတဲ့ရှုခင်းဖြင့် နာမည်ကြီးပါတယ်။ ( နတ်သမီးနဲ့ ခေါင်း၅လုံးနဂါး ) ရဲ့ ဒဏ္ဍာရီရှိတဲ့နေရာအဖြစ်လည်း လူသိများပါတယ်။ ရှေးရှေးတုန်းက ပင်လယ်မှာနေထိုင်တဲ့ခေါင်း၅လုံးရှိပြီး ဆိုးသွမ်းတဲ့ နဂါးက ကျွန်းမှာပေါ်ထွက်လာတဲ့ နတ်သမီးကို ချစ်ကြိုက်ပြီး စိတ်တွေ ပြောင်းလဲပြီးတဲ့နောက်ဆုံးမှာ လက်ထပ်လိုက်ကြတယ်ဆိုတဲ့ပုံပြင်ပါ။ ဒီပုံပြင်အရ ဒီနေရာမှာ ခေါင်းလောင်းတီးတဲ့ ချစ်သူစုံတွဲတွေက လုံးဝအကွဲကွာဘူးလို့ ပြောကြတယ်။ ပြီးတော့ နဂါးကို ဝန်းခတ်ထားတဲ့ ခြံစည်းရိုးမှာ ( လူနှစ်ယောက်ရဲ့အချစ်ကို သော့ခတ်ထာါးတယ် ) ဆိုတဲ့ အဓိပ္ပါယ်ယူပြီး လူနှစ်ယောက်ရဲ့နာမည်ရေးထားတဲ့ သော့ခလောက်တွေဖြင့် ပြည့်နေပါတယ်။ သော့ခလောက်က အနီးက ဆိုင်မှာရောင်းချပြီး လက်မှတ်ထိုးဖို့ ဘော့ပင်ငှားပြီး လူနှစ်ယောက်ရဲ့နာမည်ကို ရေးထိုးနိင်တယ်။
-
နေရပ်လိပ်စာ
-
ဝင်ကြေး
အခမဲ့ လေ့လာနိုင်သည်
-
ဖွင့်ချိန်
လည်ပတ်ချိန်က နေဝင်ချိန်ထိ
-
ပိတ်ရက်
-
-
ဝက်ဘ်ဆိုက်
http://www.fujisawa-kanko.jp.e.mz.hp.t...
-
အကောင်းဆုံးအချိန်အခါ
တစ်နှစ်ပတ်လုံး
-
အဓိကအချက်
-
-
အနီးဆုံးဘူတာရုံ၊IC မှလမ်းကြောင်းရှာမည်။
Tōmei အဝေးပြေးကားလမ်း Atsugi IC မှ ၁နာရီခန့် ၊ ၃၅ မိနစ်ခန့်  လမ်းလျှောက်
Oda အမြန်ရထားလမ်း Katase enoshima ဘူတာ မှ ၃၅ မိနစ်ခန့်  လမ်းလျှောက်၊